၁။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် (၂၂၄) သင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ အမြဲတမ်းအတွင်းဝန် / တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၁၄၈)ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ်က အောက်ပါ အချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်-
- ဤသင်တန်းတွင် သင်တန်းသား သင်တန်းသူများအား ဆရာဗဟိုပြုလေ့လာသင်ကြား ခြင်း (One way communication) ထက် ကျောင်းသားဗဟိုပြုလေ့လာသင်ကြားခြင်း (Two way communication) ဖြင့် အပြန်အလှန် ဆွေးနွေးလေ့လာပြီး (Critical thinking) များ တိုးတက်လာစေရန် ကြိုးစားစေလိုကြောင်း
- အစိုးရသစ်လက်ထက်တွင် ဥပဒေအသစ်များ ပြင်ဆင်နေသည့်အလျောက် ပြောင်းလဲ နေသော ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကိုလည်း အမြဲတစေ လေ့လာ နေရန် လိုအပ်ကြောင်း
- ဝန်ထမ်းများအရည်အသွေး တိုးတက်စေရန် သင်တန်းများစေလွှတ်ရပြီး သင်တန်းပြီးစီး ၍ ဌာနသို့ ပြန်ရောက်သည့်အခါတွင်လည်း သင်တန်းမတက်ခင်ကာလထက် လုပ်ငန်း တာဝန်များကို တိတိကျကျ ပိုမိုဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း
- သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းမှ ပို့ချခဲ့သည့် ဘာသာရပ်များမှ ရရှိသည့် ဗဟုသုတများကိုလည်း မိမိတို့ လုပ်ငန်းခွင်၌ ထိရောက်စွာ အသုံးချစေလို ကြောင်း
- ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည် ဖြစ်သောကြောင့် ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများ အတိုင်း နေထိုင်သွားရန် လိုအပ်ကြောင်း
- ဘုရားရှင်ဟောကြားခဲ့သည့် အချက်(၃)ချက်ဖြစ်သော မကောင်းတာမလုပ်ရန်၊ ကောင်းတာလုပ်ရန်၊ မိမိ၏ စိတ်နှလုံးကို ဖြူစင်စွာထားပြီး လောကအကျိုး၊ နိုင်ငံအကျိုး၊ အားလုံးအကျိုးအတွက် အူမတောင့်သည်ဖြစ်စေ၊ မတောင့်သည်ဖြစ်စေ ကိုယ်ကျင့် တရားကို အစွန်းထင်းမခံဘဲ တာဝန်ဝတ္တရား ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း
- နိဂုံးချုပ်အနေဖြင့် မကြာမီတွင် စာမေးပွဲဖြေဆိုတော့မည်ဖြစ်သည့်အတွက် ရိုးရိုး သားသား ကြိုးကြိုးစားစားနှင့် ဖြေဆိုကြပြီး နိုင်ငံ့အကျိုးအတွက် စွမ်းစွမ်းတမံ အလုပ်အကျွေးပြုနိုင်သော နိုင်ငံဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း။
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
