ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် European Union (EU) မှ Senior Development Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။     ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် European Union (EU) မှ Senior Development Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ၊ နေ့လယ် ၂:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

၂။     ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဗြိတိန်နိုင်ငံစာရင်းစစ် ချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မည့် Twinning Project နှင့်စပ်လျဉ်း၍ ဤရုံးနှင့် တွေ့ဆုံညှှိနှိုင်းဆွေးနွေးထားချက်အပေါ် အခြေခံသည့် အဆိုပြု နယ်ပယ် (၆) ရပ်နှင့် ဦးစားပေးဆောင်ရွက်မည့် နယ်ပယ်များ၊ အခြား Development Partner များနှင့် ဆောင်ရွက်နေမှု အခြေအနေများ၊ EU မှ ပံ့ပိုးကူညီမည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

 

၃။     အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဤရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။