၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ICAEW မှ Head of International Capacity Building ဖြစ်သူ Dr. Mark Campbell ဦးဆောင်သော အဖွဲ့အား ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် Quality Assurance for Audit Roadmap for Myanmar နှင့်စပ်လျဉ်း၍ Quality Assurance for Audit လိုအပ်မှု၊ နိင်ငံတကာတွင် ဆောင်ရွက်နေသည့် စနစ်များ၊ အကြံပြုချက်များနှင့် မြန်မာနိုင်ငံ၏စာရင်းပညာရပ်နယ်ပယ်ကို ပိုမိုအားကောင်းလာ စေရန် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင်များ အသင်းမှ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
