၁။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ ) ရက် နံနက် ၀၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) ၊ ညွှန်ကြားရေးမှူးများ ၊ ဒုတိယညွှန်ကြားရေးမှူးများ ၊ ကထိကများနှင့် သင်တန်းသား / သင်တန်းသူ (၃၂၉ ) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း မှ အောက်ပါအချက်များကို မှာကြားခဲ့ပါသည်-
- နေပြည်တော်ရှိ သင်တန်းသားများသည် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် မလို၍ အထူး အခွင့်အရေးကောင်း ဖြစ်ကြောင်း၊
- ရရှိသော အခွင့်အရေးကို တန်ဖိုးထားပြီး စာမေးပွဲအောင်မြင်ရန် အထူးကြိုးစား ရမည် ဖြစ်ကြောင်း၊
- CPA များသည် စာရင်းပညာရပ်ဆိုင်ရာ Professional Accountant များဖြစ်၍၊ DA များသည် စာရင်းပညာရပ်ဆိုင်ရာTechnician များဖြစ်ကြောင်း၊
- စီးပွားရေးလောကတွင် Technician နှင့် Professional များ ပေါင်းစပ် အလုပ်လုပ်ကြရန် အလွန်အရေးကြီးကြောင်း၊
- DA များသည် Technician များဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုနိုင်မည့်သူများ ဖြစ်ကြောင်း၊
- CPA သင်တန်းသည် သာမန်အားဖြင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီး အောင်မြင်မှသာ သင်တန်း တက်ရောက်ခွင့် ရရှိမည် ဖြစ်သော်လည်း၊ ယခု (၂၀၁၇-၂၀၁၈) ပညာသင်နှစ်အတွက် B.Com, B.Act, B.BA နှင့် DA အောင်မြင်ပြီးသား ပုဂ္ဂိုလ်များသည် ဝင်ခွင့်ဖြေဆိုရန်မလိုဘဲ တိုက်ရိုက် တက်ခွင့်ရှိမည်ဖြစ်ကြောင်း၊
- အနာဂတ်ကာလတွင်ကျွမ်းကျင်သော စာရင်းပညာရှင် အများကြီး လိုအပ်မှာဖြစ်သည့်အတွက် CPA ၏ အခြေခံဖောင်ဒေရှင်းဖြစ်သည့် DA သင်တန်းသူ/သားများဖြစ်စေချင်ကြောင်း၊
- နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အတွက် အားကိုးရသော စာရင်းပညာကျွမ်းကျင်သူများဖြစ်ရန် ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်၊
၄။ ဖွင့်ပွဲအခမ်းအနားကို နံနက် ၀၉း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
