ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ GIZအထောက်အပံ့ဖြင့် ဖွင့်လှစ်သင်ကြားခဲ့သည့် အင်္ဂလိပ်ဘာသာ စကားသင်တန်း ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်သည့် အခမ်းအနား ကျင်းပခြင်း

ဤရုံး ဝန်ထမ်းများ၏ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာစေရေးအတွက် GIZ အထောက်အပံ့ဖြင့် အင်္ဂလိပ် ဘာသာစကား သင်တန်းကို Initial Assessment Test Result အရသင်တန်းသား (၈၄) ဦး ကို Level(၃)ခု ခွဲ၍ ၅-၉-၂၀၁၆ ရက်နေ့မှ ၂၉-၁၁-၂၀၁၆ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်သည့် အခမ်းအနားကို ၂၀-၁၂-၂၀၁၆ ရက်နေ့တွင် ဤရုံး၌ ကျင်းပခဲ့ပြီး GIZ၏ Head of Component ဖြစ်သူ Mr.AnthonyDeary မှ သင်တန်းသားများအား သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဤရုံးမှ ဒုတိယညွှန်ကြားရေးချုပ်များနှင့် တာဝန်ရှိသူများ၊ GIZ နှင့် NELCXplore Myanmar သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။