၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် Gavi The Vaccine Alliance အဖွဲ့ မှ Senior Manager ဖြစ်သူ Ms. Rosemary Owino ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်၊ နေ့လယ် ၂း၁၅ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ Gavi The Vaccine Alliance အဖွဲ့က ပေးမည့် Grant ကို နိုင်ငံတော် ဘဏ္ဍာသို့ တိုက်ရိုက်ပေးနိုင်ရန် Pricewaterhouse Coopers (PwC) က ဆောင်ရွက်နေသည့် နိုင်ငံ၏ စီမံခန့်ခွဲမှုစွမ်းရည်ဆန်း စစ်ခြင်း ( Country’s Programme Capacity Assesment - PCA) နှင့်စပ်လျဉ်း၍ ဤရုံး၏ စာရင်းစစ်ဆေးရေး လုပ်ငန်းစဉ်များ နှင့် စာရင်းစစ် ဝန်ထမ်းများအား သင်တန်းပေးနေမှု ဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
