ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် ဥရောပသမဂ္ဂ (European Union-EU) မှ Deputy head of cooperation ဖြစ်သူ Mr. George Dura နှင်‌့ အဖွဲ့အား လက်ခံ တွေ့ဆုံ

၁။ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် ဥရောပသမဂ္ဂ (EU) မှ Deputy head of cooperation ဖြစ်သူ Mr. George Dura နှင်‌့အဖွဲ့အား ၂၀၁၆ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့ မွန်းလွဲ ၃း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

၂။ထိုသို့ တွေ့ဆုံရာတွင် EU မှ မြန်မာနိုင်ငံအား ထောက်ပံ့ပေးမည့် အစီအစဉ် များ၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်ရေး၊ Development Fund များအတွက် External Oversight အားကောင်းလာစေရေး၊ စစ်ဆေးရေး စွမ်းရည်မြှင့်တင်ရေးအတွက် ဤရုံးနှင့် EU အတွင်းရှိ စာရင်းစစ်ချုပ်ရုံး တစ်ရုံးအကြား Twinning Program ပြုလုပ်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင်‌့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။