ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် ( ၂၂၆ ) သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား

၁။၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့ နေ့လည် ၁၃း၃၀ နာရီ ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှု အမှတ်စဉ်(၂၂၆)သင်တန်း  သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၁၄၄) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က လမ်းညွှန်အမှာစကား ပြောကြားရာတွင်-

  • ယနေ့ဖွင့်လှစ်သောသင်တန်းတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်ဌာနအသီးသီးမှ စာရင်း တာဝန်ယူသူ၊ ပစ္စည်းတာဝန်ယူသူများ တတ်သင့်တတ်ထိုက်တဲ့စာရင်းဆိုင်ရာပညာရပ် များကိုသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊
  • ပို့ချမည့်ဘာသာရပ်များမှာ ဝန်ထမ်းတိုင်းသိထားသင့်သည့် ဝန်ထမ်းနှင့်သက်ဆိုင် သော စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာငွေအရအသုံးနှင့်ဆိုင်သော စည်းမျဉ်း စည်ကမ်းများနှင့် စာရင်းဆိုင်ရာပညာရပ်များဖြစ်ကြောင်း၊ -      
  • သင်တန်းကာလအတွင်း မိမိတို့အတွက်၊မိမိဌာနအတွက် အကျိုးရှိအောင်ပို့ချသော သင်ခန်းစာများကို ဂရုတစိုက်လေ့လာမှတ်သားကြရန်နှင့် စိတ်ပါဝင်စားစွာလေ့လာ သင်ယူမှသာပို့ချသည့်ဘာသာရပ်ကို သဘောပေါက်မှာဖြစ်ကြောင်း၊ ကြိုးစားမှသာ စာမေးပွဲဖြေဆိုနိုင်မှာ ဖြစ်၍မဆုတ်မနစ်သောဇွဲနှင့် ကြိုးစားကြစေလိုကြောင်း၊
  • သင်တန်းကို ဘယ်လိုရည်ရွယ်ချက်နဲ့တက်တက် သင်ကြားပို့ချတဲ့ပညာရပ်ကို ဌာန အတွက် အကျိုးရှိစွာအသုံးချနိုင်ရန် အမှန်တကယ်တတ်မြောက်ဖို့လိုအပ်ကြောင်းနှင့် သင်တန်းစာမေးပွဲကို သင်တန်းဆင်းအရည်အချင်းသတ်မှတ်ချက် အဆင့်ဖြင့် ထုတ်ပြန်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့သွားမှာဖြစ်ကြောင်း၊
  • သင်တန်းစာမေးပွဲကို တစ်ကြိမ်သာဖြေဆိုခွင့်ရှိသဖြင့် အခွင့်အရေးရရှိခိုက်ကြိုးစား ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ် စည်းကမ်းများကို အလေးထားလိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

၄။သင်တန်းဖွင့်ပွဲအခမ်းအနားကို နေ့လည် ၁၄း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။