၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၁၅-၇-၂၀၁၆ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ဤရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်များရှိ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော် မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်း ကြပါသည်။
၃။ ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တကွ ရုံးဝန်ထမ်းများသည် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချအမျှဝေကြပြီးနောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကာ ရုံးဝန်ထမ်းများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါသည်။
