ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

နော်ဝေနိုင်ငံသံအမတ်ကြီးH.E Ann Ollestad ဦးဆောင်သည့်နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးကိုယ်စားလှယ်အဖွဲ့ သည် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းအားလာရောက်တွေ့ဆုံ

၁။ ၂၀၁၆ ခုနှစ် မေလ (၃) ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် နော်ဝေနိုင်ငံသံအမတ်ကြီး H.E Ann Ollestad ဦးဆောင်သည့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး ကိုယ်စားလှယ်အဖွဲ့ သည် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းအား လာရောက်တွေ့ဆုံပါသည်။
၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် နော်ဝေကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာ၌ စာရင်းစစ်ချုပ်ရုံး အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စာရင်းစစ်ဆေးခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စာရင်း စစ်ဆေးခြင်းများ စသည့်နယ်ပယ်များ ပါဝင်သည့် သယံဇာတထုတ်ယူရေး လုပ်ငန်းများ ကဏ္ဍတွင် စာရင်းစစ်ဆေးခြင်းလုပ်ငန်းအား အထူးအလေးပေး ဆောင်ရွက်သွားရန်၊ အခြားသောကဏ္ဍများကိုလည်း ချဲ့ထွင်ဆောင်ရွက်သွားရန်၊ ကာလတို၊ ကာလရှည်လာရောက် ကူညီပေးမည့်ကိစ္စရပ်များနှင့်     ရေရှည်ပူးပေါင်းဆောင်ရွက်မှုများအကောင်အထည်    ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
၃။အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင်    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ   အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။