၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လူသွားစင်္ကြန်လျှောက်လမ်းပေါ်တွင် ဆောင်ရွက်ထား သည့် 4-Angle အမိုးခုံး ( ၁၃၃၆ ပေ ) နှင့် သင်တန်းကျောင်းအဝင် ကတ္တရာထပ်ပိုးလွှာလမ်း ( ၉၆၄.၅ ပေ) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊
ဇန်နဝါရီလ(၅)ရက်နေ့ နံနက် ( ၉:၃၀ ) နာရီ အချိန်တွင် အခမ်းအနားအစီအစဉ် ( ၇ ) ရပ် ဖြင့်ကျင်းပခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
၂။ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။









