ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ဂုဏ်ပြုထိုက်သော စာရင်းစစ်ချုပ်ရုံးအငြိမ်းစားဆရာသမားများအား ဒုတိယအကြိမ်ပူဇော်ကန်တော့ပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကြီးမှူးကျင်းပသော တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား ပြည်ထောင်စုစာရင်းစစ်ချုပ်များ၊ ဒုတိယစာရင်းစစ်ချုပ်နှင့် ပထမသက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၊ ယခင်စာရင်းစစ် ရုံးအဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရုံးအကြီးအကဲများ၊အသက် (၇၅)နှစ်နှင့် အထက် (ဒုတိယညွှန်ကြားရေးမှူး နှင့် အထက် ) သက်ကြီးဝါကြီး ဆရာသမားများအား ပူဇော် ကန်တော့သည့် အခမ်းအနားကို၂၇-၁၂-၂၀၂၀ ရက်နေ့ နံနက် (၁၀း၀၀နာရီ)တွင် ပြည်ထောင် စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခမ်းမ၌ Virtual Ceremory ဖြင့် ကျင်းပခဲ့ပါသည်။

          ၎င်းအခမ်းအနားကို အစီအစဉ် (၈)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများမှ တက်ရောက်ဂါရဝပြုခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၊ ရုံးချုပ်နှင့် ဒေသစာရင်းစစ်ရုံးများမှ ဝန်ထမ်းများလည်း Webex Link ဖြင့် Online မှတက်ရောက် ကန်တော့ဂါရဝပြုခဲ့ပါသည်။