





ASEANSAI အဖွဲ့ဝင်နိုင်ငံများအကြား စစ်ဆေးရေးနယ်ပယ်တွင် အတွေးအမြင်များ၊ အတွေ့ အကြုံများနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်နေမှုများကို မျှဝေလျက် Knowledge Sharing Programme များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ် Knowledge Sharing Committee (KSC) Biennial meeting 2020-2021 ကို ASEANSAI နှင့် Knowledge Sharing Committee ဥက္ကဋ္ဌ ဖြစ်သော SAI Malaysia က ဦးဆောင်၍ ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ၉-၉-၂၀၂၀ ရက်နေ့ ၊ နံနက် ၈:၀၀ နာရီတွင် Zoom Platform ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် SAI Malaysia ၏စာရင်းစစ်ချုပ် H.E YBhg. Mr. Datuk Nik Azman Nik Abdul Majid က အဖွင့်မိန့်ခွန်း ပြောကြားပြီး အစည်းအဝေးကို အစီအစဉ် ၁၃ ခုဖြင့် ကျင်းပခဲ့ ပါသည်။
အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ရေးဆွဲထားသည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်း၊ KSC ၏ ToR ပြင်ဆင်ထားမှုများအပေါ် ပြန်လည်ဆွေးနွေးခြင်း၊ ၂၀၂၂ ခုနှစ်နှင့်၂၀၂၃ ခုနှစ်အတွက် Knowledge Sharing Experts (KSE) များရွေးချယ်ခန့်အပ်ခြင်း၊ KSC အဖွဲ့ဝင်များအကြား ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေလွယ်ကူနိုင်စေရန် Focal Persons များ ခန့်အပ်ခြင်း၊ KSC မှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေရရှိရေးနှင့် Donor Support နှင့်စပ်လျဉ်း သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁:၃၀ နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ASEANSAI ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့ကြပါသည်။
