ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ 4th ASEANSAI Executive Committee Meeting သို့တက်ရောက်ခြင်း

ရုရှားနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၌ ကျင်းပခဲ့သော ၂၃ ကြိမ်မြောက် INCOSAI အစည်းအဝေးတွင် ပြုလုပ်ခဲ့သော Side line meeting နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပခဲ့သော (၅) ကြိမ်မြောက် ASEANSAI Summit  မတိုင်မီကျင်းပ ခဲ့သော အစည်းအဝေးများတွင် ဆွေးနွေးချက်အရ TFALC-Task Force ASEANSAI Legal Capacity ဖွဲ့စည်းတည်ထောင်ရန် Terms of Reference – ToR ကို‌ဆွေးနွေးညှိနှိုင်းရန် (၄) ကြိမ်မြောက် ASEANSAI Executive Committee အစည်းအဝေးကို ၈.၉.၂၀၂၀ ရက်နေ့ ၊ နံနက် ၈:၀၀ နာရီတွင် Zoom platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို ASEANSAI ဉက္ကဋ္ဌဖြစ်သည့် SAI Malaysia ကဉီးဆောင်၍ ကျင်းပခဲ့ပြီး ASEANSAI Executive Committee အဖွဲ့ဝင်များဖြစ်သည့် ASEANSAI ဒုတိယဥက္ကဋ္ဌ SAI Myanmar နှင့် ASEANSAI ၏ Secretariat ဖြစ်သည့် SAI Indonesia တို့မှ ကိုယ်စားလှယ် ၂၂ ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ASEANSAI ဉက္ကဋ္ဌ ၊  မလေးရှားနိုင်ငံစာရင်းစစ်ချုပ် H.E YBhg. Datuk Nik Azman Nik Abdul Majid က အဖွင့်မိန့်ခွန်းပြောကြားပြီး အစည်းအဝေးကို အစီအစဉ် ၃ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။  ASEANSAI Secretariat ၏ Secretary General ဖြစ်သူ Mr. Bahtiar Arif က ASEANSAI ၏ ဥပဒေရေးရာလိုအပ်ချက်နှင့်စပ်လျဉ်းသည့်အဖွဲ့ ဖွဲ့စည်းရေး အကြောင်းအရာများ ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ASEANSAI ဥက္ကဋ္ဌက ToR- Term of Reference  အပေါ် သဘောတူညီချက်တောင်းခံခြင်း၊ TFALC ဖွဲ့စည်းတည်ထောင်မှုအပေါ် သဘောတူညီချက်တောင်းခံခြင်းတို့ကို ယင်းနေ့ နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပမည့် Task Force Meeting တွင် အပြီး သတ်ဆွေးနွေးရန် တင်ပြချက်အပေါ်သဘောတူညီခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၀:၀၀  နာရီ တွင်ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ASEANSAI ၏ ဒုတိယဉက္ကဋ္ဌ Executive Committee အဖွဲ့ဝင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။