





ရုရှားနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၌ ကျင်းပခဲ့သော ၂၃ ကြိမ်မြောက် INCOSAI အစည်းအဝေးတွင် ပြုလုပ်ခဲ့သော Side line meeting နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပခဲ့သော (၅) ကြိမ်မြောက် ASEANSAI Summit မတိုင်မီကျင်းပ ခဲ့သော အစည်းအဝေးများတွင် ဆွေးနွေးချက်အရ TFALC-Task Force ASEANSAI Legal Capacity ဖွဲ့စည်းတည်ထောင်ရန် Terms of Reference – ToR ကိုဆွေးနွေးညှိနှိုင်းရန် (၄) ကြိမ်မြောက် ASEANSAI Executive Committee အစည်းအဝေးကို ၈.၉.၂၀၂၀ ရက်နေ့ ၊ နံနက် ၈:၀၀ နာရီတွင် Zoom platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးကို ASEANSAI ဉက္ကဋ္ဌဖြစ်သည့် SAI Malaysia ကဉီးဆောင်၍ ကျင်းပခဲ့ပြီး ASEANSAI Executive Committee အဖွဲ့ဝင်များဖြစ်သည့် ASEANSAI ဒုတိယဥက္ကဋ္ဌ SAI Myanmar နှင့် ASEANSAI ၏ Secretariat ဖြစ်သည့် SAI Indonesia တို့မှ ကိုယ်စားလှယ် ၂၂ ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ASEANSAI ဉက္ကဋ္ဌ ၊ မလေးရှားနိုင်ငံစာရင်းစစ်ချုပ် H.E YBhg. Datuk Nik Azman Nik Abdul Majid က အဖွင့်မိန့်ခွန်းပြောကြားပြီး အစည်းအဝေးကို အစီအစဉ် ၃ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ASEANSAI Secretariat ၏ Secretary General ဖြစ်သူ Mr. Bahtiar Arif က ASEANSAI ၏ ဥပဒေရေးရာလိုအပ်ချက်နှင့်စပ်လျဉ်းသည့်အဖွဲ့ ဖွဲ့စည်းရေး အကြောင်းအရာများ ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ASEANSAI ဥက္ကဋ္ဌက ToR- Term of Reference အပေါ် သဘောတူညီချက်တောင်းခံခြင်း၊ TFALC ဖွဲ့စည်းတည်ထောင်မှုအပေါ် သဘောတူညီချက်တောင်းခံခြင်းတို့ကို ယင်းနေ့ နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပမည့် Task Force Meeting တွင် အပြီး သတ်ဆွေးနွေးရန် တင်ပြချက်အပေါ်သဘောတူညီခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၀:၀၀ နာရီ တွင်ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ASEANSAI ၏ ဒုတိယဉက္ကဋ္ဌ Executive Committee အဖွဲ့ဝင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
