အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်ရှိ စုပေါင်းခန်းမ၌ ၂၂-၇-၂၀၂၀ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အမျိုးသားစာကြည့်တိုက်မှ ညွှန်ကြားရေးမှူးနှင့် နည်းပြများ၊ သင်တန်းသူ/သင်တန်းသား များ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စာကြည့်တိုက်အား ဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်လုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ စာဖတ်ခြင်းဖြင့် ဝန်ထမ်းများ၏ အတွေးခေါ်အယူအဆများ မြင့်မားတိုးတက်စေရန်နှင့် စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်မှုများအား တတ်ကျွမ်းနားလည်ကြစေရန်၊ “အလိမ္မာစာမှာရှိ” ဆိုသောစကားအတိုင်း အသိဉာဏ်ပညာပြန့်ပွားအောင် ပြုလုပ်ရန် စာကြည့်တိုက်သည် အင်အားတစ်ခုဖြစ်သောကြောင့် စာကြည့်တိုက်ကို တိုးတက်စေပြီး စာဖတ်သူများစွာ ပေါ်ပေါက်စေရန်လိုအပ်သဖြင့် စာကြည့်တိုက်ပညာကို တတ်ကျွမ်းနားလည်ထားမှသာ ထိုအင်အားကို ရရှိနိုင်သောကြောင့် ယခုသင်တန်းကို ဖွင့်လှစ်ရကြောင်း၊ ဤရုံးစာကြည့်တိုက်အား e-Library အဆင့်အထိမြှင့်တင်ရန် ရည်ရွယ်ကြောင်း၊ အမျိုးသားစာကြည့်တိုက်မှလည်း စာအုပ်များ အလွယ်တကူရှာဖွေနိုင်မည့် Senayan Library Management System (SLiMS) Software ကို လာရောက်တပ်ဆင်ပေးပြီး အသုံးပြုပုံများကို သင်ကြားပေးသဖြင့် ဝမ်းသာ ကျေးဇူးတင်ပါကြောင်း၊ သင်တန်းကို စေတနာအပြည့်အဝနဲ့ လာရောက်ပို့ချပေးသည့် အမျိုးသားစာကြည့်တိုက်မှ နည်းပြများအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် သင်တန်းသား/သင်တန်းသူများအား စာတွေ့လက်တွေ့များကို လေ့လာဆည်းပူးပြီး မိမိအကျိုး၊ ရုံးအကျိုး၊ တိုင်းပြည်အကျိုးများကို အတတ်နိုင်ဆုံးသယ်ပိုး ဆောင်ရွက်နိုင်ကြရန် မှာကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားပြီးနောက် Group Photo ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
