ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

၂၀၂၀ ပြည့်နှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ခြင်း

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို  Coronavirus Disease 2019 (COVID-19) ရောဂါဖြစ်ပွားနေသည့် ကာလ ဖြစ်ပါသဖြင့် Online အခမ်းအနားပုံစံဖြင့် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ Zoom Application ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦး နှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင် တို့ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားအား နံနက် (၁၀:၀၀) နာရီ တွင် စတင်ပြီး အစီအစဉ် (၆) ခုဖြင့် ကျင်းပခဲ့ ရာ နံနက် (၁၁:၄၅) နာရီတွင် ပြီးစီးခဲ့ပါသည်။