


SAI PMF Assessment ကို နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ အကူအညီဖြင့် ဆောင်ရွက်ရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆောင်ရွက်ချက်များကို SAI 1 မှ SAI 25 အထိဖော်ပြထားသော အညွှန်းကိန်းများ (indicators) ပါသည့် စံများဖြင့် တိုင်းတာခဲ့ပါသည်။ SAI PMF Assessment အရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၉) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စပယ်မြတ်သွင်က ဌာနခွဲအလိုက်တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်သူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။
SAI PMF Assessment ၏ ရလဒ်များအပေါ် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဉီးစားပေး ဆောင်ရွက်မည့် အဆင့်၊ ဆောင်ရွက်ရမည့်ဌာနခွဲနှင့် အကောင်အထည်ဖော်ရမည့် ကာလသတ်မှတ်မှုတို့ကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ၎င်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင့် (၃) ဆင့် သတ်မှတ်ကာ ၄/၂၀၂၀ လမှ ၉/၂၀၂၀ လအထိကို ပထမအဆင့် ၊ ၁၀/၂၀၂၀ လမှ ၉/၂၀၂၁ လအထိကို ဒုတိယအဆင့် ၊ ၁၀/၂၀၂၁ လမှ ၉/၂၀၂၂ လအထိကို တတိယအဆင့်များအဖြစ် သတ်မှတ်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲ တမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
