



သက်ပြည့်အငြိမ်းစားယူမည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကြည်ဝင်းအား ဂုဏ်ပြုနှုတ်ဆက်သည့် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၄) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က သက်ပြည့်အငြိမ်းစားယူမည့် ဒုတိယအမြဲတမ်းအတွင်းဝန်၏ ဤရုံးတွင် အသက် (၆၀) ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့မှုနှင့် တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ကြိုးပမ်းအားထုတ်၍ လုပ်ငန်းများဆောင်ရွက်ခဲ့မှုအတွက် အသိအမှတ် ပြုကျေးဇူးတင်ပါကြောင်း ဂုဏ်ပြုနှုတ်ဆက်အမှာစကားပြောကြားပြီး အမြဲတမ်းအတွင်းဝန်က ဒုတိယအမြဲတမ်းအတွင်းဝန်အား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများကိုယ်စား ဂုဏ်ပြု လက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သက်ပြည့်အငြိမ်းစားယူမည့် ဒုတိယအမြဲတမ်း အတွင်းဝန်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို နံနက် ၁၀:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ ပါသည်။ ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန်က ဝန်ထမ်းများအား မုန့်ဟင်းခါးဖြင့် တည်ခင်း ကျွေးမွေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
