ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် IFAC ၊ ACCA နှင့် MICPA တို့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် International Federation of  Accountants (IFAC) မှ Technical Manager ဖြစ်သူ Ms. Marta Russell ၊ Association of Chartered Certified Accountants (ACCA) မှ Head of Capacity Building ဖြစ်သူ Ms. Mahalah Groves နှင့် Myanmar Institute of Certified Public Accountants (MICPA) မှ ဥက္ကဋ္ဌ ဦးဝမ်းတင်တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။      ထိုသို့တွေ့ဆုံရာတွင် MICPA အား IFAC အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရေး ဆောင်ရွက်နေမှုများ၊ MICPA က အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဗျူဟာ (၂၀၁၉-၂၀၂၃) နှင့် အဆိုပါမဟာဗျူဟာ ရေးဆွဲရာတွင် ACCA က အကူအညီပေးမှုများ၊ MICPA ၏ လက်ရှိဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။      အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။