ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU/GOPA မှ Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။                                                                                                                 

၂။      ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် EU/GOPA တို့အကြား ဆောင်ရွက်လျက်ရှိသည့် Legal Mandates ကိစ္စရပ်များ၊ National Legal Expert ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ Legal Mandates၊ Human Resources၊ Pilot Financial Audit တို့နှင့် စပ်လျဉ်းသည့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

၃။      အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။