ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘတ်ဂျက်ရေးရာကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီအဖွဲ့ဝင် Mr. Zhu Mingchun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။       ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဘတ်ဂျက်ရေးရာကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Zhu Mingchun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့၊ နံနက် ၁၁း၂၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။        

၂။       ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေဆိုင်ရာ အခြေအနေနှင့် လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာငွေနှင့်ဘတ်ဂျက်များအား စာရင်းစစ်ဆေးခြင်းလုပ်ငန်း၊ စစ်ဆေးတွေ့ရှိချက်များကို အများပြည်သူသို့ ထုတ်ပြန်ခြင်းနှင့် အသုံးပြုမှု၊ ပြည်ထောင်စု လွှတ်တော်နှင့် ဆက်ဆံမှုအခြေအနေ၊ ပြည်သူ့ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုကို မြှင့်တင်ရာ တွင် တိုးတက်မှုအခြေအနေ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှု များနှင့် ပြည်သူ့ဘဏ္ဍာငွေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တိုးတက်မှုအခြေအနေစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။       အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။