ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ

၁။ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။အဆိုပါ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာ ဘုမ္မိသာရကျောင်းတိုက်များရှိ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆပ်ကပ်လှူဒါန်းကြပါသည်။

၃။ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တကွ ရုံးဝန်ထမ်းများသည် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှဝေကြပြီးနောက် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းကာ ရုံးဝန်ထမ်းများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါသည်။