
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် GIZ-BFSD project ၏ Program Director ဖြစ်သူ Mr. Armin Hofmann ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၈ ခုနှစ်၊ မေလ (၉) ရက်နေ့၊ မွန်းလွဲ ၂း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် GIZ ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်ပေးနေသည့် IFRS pilot banks project ၏ Update အခြေအနေ၊ Banking Sector Financial Reporting Standards Implementation Committee(BFRIC)၏ လက်ရှိအခြေအနေကို Update ပြုလုပ်ရေး ၊ ဤရုံး နှင့် GIZ တို့ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး အတွက် MOU လက်မှတ်ရေးထိုးရေး ကိစ္စ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
