
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU မှ Public Finance Management Expert ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် Independence၊ Mandate၊ Organizational၊ Human Resources တို့နှင့် စပ်လျဉ်း၍ ပြုလုပ်ခဲ့သည့် Mini Workshop (၃) ခု၏ ဆွေးနွေးမှုရလဒ် များနှင့် ယင်းအပေါ်အခြေခံ၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
