ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် US Department of the Treasury Office of the Technical Assistance – USOTA မှ Advisor ဖြစ်သူ Mrs. Marcia Sue Maurer ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် US Department of the Treasury Office of the Technical Assistance – USOTA မှ Advisor ဖြစ်သူ Mrs. Marcia Sue Maurer ဦးဆောင်သောအဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။      ထိုသို့တွေ့ဆုံရာတွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် USOTA တို့ ပူးပေါင်း ရေးဆွဲနေသည့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် အား စောင့်ကြည့်ကြပ်မတ်သည့် လမ်းညွှန်လက်စွဲစာအုပ် (မူကြမ်း) ဆိုင်ရာ ကိစ္စရပ်များ၊ ပြုပြင် မွမ်းမံသင့်သည့်အချက်များ၊ ဤရုံးအနေဖြင့် SEEs များအား စာရင်းစစ်ဆေးမှု စသည်တို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြပါသည်။

၃။      အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။