
ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ်ရုံးက Project Leader ၊ မလေးရှားနိုင်ငံစာရင်း စစ်ချုပ်ရုံးက Sub Project Leader အဖြစ် ဆောင်ရွက်သည့် Programme တစ်ခု ဖြစ်သော စာရင်းစစ်ချုပ်ရုံးများ၏ နိုင်ငံတကာစံအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းသည့် အရှေ့တောင် အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ ကာလရှည် စီမံချက်၊ အပိုင်း (၂) ၏ တတိယအကြိမ် လက်တွေ့ဆောင်ရွက်မှု အလုပ်ရုံဆွေးနွေး ပွဲ (3rd Field Workshop of ASEANSAI LTAPII Phase 2) အတွက် Preparatory Meetingကို၁၁-၁၂-၂၀၁၇ ရက်နေ့နှင့် ၁၂-၁၂-၂၀၁၇ရက်နေ့တို့တွင် လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲကို ၁၃-၁၂-၂၀၁၇ ရက်နေ့ မှ ၁၅-၁၂-၂၀၁၇ ရက်နေ့အထိ လည်းကောင်း Park Royal Hotel ၊ နေပြည်တော်၌ ဤရုံးက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၁၃-၁၂-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ရာ ဤရုံး၊ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းဖြင့် စာရင်းစစ်ချုပ်ရုံးများ၏ နိုင်ငံတကာစံ (International Standards of Supreme Audit Institutions - ISSAI) အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်းသည့် အတွေ့အကြုံ ဗဟုသုတများ ကို အရှေ့တောင်အာရှနိုင်ငံများအကြား မျှဝေနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများမှ ရွေးချယ်လေ့ကျင့်ပေးထားသည့် Facilitators များအနေဖြင့် Facilitation Skill Workshop မှ ရရှိထားသည့် အတွေ့အကြုံ ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်မည့်အပြင် ၎င်းတို့၏ Facilitating Skills မြင့်တက်လာနိုင် ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတကာစံများအရ အန္တရာယ်အခြေပြုဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်းနှင့် ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုတို့ကို ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် မစစ်ဆေးမီ ကြိုတင်ပြင်ဆင်ခြင်း၊ စစ်ဆေးရေးမဟာဗျူဟာရေးဆွဲခြင်း၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲ ခြင်း အပါအဝင် ဌာနအဖွဲ့အစည်း၏ လုပ်ငန်းနယ်ပယ်ကို သိရှိနားလည်အောင် ဆောင်ရွက်ခြင်း၊ အန္တရာယ်အကဲဖြတ်မှု၊ စာရင်းစစ်စီမံချက်ရေးဆွဲသည့်အဆင့်နှင့် စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်သည့်အဆင့်တို့တွင် အရေးပါမှု (Materiality) ကို သတ်မှတ်ခြင်း၊ စာရင်းစစ်သက်သေခံအထောက်အထား၊ နမူနာကောက်ယူစစ်ဆေး ခြင်း၊ စာရင်းစစ်ထင်မြင်ယူဆချက်နှင့် အရည်အသွေးထိန်းချုပ်ကွပ်ကဲခြင်း စသည့် အကြောင်းအရာများကို ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ ISSAI Facilitators များက ဆွေးနွေးခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားကို ၁၅-၁၂-၂၀၁၇ ရက်နေ့တွင် ကျင်းပ ခဲ့ရာ ဤရုံး၊ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့ပြီး Facilitators များအနေဖြင့် ဤအလုပ်ရုံဆွေးနွေးပွဲတွင် လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ခြင်းအားဖြင့် အရည်အချင်း ပြည့်ဝသည့် Facilitator တစ်ဦး ဖြစ်လာရန် လိုအပ် သည့်အချက်များကို ပိုမိုသိရှိလာပြီး အာဆီယံဒေသအတွင်း သက်ဆိုင်ရာ စာရင်းစစ် ချုပ်ရုံးများအတွက် ရှေ့ဆက်အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ Participant များအနေ ဖြင့်လည်း အတွေ့အကြုံ ဗဟုသုတများ အထိုက်အလျောက်ရရှိခဲ့မည်ဟု ယုံကြည် ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ASEANSAI အဖွဲ့ဝင်နိုင်ငံများ၊ ဆွီဒင် နိုင်ငံစာရင်းစစ်ချုပ်ရုံး၊ ဤရုံးနှင့် ဒေသစာရင်းစစ်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။
