ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် IFAC မှ Deputy Director ဖြစ်သူ Mr. Joseph Bryson ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် International Federation of Accountants (IFAC) မှ Deputy Director ဖြစ်သူ Mr. Joseph Bryson ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် IFAC နှင့် UK DFID တို့ ပူးပေါင်းဆောင်ရွက်နေသော စာရင်းပညာရှင်များ စွမ်းရည်မြှင့်တင်ခြင်းအစီအစဉ်၏ လက်ရှိအခြေအနေများ၊ အမျိုးသားစာရင်းပညာရှင်အဖွဲ့ဖြစ်သော မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်အသင်း၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏စာရင်းပညာရှင်ကဏ္ဍ ပိုမိုခိုင်မာလာစေရန် မြန်မာနိုင်ငံ စာရင်းပညာရှင် စွမ်းဆောင်ရည် မြှင့်တင်ခြင်း စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အချိန်ကာလ သတ်မှတ်မှုနှင့် စီမံကိန်း၏ ပထမ အဆင့်တွင် ပါဝင်သော လုပ်ငန်းများနှင့့််စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး မှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်းမှ ဒုတိယဥက္ကဌ (၂) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။