ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၈ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၈ ) ရက်နေ့ နံနက် ၁၁ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊စုပေါင်းခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁ / ၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား (၇၆)ဦး တက်ရောက် ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းက အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
- မိမိတို့အဖွဲ့အစည်း ( SAI Myanmar )၏ ၂၀၁၈ - ၂၀၂၂ မဟာဗျူဟာလုပ်ငန်း စီမံချက်အရ SAI PMFက အကဲဖြတ်တိုင်းတာသည့် ကဏ္ဍအများစုလွမ်းခြုံပါဝင်မှုရှိထားပြီး နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း မျှဝေပေးထားကြောင်း၊
- နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ နည်းပညာအကူအညီပေးမှုအရ မိမိတို့ဝန်ထမ်းများပါဝင်သည့် SAI PMF Assessment ဆောင်ရွက်မှုကိုသိရှိရ၍ အသစ်ဖြစ်သော ဗဟုသုတများတိုးပွားရရှိသွားမည်ဟု ယုံကြည်ကြောင်း၊
- သင်တန်းသူ/သားများ၏ စာရင်းစစ်ဆေးရာတွင် တွေ့ကြုံရသည့်အခက်အခဲ၊ အကန့်အသတ်များကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည့်အပေါ် ဖြစ်နိုင်သည့်နည်းလမ်းများ၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ၏ မူဘောင်ဖြစ်သည့် Lima Declaration နှင့် Mexico Declarationတို့တွင် ပြဋ္ဌာန်းထားသည်များကိုလည်း ပို့ချဆွေးနွေးပေးထားကြောင်း၊
- သင်တန်းသူ/သားများသည် မိမိတို့ရရှိသည့်အသိပညာများကို လုပ်ဖော်ကိုင်ဘက်များအား လက်ဆင့်ကမ်းမျှဝေပေးရန်နှင့် ခေတ်စနစ်နှင့်နည်းပညာရပ်များ၏ ပြောင်းလဲနေမှုအပေါ် လိုက်လျောညီထွေလိုက်ပါနိုင်သော အရည်အချင်းကိုပြုစု ပျိုးထောင်ကြစေလိုကြောင်း၊
- မိမိတို့အဖွဲ့အစည်းက ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခင်းအကျင်း၊ အစီအမံများကို မျက်ခြည်မပြတ် သိရှိနားလည်ထားရန်လိုကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါပြဋ္ဌာန်းချက်များအရ မိမိတို့၏လုပ်ငန်းတာဝန်များ ပိုမိုကျယ်ပြန့်လာသည်ကိုတွေ့ရှိနိုင်ကြောင်း၊ လုပ်ငန်းအတွက်လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် တတ်သိ ပညာရှင်များ၏ ကျွမ်းကျင်မှုအကူအညီရယူဆောင်ရွက်ခြင်းကိုလည်း ဥပဒေအရ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ခရိုင်အဆင့်တွင် တာဝန်ယူဆောင်ရွက်ရသူများဖြစ်၍ ခက်ခဲသည့်စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ မိမိတို့၏ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိရေး တွက်ဆပြင်ဆင်ထားရန်လိုပါကြောင်း၊
- မိမိတို့၏တာဝန်ယူမှု၊ တာဝန်ခံမှုကိုပြသပြီး မိမိစီမံခန့်ခွဲရသော ဝန်ထမ်းအင်အားများကို အကျိုးရှိရှိအသုံးချနိုင်ဖို့ သာတူညီမျှသဘောထားနဲ့ လက်တွဲခေါ်သွားရန်လိုကြောင်း၊
- စစ်ဆေးရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ရေး ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၁ : ၃၀ နာရီတွင် ရုပ်သိမ်း၍ အခမ်းအနား တက်ရောက်လာသူများကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အဆင့်မြင့်/အလယ်အလတ်အဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၉၉ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသူ/သား ( ၂၇၅ ) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်-
- နိုင်ငံတော်အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဆိုပြီး အဆင့် ( ၃ ) ဆင့်ခွဲခြားကာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊
- နိုင်ငံဝန်ထမ်းများအနေဖြင့် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရာတွင်ထိရောက်မှုရှိစေရန်နှင့် မိမိတို့၏အလုပ်တာဝန်များကို လုပ်ရည်ကိုင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန် အထောက်အကူပြုနိုင်သည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊
- သင်တန်းမှသင်ကြားပေးလိုက်သော ဘာသာရပ်အားလုံးသည် သင်တန်းသူ/သားများ သိသင့်သိထိုက်၍ ထိုက်သင့်သောကျွမ်းကျင်မှုရရှိအောင် ခြုံငုံမိအောင် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊
- မိမိအလုပ်ကို ကျွမ်းကျင်အောင်မြင်စွာလုပ်ကိုင်နိုင်ခြင်းအားဖြင့် မိမိမှာအကျိုးရှိသကဲ့သို့ မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏နိုင်ငံမှာလည်း အကျိုးရှိသည်သာမက သင်ကြားပို့ချပေးသည့်ကထိကများ၏ စေတနာကိုလည်း အလေးထားရာရောက်ပါကြောင်း၊
- လုပ်ငန်းဆောင်ရွက်ရာတွင် စာရင်းပညာနားလည်တတ်ကျွမ်းပြီး စည်းမျဉ်းစည်းကမ်းနှင့်အညီ စာရင်းများအမှားအယွင်းမရှိ ရေးဆွဲနိုင်ခြင်းဖြင့် မမှန်မကန်မှု၊ လေလွင့်ဆုံးရှုံးမှုများမဖြစ်အောင် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊
- နိဂုံးချုပ်အနေဖြင့် သင်တန်းသူ/သားများအားလုံးသည် ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းများစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သိက္ခာ၊ စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာကြရန်၊ မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များကို အသုံးချ၍ နိုင်ငံတော်နှင့်ပြည်သူများ၏အကျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြစေလိုကြောင်း။
၄။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၉ : ၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

- U Maw Than, Union Auditor General, received the delegation led by Mr. Marc de la Fouchardiere, Acting Executive Director of the European Chamber of Commerce (Euro Cham Myanmar) at the Call Room of the Office of the Auditor General of the Union, Nay Pyi Taw at 10:00 am on 6th June, 2019.
- During the meeting, the delegates clarified the goals and activities of the Euro Cham Myanmar’s Anti-illict Trade Advocacy Group, their efforts to advocate combatting illicit trade, and challenges they were facing.
- The Permanent Secretary, the Director General (Audit Department), the Deputy Permanent Secretary, the Deputy Director General and responsible persons from the Office of the Auditor General of the Union attended the meeting.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် European Chamber of Commerce in Myanmar (Euro Cham Myanmar) မှ Acting Executive Director Mr. Marc de la Fouchardiere ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ခုနှစ်၊ ဇွန်လ ၆ရက်နေ့၊ နံနက် ၁၀:၀၀နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် ကိုယ်စားလှယ်များက Euro Cham Myanmar ၏ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအားပေးမှုအဖွဲ့ (Anti-illict Trade Advocacy Group) ၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ချက်များ၊ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရေးအားပေးရန်ကြိုးပမ်းမှုများ၊ ၎င်းတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၄ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၄ ) ရက်နေ့နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူးများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား (၇၇) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- စာရင်းစစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သည့်အတိုင်းအတာပမာဏအထိ အကျိုးသက်ရောက်မှု ရှိ မရှိ စိစစ်သုံးသပ်နိုင်အောင် စစ်ဆေးခြင်းဖြစ်သည်ကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊
- စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် သမရိုးကျတွေးခေါ်လုပ်ကိုင်ခြင်းအပြင် လိုအပ်သည့်အခြေအနေများတွင် ဖောက်ထွက်တွေးခြင်း (Think out of the box) ဆိုတဲ့ အတွေးအမြင်သစ်များထားရှိလုပ်ကိုင်ရန်နှင့် နိုင်ငံတကာကျင့်ထုံးများကိုလည်းမပြတ်လေ့လာရန် လိုအပ်ကြောင်း၊
- ခေတ်စနစ်အရ တိုးတက်ပြောင်းလဲလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို လက်လှမ်းမီသိရှိနိုင်ရေး မပြတ်ဖြည့်ဆည်းကြမှသာ စာရင်းစစ်ထင်မြင်ယူဆချက်၊ အကြံပြုချက်များကို မှန်ကန်မျှတသောအမြင်ဖြင့် သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊
- မိမိတို့အဖွဲ့အစည်း၏ လုပ်ငန်းတစ်ခုတည်းကိုသာ ကျွမ်းကျင်မှုရှိရုံမျှသာမက ဆက်စပ်အဖွဲ့ အစည်းများ၏ ပြောင်းလဲလာမှုများကိုလည်း သိရှိနားလည်ရန်လိုအပ်ကြောင်း၊
- ဤရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စည်းမျဉ်းမကျနမှု၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အားနည်းချက်များ တွေ့ရှိပါက အပြုအသဘောဝေဖန်ထောက်ပြ ခြင်း၊ ဓမ္မဓိဋ္ဌာန်ကျသော ရှုထောင့်အမြင်ဖြင့်အကြံပြုခြင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊
- ဤသင်တန်းတွင် ကထိကများ၏အသိပညာဆင့်ပွားပေးခြင်း (Knowledge Transfer) အပိုင်းနဲ့ သင်တန်းသူ/သင်တန်းသား အချင်းချင်းအတွေ့အကြုံဖလှယ်ခြင်း (Experience Sharing) အပိုင်းများကို မျှမျှတတထည့်သွင်းပို့ချသွားမည် ဖြစ်ပါကြောင်း၊
- လက်ထောက်ညွှန်ကြားရေးမှူးများအနေဖြင့် ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် အလုပ်ကိုရိုးသားကြိုးစားလုပ်ကိုင်ကြရန်၊ ပြည်သူ့အကျိုးစီးပွား တိုးတက်စေရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် အလုပ်အကျွေးပြုကြရန်လိုအပ်ကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ရက်စွဲ ၊ ၂၀၁၉ ခုနှစ် ဇွန်လ (၃)ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ နံနက် ၉ း ၀၀ နာရီ၌ မြန်မာနိုင်ငံစာရင်းကောင်စီရုံး သင်တန်း ကျောင်းခန်းမ ၊ ရန်ကုန်မြို့တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း အမှတ်စဉ်-၃၉ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဉက္က ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီအဖွဲ့ဝင်များ ၊ သင်တန်းကထိကများ ၊ သင်တန်း သား ၊ သင်တန်းသူများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဉက္ကဌ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မြန်မာနိုင်ငံစာရင်းကောင်စီဟာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုမည့် အရည်အချင်းပြည့်မီသော စာရင်းပညာရှင်များ ၊ စာရင်းပညာတတ်ကျွမ်းသူများ တိုးပွား လာစေရန်ရည်ရွယ်၍ လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်သင်တန်းများကို နှစ်စဉ် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း
- DA သင်တန်း အောင်မြင်သူများကို စာရင်းပညာတတ်ကျွမ်းသူများအဖြစ် အသိအမှတ်ပြုမှာဖြစ် ကြောင်း ၊ ၎င်းပြင် CPA သင်တန်းရဲ့ ဝင်ပေါက်တစ်ခုအဖြစ် ဖွင့်ပေးထားပါကြောင်း ၊ DA သင်တန်း အောင်မြင်သူများအနေဖြင့် CPA ကို တိုက်ရိုက်တက်ခွင့်ရကြမှာဖြစ်ကြောင်း
- ဒီအစီအစဉ်ဟာ စာရင်းပညာတတ်ကျွမ်းသူများကို စာရင်းပညာရှင်များဖြစ်ခွင့်ရအောင် ဆောင်ရွက် ပေးနေတဲ့ မြန်မာနိုင်ငံစာရင်းကောင်စီရဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းချက်တစ်ရပ်လည်းဖြစ်ကြောင်း
- ၂၀၁၇ - ၂၀၁၈ ခုနှစ်မှ စတင်ပြီး ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)ဘာသာရပ်များကို Module 1 ၊ Module 2 ခွဲခြားသတ်မှတ်ထားပါကြောင်း ၊ ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံးဖြေဆို ကြရမှာဖြစ်ပါကြောင်း ၊ အောင်စာရင်းကိုလည်း အမျိုးအစားခွဲခြားထုတ်ပြန်ပေးလျက်ရှိပါကြောင်း
- သတ်မှတ်ထားတဲ့သင်တန်းချိန်ကိုလည်း အချိန်မီတက်ရောက်ကြဖို့လိုပါကြောင်း ၊ သင်တန်း ကျောင်းမှာတက်ရောက်သူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ရရှိရန် သင်တန်းချိန် ၆၀ % ပြည့်မီဖို့ လိုပါကြောင်း ၊ ဘာသာရပ်တစ်ခုတွင် ၆၀ % မပြည့်မီပါက ထိုနှစ်အတွက် ကျင်းပမည့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ပြုမှာ မဟုတ်တဲ့အတွက် သင်တန်းချိန်များကို ပြည့်မီအောင် တက်ရောက် ကြပါလို့ အထူးမှာကြားလိုပါကြောင်း
- သင်တန်းသားများအနေဖြင့် မိမိတို့ရဲ့ စာရင်းပညာဗဟုသုတများ တိုးတက်စေရေးအတွက် စာရင်း ပညာနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျုံးဝင်သက်ဆိုင်တဲ့ စာအုပ်စာတမ်းများကို ရှာဖွေရယူဖတ်ရှုပြီး သက်ဆိုင်ရာအချက်အလက်များကို ကောက်နှုတ်စုဆောင်းကြပါ ၊ အချိန်နှင့် အမျှ ပြောင်းလဲတိုးတက်နေတဲ့ အခြေအနေများကို မျက်ခြေမပြတ်လေ့လာ မှတ်သားကြပါ၊ ဗဟုသုတကြွယ်ဝသူများထံချဉ်းကပ်၍ နည်းကောင်းလမ်းကောင်းများကို မေးမြန်းစုံစမ်းနာယူပြီး အတုယူမှတ်သားကြပါ ၊ မိမိတို့၏အရည်အချင်းများ တိုးတက်ဖြစ်ထွန်းလာစေရန် အစဉ်တစိုက် ကြိုးပမ်းကြပါလို့ အလေးအနက်ထား မှာကြားလိုပါကြောင်း
- သင်တန်းကာလအတွင်း သင်တန်းစည်းကမ်းများနှင့်အညီ လေ့လာသင်ယူပြီး ထူးချွန်အောင်မြင် သော ၊အရည်အချင်းပြည့်ဝသည့် ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော၊ နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် အားကိုးအားထားရသော စာရင်းပညာတတ်ကျွမ်းသူများဖြစ်အောင် ကြိုးပမ်းကြပါလို့ တိုက်တွန်း မှာကြားလိုပါကြောင်း
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉ း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက် ၀၉း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်းအမှတ်စဉ်-၃၉ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသူ/သား ၇၂ ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်-
- ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်းတွင် Accounting, Financial Reporting, Cost Accounting, Auditing, Information & Communication Technology and System Development ဘာသာရပ် ၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဘာသာရပ် ၆ ခုကို သင်ကြားပို့ချမည်ဖြစ်ကြောင်း၊
- ဖြေဆိုရမည့် ဘာသာရပ် ၆ ခုကို Module 1, Module 2 ခွဲခြားသတ်မှတ်ထားပြီး Accounting, Auditing နှင့် Cost Accounting ဘာသာရပ်တို့ကို Module 1၊ Financial Reporting, Financial and Service Regulations နှင့် Information & Communication Technology and System Development ဘသာရပ်တို့ကို Module 2 အနေနှင့် သတ်မှတ်ထားပြီး ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံးဖြေဆိုကြရမည်ဖြစ်ကြောင်း၊
- Module တစ်ခုထဲမှ ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြားModule တစ်ခုထဲမှ ဘာသာရပ် တစ်ခုခုကျရှုံးခဲ့လျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ်အားလုံးအား တစ်ဆက်တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့် ပြုထားပြီး အောင်မြင်မှုမရှိခဲ့လျှင်ဖြစ်စေ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့လျှင်ဖြစ်စေ၊ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ်အားလုံးကို ပြန်လည် ဖြေဆိုရမည် ဖြစ်ကြောင်း၊
- ကျရှုံးသည့် Module တွင်ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံးရရှိပြီး တစ်ဘာသာချင်း ပျမ်းမျှရမှတ် ၂၅ မှတ်ရရှိရန်လိုကြောင်း၊ သို့မှသာ ကျန်Moduleကို အောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊
- ဘာသာရပ်တိုင်းတွင် ကျောင်းတက်ချိန် ၆၀ % ပြည့်မီမှသာ စာမေးပွဲဖြေဆိုခွင့်ရှိမည်ဖြစ်၍ သင်တန်းကို မှန်မှန်တက်စေလိုကြောင်း၊
- ကထိကများ၏ စေတနာကို လေးစားတန်ဖိုးထားစေလိုကြောင်း၊ ကထိကများ သင်ကြားပေးသည်ကို ကြိုးကြိုးစားစားဖြင့် လေ့လာသင်ယူကြပြီး သင်တန်းကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာ၍ နိုင်ငံအတွက် အားကိုးရသည့် စာရင်းပညာကျွမ်းကျင် သူများဖြစ်ရန် ကြိုးပမ်းကြစေလိုကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၀၉း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။