OFFICE OF THE AUDITOR GENERAL OF THE UNION

Conducting the Performance Audit (PA) Workshop

Conducting the Performance Audit (PA) Workshop

1.         Experts from the Office of the Auditor General of Norway (OAGN), Mrs. Ingvild Gulbrandsen, Mr. Haakon Jernsletten and Ms. Hege Massso, led to hold the Performance Audit (PA) Workshop with the Performance Audit (PA) Teams who conduct the project areas of Procurement and Distribution of Drugs and Irrigated Water Storage and Distribution from Constructed Dams from the Office of the Auditor General of the Union of Myanmar (OAGM) and from the Offices of the Auditor General of State and Region at the Assembly Room (Hall) of the OAGM, Nay Pyi Taw from 24th to 28th June, 2019.

2.         In the Workshop, the experts from OAGN discussed and made the presentations about the pre study phase such as the experiences of auditing of the procurement and distribution of drugs and irrigated water storage and distribution from constructed dams of the PA Teams, selecting the audit problem related to the pre-study phase, selecting the audit topic, defining materiality, audit risks and audit criteria, considering points in preparing the audit scope, audit design and work plan related to the main study phase, making presentations related to the main study in groups.

3.         By holding the Workshop, the participants gained the knowledge about the facts conducted in pre study phase and main study phase and the audit procedures to be conducted effectively in the field work.

4.         The Director General from the Audit Department, the Deputy Director Generals from the Audit Department and the responsible persons from the PA Teams from OAGM, State and Region Audit Offices who conducted the PA such as Drugs and Irrigation Areas, a total number of 43, attended the workshop.

5.         At the last day of Workshop, the experts from OAGN met with the Permanent Secretary and Director Generals (Audit Department). They discussed the way forwards for conducting Performance Audit on two areas of Drugs and Irrigation such as holding workshops for the main study phase, field work and reporting, doing Skype meeting with the PA experts and holding workshop for the Environmental Audit.

Performance Audit (PA) Workshop ကျင်းပပြုလုပ်ခြင်း

Performance Audit (PA) Workshop ကျင်းပပြုလုပ်ခြင်း

၁။         နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ Experts များဖြစ်ကြသည့် Mrs. Ingvild Gulbrandsen၊ Mr.Haakon Jernsletten နှင့် Ms. Hege Maaso တို့မှ ဦးဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ Procurement and Distribution of Drugs နှင့် Irrigated Water Storage and Distribution from Constructed Dams တို့ကို Performance Audit ဆောင်ရွက်သည့်အဖွဲ့များနှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         အလုပ်ရုံဆွေးနွေးပွဲ၌ Procurement and Distribution of Drugs နှင့် Irrigated Water Storage and Distribution from Constructed Dams တို့ကို Performance Audit ဆောင်ရွက်သည့် အဖွဲ့များနှင့် Performance Audit ၏ Pre-Study ပိုင်းအားဆောင်ရွက်ရာ၌ တွေ့ကြုံခဲ့ရသည့် အခြေအနေများ နှင့်စပ်လျဉ်း ၍ Discussion နှင့် Presentations များပြုလုပ်ခြင်း၊ Pre-Study ပိုင်းနှင့်စပ်လျဉ်း၍ Audit Problem ရွေးချယ်ခြင်း၊ Audit Topic ရွေးချယ်ခြင်း၊ Materiality၊ Audit Risks နှင့် Audit Criteria များ သတ်မှတ်ခြင်း စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ Main-Study နှင့်စပ်လျဉ်း၍လည်း Audit Scope၊ Audit Design နှင့် Work Plan များ ချမှတ်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များအား ဆွေးနွေးပို့ချခဲ့ပြီး အဖွဲ့များအား Main-Study နှင့်စပ်လျဉ်း၍ Presentations များ ပြုလုပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။         အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းအားဖြင့် တက်ရောက်သူများအား Performance Audit ၏     Pre-Study ပိုင်းနှင့် Main-Study ပိုင်းတို့တွင် ဆောင်ရွက်ရမည့်အချက်များနှင့် Fieldwork တွင် ထိရောက်စွာ စစ်ဆေးနိုင်ရန် ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေပါသည်။

၄။         အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး) နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ Drugs နှင့် Irrigation တို့ကို Performance Audit ဆောင်ရွက် သည့်တာဝန်ရှိသူများ စုစုပေါင်း (၄၃)ဦး တက်ရောက်ခဲ့ပါသည်။

၅။        အလုပ်ရုံဆွေးနွေးပွဲနောက်ဆုံးရက်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)တို့ထံ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Experts များကလာရောက် တွေ့ဆုံခဲ့ပြီး Performance Audit ၏ Main-Study ပိုင်းနှင့်စပ်လျဉ်း၍ Field Work နှင့် Reporting အတွက် Workshop များ ကျင်းပခြင်း၊ Experts များနှင့် Skype Meeting ဆောင်ရွက်ခြင်း၊ Environmental Audit အတွက် ရှေ့ကာလ Workshop များကျင်းပခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ကြပါသည်။ 

စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၄၉ သင်တန်းဖွင့်ပွဲ အခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ( ၁ ) ရက်နေ့

၁။      ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ( ၁ ) ရက်နေ့ နံနက် ( ၉ : ၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၄၉ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ၊  ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ / သင်တန်းသား (၁၀၁) ဦး တက်ရောက်ခဲ့ပါသည်။

၃။      အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -

  • ယခုဖွင့်လှစ်သော သင်တန်းသည် စာရင်းစစ် - ၃ များအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဖြစ်၍ အရေးကြီးသော သင်တန်းဖြစ်ကြောင်း၊
  • စာရင်းစစ် - ၃ များသည် အခြေခံစာရင်းပညာ သင်ယူတတ်မြောက်ပြီးသူများဖြစ်ကြသော်လည်း လုပ်ငန်းခွင်တွင် လက်တွေ့ကျကျ ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ရန် ကျွမ်းကျင်မှုများ လိုအပ်နေသေးသည့်အတွက် ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
  • စာရင်းစစ် - ၃ များသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များ (Public Sector Auditors) ဖြစ်ကြသဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ အပ်နှင်းထားသော စာရင်းစစ်ဆေးခြင်းလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊
  • ယခုသင်တန်းတွင် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ အခြေခံစာရင်းပညာများ၊ စာရင်းစစ်ဆေးရာတွင် ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းများနှင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များစသည့် စာရင်းစစ်များ သိသင့်သိထိုက်သည်များကို ပို့ချပေးသွားမှာဖြစ်ကြောင်း၊
  • လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချရမည့် ဗဟုသုတ၊ ပညာများကို ပို့ချပေးခြင်းဖြစ်၍ ပို့ချသည့်သင်ခန်းစာများအားလုံး ကျေညက်ဖို့လိုကြောင်း၊
  • အများနှင့်မတူသော အရည်အချင်းရှိရန် ဉာဏ်ရည်ထက်မြက်မှု  ( Intelligent Quotient )၊ ရှေ့မြော်မြင်သည့်အမြင်ရှိမှု ( Vision Quotient )၊ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာမြင့်မားမှု   ( Technical Skill and Ethics Quotient )၊ တီထွင်ဖန်တီးနိုင်မှု ( Creative Quotient )၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာကျွမ်းကျင်မှု ( Digital Quotient )၊ အတွေ့အကြုံရှိမှု ( Experience Quotient ) နှင့် အရေးကြီးဆုံးအချက်ဖြစ်သော စိတ်ခံစားမှုဆိုင်ရာတည်ငြိမ်မှု ( Emotional Quotient ) စသည့် Quotient (၇) ချက်နှင့် ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ကြောင်း၊
  • မိမိ၏ အထက်အကြီးအကဲက မိမိအပေါ် မျှော်လင့်သော အားကိုးအားထား ပြုနိုင်မှု(Reliability) ၊ အပေါင်းလက္ခဏာဆောင်သောအမြင်ရှိမှု(Positivism) ၊  တိုးတက်အောင်မြင်အောင် လုပ်ကိုင်လိုသော ဆန္ဒရှိမှု (Ambition) ၊ ကြိုးစားအားထုတ်မှု (Applicataion) နှင့် အဖွဲ့အစည်းအပေါ်သစ္စာရှိမှု (Loyalty) အချက်များကိုလည်း ဖြည့်ဆည်းနိုင်အောင် ကြိုးစားကြရန် မှာကြားလိုကြောင်း၊
  • သင်တန်းတွင် ပို့ချခဲ့သည်များကို ပြန်လည်ဆန်းစစ်သော စာမေးပွဲဖြေဆိုကြရမှာဖြစ်သဖြင့် ကြိုးစားလေ့လာသင်ယူကြစေလိုပြီး နိုင်ငံအတွက် အားကိုးရသော စာရိတ္တကောင်းမွန်သော ဝန်ထမ်းကောင်းများဖြစ်ရေး ကြိုးပမ်းကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း။

၄။      သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ( ၉ : ၃၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

The Auditor General of the Union received the delegation of ISCA, TF Intl and MICPA
  1. U Maw Than, the Auditor General of the Union, received Mr. Kon Yin Tong, President of Institute of Singapore Chartered Accountants (ISCA), Mr. Gerald Yeo, Senior Director of Teamasek Foundation International (TF Intl) and U Wan Tin, Chairman of Myanmar Institute of Certified Public Accountants (MICPA), at the Call Room of the Office of the Auditor General of the Union, Nay Pyi Taw at 12:30 pm on 26th June, 2019.

  1. During the meeting, the delegates from ISCA shared Singapore’s experiences on accounting-related topics; and discussed that ISCA and TF Intl will explore the possibility of organizing a programme that aims to promote dialogue and exchange best practices in key areas that are important for the accountancy profession of both Myanmar and Singapore.

  1. The Permanent Secretary, the Director General (Audit Department), the Deputy Director Generals and responsible persons from the office of the Auditor General of the Union attended the meeting.
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ISCA ၊ Teamasek Foundation International (TF Intl) နှင့် MICPA တို့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။        ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် Institute of Singapore Chatered Accountants (ISCA) မှ President ဖြစ်သူ Mr.Kon Yin Tong ၊ Teamasek Foundation International (TF Intl)မှ Senior Director ဖြစ်သူ Mr.Gerald Yeo နှင့် Myanmar Institute of Certified Public Accountants (MICPA)မှ ဉက္ကဋ္ဌ ဦးဝမ်းတင်တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ခုနှစ်၊ ဇွန်လ(၂၆)ရက် နေ့၊ နေလယ် ၁၂:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌လက်ခံ တွေ့ဆုံခဲ့ပါသည်။

၂။         ထိုသို့တွေ့ဆုံရာတွင် ISCA မှ ကိုယ်စားလှယ်များကစာရင်းကဏ္ဍနှင့်စပ်လျဉ်း၍ စင်္ကာပူနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပြီး ISCA နှင့် TF Intl တို့သည် မြန်မာနှင့်စင်္ကာပူတွင် စာရင်းကိုင်လုပ်ငန်းအတွက် အရေးပါသောနယ်ပယ်များတွင် အကောင်းဆုံးအလေ့အထများဖလှယ်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ရည်ရွယ်၍  အစီအစဉ်တစ်ခုကိုဖော်ဆောင်သွားမည် ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။

၃။        အဆိုပါ တေွ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Conducting the Extractive Industry (EI) Sector and Compliance Audit (CA) Workshop

  1.  The experts from Office of the Auditor General of Norway (OAGN), Mr. Anders Pilskog and Ms. Ann-Kristrin Nymo, made the Extractive Industry (EI) Sector and Compliance Audit (CA) Workshop with the Compliance Audit Team who will conduct the Extractive Industry Sector from the Office Of the Auditor General of the Union of Myanmar (OAGM) at the Meeting Room of the Office of the Auditor General of the Union, Nay Pyi Taw from 13th to 21st June, 2019.
  2. In the Workshop, the experts from OAGN reviewed and recommended on the Audit Plan, the subject Matter, the Audit Objectives, Audit Criteria and Risk determined by the Compliance Audit Team in the Planning Phase and the Compliance Audit Teams completed and finalized the Planning Phase by working as Group – Work Session. The experts also explained the case studies of SAI Peru and SAI Kenya regarding the loss of substantial revenue due to overstating their project costs of Oil and Gas Companies, the Guide to Australian Practice about mineral royalties and other mining specific taxes. And the experts also presented the audit procedures in the Execution Phase and the facts to be included in the Execution Phase of the Compliance Audit Handbook.
  3.  By holding the workshop, the participants gained the knowledge about the facts needed to fulfill in the Planning Phase, the audit experience about EI Sector of other SAIs and the audit procedures to be conducted effectively in the field work.
  4. The Deputy Director Generals from the Audit Department and the responsible persons from the Compliance Audit Team, a total number of 25, attended the workshop.
  5. At the last day of Workshop, the experts from OAGN met with Permanent Secretary and Director General (Audit Department). They discussed the way forwards for conducting Compliance Audit on two areas of EI Sector such as preparing the audit program, doing Skype meeting with the experts, holding workshops for field work and reporting.
Extractive Industry (EI) Sector and Compliance Audit (CA) Workshop ကျင်းပပြုလုပ်ခြင်း

၁။        နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ Experts များဖြစ်ကြသည့် Mr. Anders Pilskog နှင့်        Ms. Ann-Kristrin Nymo တို့မှဦးဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ Extractive Industry (EI) Sectorကို Compliance Audit ဆောင်ရွက်မည့်အဖွဲ့နှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့ထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         အလုပ်ရုံဆွေးနွေးပွဲ၌ Mining နှင့် Oil & Gas တို့ကိုဆောင်ရွက်မည့် Compliance Audit ၏ Planning Phase တွင်စာရင်းစစ်အဖွဲ့များက ရေးဆွဲထားသော Audit Plan ၊ သတ်မှတ်ထားသော Subject Matter ၊ Audit Objective ၊ Audit Criteria နှင့် Risk တို့ကို Expertများကသုံးသပ်အကြံပြုခြင်း၊ Planning Phase အပြီးသတ်ရန်အတွက် Group-Work ဆောင်ရွက်ခြင်း၊ Oil & Gas ကုမ္ပဏီများတွင် စီမံကိန်းကုန်ကျစရိတ်ကို ပိုမိုဖော်ပြသည့်အတွက် ဆက်စပ်ရရှိမည့်ဝင်ငွေလျော့နည်းမှု များကိုစစ်ဆေးတွေ့ရှိခဲ့သည့် ပီရူးစာရင်းစစ်ချုပ်ရုံးနှင့် ကင်ညာစာရင်းစစ်ချုပ်ရုံးတို့၏ Case Study များကို ရှင်းလင်းတင်ပြခြင်း၊ သတ္တုကဏ္ဍဆိုင်ရာခိုင်ကြေးများ၊ အခြားသတ္တုကဏ္ဍဆိုင်ရာ အထူးအခွန်များနှင့်စပ်လျဉ်း၍ ဩစတြေးလျနိုင်ငံ၏ လိုက်နာဆောင်ရွက်ရသည့် လမ်းညွှန်ချက်များ၊ Execution Phase တွင် စာရင်းစစ်အဖွဲ့က ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ CA Handbook တွင် ထည့်သွင်းရေးသား မည့် Execution phase နှင့်စပ်လျဉ်းသည့် အချက်အလက်များအတွက် Presentations များပြုလုပ်ပေးခြင်းစသည့်တို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။        အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းအားဖြင့် တက်ရောက်သူများအား Compliance Audit ၏ Planning Phase တွင်ပြည့်စုံအောင်ဆောင်ရွက်ရမည့်အချက်များ၊ အခြားစာရင်းစစ်ချုပ်ရုံးများ၏ EI Sector စစ်ဆေးမှုအတွေ့အကြုံများနှင့် Fieldwork တွင်ထိရောက်စွာစစ်ဆေးနိုင်ရန်ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများစသည်တို့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေပါသည်။

၄။        အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (၂) ဦး (စစ်ဆေးရေး) နှင့် Compliance Audit Team တွင်ပါဝင်ဆောင်ရွက်မည့်တာဝန်ရှိသူများ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပါသည်။

၅။        အလုပ်ရုံဆွေးနွေးပွဲနောက်ဆုံးရက်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)တို့ထံ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Experts များကလာရောက် တွေ့ဆုံခဲ့ပြီး Compliance Audit ဆောင်ရွက်မည့် EI Sector ၏ ဧရိယာ(၂)ခုအတွက် Audit Program ရေးဆွဲခြင်း၊ Experts များနှင့် Skype Meeting ဆောင်ရွက်ခြင်း၊ Field Work နှင့် Reporting အတွက် Workshop များကျင်းပခြင်း၊ ရှေ့ကာလဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။   

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုးခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ် စာရင်းစစ်ဝန်ထမ်းများနှင့်တွေ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုးခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ် စာရင်းစစ်ဝန်ထမ်းများနှင့်တွေ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် လိုက်ပါလျက် ၁၁-၆-၂၀၁၉ မှ ၁၄-၆-၂၀၁၉ ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုး ခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

            ရှေးဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ရုံးများ၏ စီမံရေးရာနှင့် စစ်ဆေးရေးလုပ်ငန်းအခြေ အနေကို သိရှိရန်လာရောက်ခြင်းဖြစ်ကြောင်း၊ စာရင်းကိုင်စာရင်းစစ်လုပ်ငန်းသည် အပြစ်ကင်းစင် သော လုပ်ငန်းဖြစ်ပြီး၊ မွန်မြတ်ကောင်းမွန်သော အသက်မွေးဝမ်းကြောင်းဖြစ်ကြောင်း၊ ဤအလုပ်ကို အထောက်အကူရရှိစေရန် အောက်ပါအချက်များကို မှာကြားလိုကြောင်း ပြောကြားပါသည်။

            မှာကြားလိုသည့် ပထမအချက်မှာ အဆင့်ဆင့်အကြီးအကဲများမှ ဝန်ထမ်းများအပေါ် ထားရှိ သည့် မျှော်လင့်ချက်များကို အသိ‌ပေးလိုကြောင်း၊ ၎င်းတို့မှာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအလိုက်   ဖြစ်စေ၊ အားကိုးလောက်သည့် ယုံကြည်မှုရရှိလိုခြင်း၊ နာမည်ကောင်းရရှိစေရန် ရိုးသားကြိုးစားစေ ခြင်း၊ အကောင်းမြင်ဝါဒကို စွဲကိုင်ထားစေလိုခြင်း၊ ကြီးပွားတိုးတက်လိုသည့် စိတ်ရှိပြီး၊ ရာထူးတိုး ချင်စိတ်ရှိရန်လိုခြင်း၊  ကိုယ့်အလုပ်ကို ကျွမ်းကျင်မှုရှိစေလိုခြင်း၊ အလုပ်အပေါ် တာဝန် ယူမှု၊ တာဝန် ခံမှုရှိရမည်ဖြစ်ခြင်း၊ ကတိသစ္စာတည်မြဲစေလိုခြင်း တို့ကို ပြောကြားခဲ့ပါသည်။

            ဒုတိယအချက်အနေဖြင့် စာရင်းပညာလောကမှာ ပညာရှင်များ၊ ပညာသည်များ ကျင့်ဝတ်(၅) ခုဖြစ်သည့် ဖြောင့်မတ်၊ တည်ကြည်၊ သိက္ခာ၊ သမာဓိ ရှိခြင်း၊ နည်းပညာရပ်ဆိုင်ရာနှင့်ပတ်သက်၍ ကျွမ်းကျင်မှုရှိခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အစစအရာရာ လုံ့လဝိရိယထားရှိခြင်း၊ ပွင့်လင်း မြင်သာမှု ရှိရမည်ဆိုသော်လည်း ဥပဒေဘောင်အတွင်း ထုတ်ဖော်မပြောရမည့် ကိစ္စရပ်များကို လျှို့ဝှက်ထိန်းသိမ်းရမည်ဖြစ်ခြင်း၊ ကိုယ့်အဖွဲ့ အကျိုးစီးပွား၊ စစ်ဆေးခံအဖွဲ့အစည်း အကျိုးစီးပွား၊ ပြည်သူလူထုအကျိုးစီပွားတို့ကို လုပ်ကိုင်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာ့ယဉ်ကျေးမှုဘောင်အတွင်း ငါးပါးသီလ လုံခြုံစေပြီး အချင်းချင်း မေတ္တာ၊ ဂရုဏာ ထားရန် လိုအပ်ကြောင်း ပြောကြားပါသည်။

            တတိယအချက်အနေဖြင့် ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ မိတ္တဗလ၊ ဉာဏဗလ၊ စိတ္တဗလ၊ ဘောဂဗလတို့ဖြင့် ပြည့်စုံအောင်နေလျှင် ကြီးပွားတိုးတက်မည်ဖြစ်ကြောင်းနှင့် စတုတ္ထအချက် အနေ ဖြင့် မိမိတို့ရုံး ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦးကိုယ့်အထက်၊ ကိုယ့်အောက် အပြန်အလှန် လေးစားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားပါသည်။

            အလုပ်ကို ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်ရန်လိုခြင်း၊ မွေ့လျော်အောင် နေရန်လိုအပ်ခြင်း၊ ကိုယ်ရောက်တဲ့အရပ်မှာ ကိုယ့်အရပ်လို သဘောထားပြီး အဝေးမှရောက်ရှိလာ သောဝန်ထမ်းများကိုလည်း ဒေသခံများမှ နွေးထွေးပျူငှာစွာ ဆက်ဆံရန်လိုခြင်း၊ ကိုယ်ရောက်နေ သည့်ကာလအတွင်း ဒေသန္တရ ဗဟုသုတများ၊ ဓလေ့စရိုက် ယဉ်ကျေးမှုများကို လေ့လာစေလို ကြောင်း ပြောကြားခဲ့ပါသည်။

            ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက် ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဆိုသည်နှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ စစ်ဆေးခြင်းတွင် တီထွင်ဆန်းသစ်မှုများ မြှင့်တင်ခြင်း၊ ပြုပြင်ပြောင်းလဲမှုများလိုက်လျောညီထွေမှု ရှိရန်လိုခြင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသော ညွှန်ကြားချက် များ၊ အရအသုံးဥပဒေများ၊ ကြွေးမြီဥပဒေများ၊ အခွန်အကောက်ဥပဒေများ၊ မြေပြင်အခြေအနေနှင့် လိုက်လျောမှုရှိမရှိစစ်ဆေးရန်လိုကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများသည် ရငွေများကို ပြည့်ဝ အောင်ရရှိစေရေး၊ အသုံးစရိတ်များကို ခြိုးခြိုးခြံခြံသုံးစွဲစေရေးနှင့် လုပ်ငန်းဆောင်ရွက်ချက်များသည် စွမ်းရည်ပြည့်ဝပြီး ထိရောက်အောင်မြင်မှု ရှိမရှိ စစ်ဆေးရမည်ဖြစ်ကြောင်းကို လမ်းညွှန်ပြောကြားခဲ့ ပါသည်။

            နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အားလုံး စည်းလုံးညီညွတ်စွာနှင့် ပေးထားသည့် တာဝန်များကို လိုလိုလားလားဆောင်ရွက်ရန် ၊ မိမိကိုယ်တိုင် မွေ့လျော်ပျော်အောင် နေရန်လိုကြောင်း၊ စိတ်ချမ်းသာပျော်ရွှင်မှုရှိတဲ့ သူနှင့် ပျော်ရွှင်မှုမရှိတဲ့သူတွေကြား လုပ်ငန်းဆောင် ရွက်မှု 25% ကွာခြားနိုင်ကြောင်းတွေ့ရသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း ရှိ မည်သည့်အရပ်ဒေသတွင်မဆို ကိုယ့်အရပ်ဒေသလို့ မှတ်ယူနေထိုင်ကြစေလိုကြောင်း လမ်းညွှန် ပြောကြားခဲ့ပါသည်။

            ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊ အမြဲတမ်းအတွင်းဝန်မှ မှာကြားရာတွင်     ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒ ၂၀၁၈ ပြင်ဆင်ချက်အရ လုပ်ငန်းတာဝန်များ ပိုမိုကြီးမားလာ ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရိုးသားဖြောင့်မတ်သည့် စိတ်ဓာတ်နှင့်စစ်သင့်        စစ်ထိုက်သည့် ဧရိယာမှန်ကန်စွာ ရွေးချယ်စစ်ဆေးရမည်ဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိချက်အစီရင်ခံ စာရေးသားရာတွင် ကျစ်လစ်သိပ်သည်းစွာဖြင့် မချွင်းမချန် ရေးသားရန်လိုကြောင်း၊ ရုံးချုပ်တွင် Performance  Audit ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဝန်ထမ်းများ ပညာရပ်ဆိုင်ရာများ တိုးတက် ရန်လိုအပ်သဖြင့် စာများများဖတ်ရန်၊ ဗဟုသုတကြွယ်ဝရန်လိုကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၏ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ရန်နှင့် ဝန်ထမ်းတစ်ဦးချင်းမှစ၍  ကျင့်ဝတ်သိက္ခာရှိပြီး အားလုံး ၏ စံပြဖြစ်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

Pages

Subscribe to Front page feed