OFFICE OF THE AUDITOR GENERAL OF THE UNION

မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဟာတန်းနှင့်နောက်ဆုံးနှစ် ကျောင်းသူ / ကျောင်းသားများ အလုပ်သင်လေ့လာမှု အရည်အချင်းပြည့်မီစွာ ပြီးမြောက်ခြင်း နှုတ်ဆက်ပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ် ၊   မေ လ  ၃၁ ရက်

၁။      ၂၀၁၉ခုနှစ်၊ မေ လ ၃၁ ရက်နေ့ မွန်းလွဲ (၁ : ၃၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ စုပေါင်းခန်းမ၌ မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဟာတန်းနှင့်နောက်ဆုံးနှစ် ကျောင်းသူ/ ကျောင်းသားများ အလုပ်သင်လေ့လာမှု အရည်အချင်းပြည့်မီစွာ ပြီးမြောက်ခြင်း နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် အလုပ်သင်မောင်မယ် ( ၁၄ ) ဉီး တက်ရောက်ခဲ့ပါသည်။          

၃။      အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -

-   ဤရုံးအပါအဝင်   စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်စသည့် တိုင်းဒေသကြီး ၄ ခု နှင့် မွန်၊ ရှမ်း၊ ကချင်နှင့် ချင်းစသည့် ပြည်နယ် ၄ ခုတို့မှ စုစုပေါင်း အနာဂတ်မျိူးဆက်သစ် ၁၀၅ ဉီးတို့သည် အလုပ်သင်လေ့လာခြင်း အရည်အချင်းပြည့်မီစွာ ပြီးမြောက်အောင်မြင်သည့်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါကြောင်း၊

-   အလုပ်သင်မောင်မယ်များအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အဓိကတာဝန်တစ်ရပ်ဖြစ်သော နိုင်ငံတော်အရအသုံးစာရင်းများ စစ်ဆေးခြင်းအပါအဝင် ဤရုံး၏ ဖွဲ့စည်းပုံအဆင့်ဆင့်၊ စာရင်းစစ်ဆေးခြင်းနည်းလမ်းများ၊ စာရင်းစစ်လုပ်ငန်း မှတ်တမ်းပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ လုပ်ငန်းအထောက်အထားများ မှတ်တမ်းတင်ရေးသွင်းပုံများကို သင်ကြားပို့ချပေးခဲ့ကြောင်း၊

-   အလုပ်သင်မောင်မယ်များသည် စာရင်းစစ်ဆေးခြင်းလုပ်ငန်းကို စာတွေ့သာမက မြေပြင်တွင်စစ်ဆေး ဆောင်ရွက်လျက်ရှိသည့် စာရင်းစစ်အဖွဲ့များနဲ့ လိုက်ပါလေ့လာခွင့်များရရှိခဲ့ကြသဖြင့် များစွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊

-   အစိုးရဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ငွေကြေးကိစ္စရပ်များကို စီမံခန့်ခွဲရာတွင် ကျင့်သုံးရမည့် ဘဏ္ဍာရေးစည်းမျဉ်းများကို ပို့ချပေးခဲ့သည့်အတွက် ဗဟုသုတများတိုးပွားစေမည် ဖြစ်ပါကြောင်း၊

-   နိုင်ငံ့ဘဏ္ဍာငွေကိုအသုံးပြုသည့် ဌာန၊ အဖွဲ့အစည်းတိုင်းသည် မည်သည့်အတိုင်းအတာအထိ ပွင့်လင်းမြင်သာမှုရှိသည်၊ တာဝန်ခံမှုရှိသည်၊ စွမ်းဆောင်ရည်ပြည့်ဝသည်ဆိုသည့်အချက်များကို ဥပဒေနှင့်အညီ စာရင်းစစ်ဆေးမှုခံယူခြင်းဖြင့်လည်း ပြသနိုင်ပါကြောင်း၊

-   နိုင်ငံဝန်ထမ်းတစ်ဦးအနေဖြင့် ထမ်းဆောင်ရမည့်တာဝန်၊ ခံစားနိုင်သည့်အခွင့်အရေးနှင့် လိုက်နာရမည့်ကျင့်ဝတ်များကိုလည်း ကထိကများက မျှဝေပို့ချခဲ့ပါကြောင်း၊

-   မိမိတို့ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ စိတ်ပါဝင်စားစွာ လာရောက်လေ့လာပြီး အသိပညာဆည်းပူးခဲ့ကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊

-   အလုပ်သင်မောင်မယ်များသည် တက္ကသိုလ်များက သင်ကြားပေးလိုက်သော အသိပညာ၊ အတတ်ပညာများကို နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် အသုံးချနိုင်သည့် အခွင့်အလမ်းများရှိနေကြတာဖြစ်၍ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေး ခရီးလမ်းတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ကြစေရန် တိုက်တွန်းပါကြောင်း။

            ၄။      ပြည်ထောင်စုစာရင်းစစ်ချုပ်မှ အလုပ်သင်မောင်မယ်များအား အလုပ်သင်ပြီးမြောက်ကြောင်း အသိမှတ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ ( ၂  : ၀၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် Legal Framework of the Office of the Auditor General of the Union in line with INTOSAI Standards and Practices ဆွေးနွေးပွဲနှင့် နေ့လယ်စာစားပွဲသို့ တက်ရောက်

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းနှင့် တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ နံနက် ၈:၃၀ နာရီတွင် နေပြည်တော်၊ Park Royal Hotel ၌ EU GOPA ၏ My Governance Project မှ ကြီးမှူးကျင်းပသည့် Legal Framework of the Office of Auditor General of the Union in line with INTOSAI Standards and Practices ဆွေးနွေးပွဲနှင့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့်သက်ဆိုင်သည့် ဥပဒေမူဘောင်ကို နိုင်ငံတကာစာရင်း စစ်ချုပ်ရုံးများအဖွဲ့ (INTOSAI) ၏ စံများနှင့်အညီဖြစ်အောင်ပြင်ဆင်၍ လက်တွေ့ဆောင်ရွက်နေမှုများကို ဥပဒေမူဘောင်နှင့်အညီ ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ပါသည်။

ပထမဉီးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General ဖြစ်သူ Ms. Tora Jarlsby က SAI Mandate and Independence: International Best Practices နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဉီးက Practices of Union Auditor General Office and Challenges နှင့်စပ်လျဉ်း၍လည်းကောင်း၊ My Governance Project မှ Senior Legal Consultant ဖြစ်သူ ဒေါက်တာဒေါ်ခင်မာရီက Comparison between Myanmar Legal Framework and International Standards of Supreme Audit Institutions (ISSAI) နှင့်စပ်လျဉ်း၍လည်း ကောင်းဆွေးနွေးကြရာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံဆိုင်ရာဉရောပသမဂ္ဂ၏ My Governance Project ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Auditor General of the Union attended the Working Lunch on Legal Framework of the Office of the Auditor General of the Union (OAGM) in line with INTOSAI Standards and Practices

U Maw Than, the Auditor General of the Union and the responsible persons attended the Working Lunch on Legal Framework of OAGM in line with INTOSAI Standards and Practices hosted by My Governance Project of EU, GOPA at Park Royal Hotel, Nay Pyi Taw at 8:30 a.m on 25th May 2019. This meeting was held for amending the legal framework of OAGM in line with the INTOSAI standards and for having practices in line with the legal framework.

Firstly, the Auditor General of the Union delivered his opening speech. And then, Ms. Tora Jarlsby, Director General from the Office of the Auditor General of Norway discussed SAI Mandate and Independence: International Best Practices; Daw Naing Thet Oo, Permanent Secretary from OAGM presented the Practices of Union Auditor General Office and Challenges; Dr. Daw Khin Mar Yee, Senior Legal Consultant from My Governance Project presented Comparison between Myanmar Legal Framework and International Standards of Supreme Audit Institutions (ISSAI); there were recommendations of the participants, questions and answers after the presentations.

The responsible persons from the Joint Public Accounts Committee, Joint Committee to Amend the 2008 Constitution, Joint Bill Committee, Union Attorney General Office, Office of the Auditor General of the Union, Union Civil Service Board, Ministry of Planning and Finance, Office of the Auditor General of Norway and the Delegation from My Governance Project, EU GOPA attended the meeting.     

Auditor General of the Union received the Director General from the Office of the Auditor General of Norway

U Maw Than, the Auditor General of the Union, received Ms. Tora Jarlsby, the Director General from the Office of the Auditor General of Norway (OAGN), in the Call Room of the Office of the Auditor General of the Union (OAGM), Nay Pyi Taw at 9:45 a.m on 24th May 2019.

During the meeting, they discussed the matters concerning the GAP Analysis for OAGM Legal Framework against the International Standards prepared by the EU Experts, recruitment and budgeting, submitting the audit report to the Parliament, transparency and providing support from OAGN for the Data Analysis.   

The Permanent Secretary, the Director General (Audit Department) and the responsible persons from the OAGM attended the meeting.  

The responsible persons for the management led by the Permanent Secretary and Ms. Tora Jarlsby met in the meeting room from a session of 10:30 a.m to 12:00 noon and the second session of 1:30 p.m to 3:00 p.m, and the latter shared experiences on the organizational changes, new audit techniques, ongoing programs, and modernization in OAGN; matters concerning reform processes and challenges for the legal framework, organizational structure and capacity building in auditing of OAGM were discussed.

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General ဖြစ်သူ Ms. Tora Jarlsbyအား ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ နံနက် ၉:၄၅ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဤရုံး၏ ဥပဒေမူဘောင်ကို EU Expertများက နိုင်ငံတကာစံများနှင့် နှိုင်းယှဉ်၍ ဆောင်ရွက်ပေးထားသော GAP Analysis ဆိုင်ရာကိစ္စ၊ ဝန်ထမ်းခန့်အပ်မှုနှင့် ဘတ်ဂျက်ဆိုင်ရာကိစ္စ၊ စာရင်းစစ်အစီရင်ခံစာကို လွှတ်တော်သို့တင်ပြမှု၊ ပွင့်လင်းမြင်သာမှုဆိုင်ရာကိစ္စနှင့် Data Analysis အတွက် နော်ဝေစာရင်းစစ်ချုပ်ရုံးက အကူအညီပေးမည့် ကိစ္စရပ်များအားဆွေးနွေးကြခဲ့ ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှုးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အမြဲတမ်းအတွင်းဝန်ဉီးဆောင်သော စီမံခန့်ခွဲရေးပိုင်းမှ တာဝန်ရှိသူများနှင့်  Ms. Tora Jarlsby တို့သည် နံနက် ၁၀:၃၀ နာရီမှ ၁၂:၀၀ နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁:၃၀ နာရီမှ ၃:၀၀ နာရီအထိ တစ်ကြိမ် ဤရုံး အစည်းအဝေးခန်း၌ တွေ့ဆုံခဲ့ကြရာတွင် Ms. Tora Jarlsbyက နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ ဖွဲ့စည်းပုံဆိုင်ရာပြောင်းလဲမှုများ၊ စစ်ဆေးရေးနည်းလမ်းသစ်များ၊ ဆောင်ရွက်နေသည့်အစီအစဉ်များနှင့် ခေတ်မီပြောင်းလဲတိုးတက်နေမှုများနှင့်စပ်လျဉ်းသော အတွေ့အကြုံများကိုမျှဝေပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဥပဒေဆိုင်ရာမူဘောင်၊ ဖွဲ့စည်းပုံနှင့် စစ်ဆေးရေးစွမ်းဆောင်ရည်တိုးတက်မြင့်မား စေရေးတို့အတွက်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် တွေ့ကြုံရမည့်စိန်ခေါ်မှုများကိုဆွေးနွေးခဲ့ကြ ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် Legal Framework of the Office of the Auditor General of the Union in line with INTOSAI Standards and Practices ဆွေးနွေးပွဲနှင့် နေ့လယ်စာစားပွဲသို့ တက်ရောက်

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းနှင့် တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ နံနက် ၈:၃၀ နာရီတွင် နေပြည်တော်၊ Park Royal Hotel ၌ EU GOPA ၏ My Governance Projectမှ ကြီးမှူးကျင်းပသည့် Legal Framework of the Office of Auditor General of the Union in line with INTOSAI Standards and Practices ဆွေးနွေးပွဲနှင့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့်သက်ဆိုင်သည့် ဥပဒေမူဘောင်ကို နိုင်ငံတကာစာရင်း စစ်ချုပ်ရုံးများအဖွဲ့ (INTOSAI) ၏ စံများနှင့်အညီဖြစ်အောင်ပြင်ဆင်၍ လက်တွေ့ဆောင်ရွက်နေမှုများကို ဥပဒေမူဘောင်နှင့်အညီ ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ပါသည်။

ပထမဉီးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General ဖြစ်သူ Ms. Tora Jarlsby က SAI Mandate and Independence: International Best Practices နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဉီးက Practices of Union Auditor General Office and Challenges နှင့်စပ်လျဉ်း၍လည်းကောင်း၊ My Governance Project မှ Senior Legal Consultant ဖြစ်သူ ဒေါက်တာဒေါ်ခင်မာရီက Comparison between Myanmar Legal Framework and International Standards of Supreme Audit Institutions (ISSAI) နှင့်စပ်လျဉ်း၍လည်း ကောင်းဆွေးနွေးကြရာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံဆိုင်ရာဉရောပသမဂ္ဂ၏ My Governance Project ကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General ဖြစ်သူ Ms. Tora Jarlsby အား ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ နံနက် ၉:၄၅ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဤရုံး၏ ဥပဒေမူဘောင်ကို EU Expert များက နိုင်ငံတကာစံများနှင့် နှိုင်းယှဉ်၍ ဆောင်ရွက်ပေးထားသော GAP Analysis ဆိုင်ရာကိစ္စ၊ ဝန်ထမ်းခန့်အပ်မှုနှင့် ဘတ်ဂျက်ဆိုင်ရာကိစ္စ၊ စာရင်းစစ်အစီရင်ခံစာကို လွှတ်တော်သို့တင်ပြမှု၊ ပွင့်လင်းမြင်သာမှုဆိုင်ရာကိစ္စနှင့် Data Analysis အတွက် နော်ဝေစာရင်းစစ်ချုပ်ရုံးက အကူအညီပေးမည့် ကိစ္စရပ်များအား ဆွေးနွေးကြခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှုးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အမြဲတမ်းအတွင်းဝန်ဉီးဆောင်သော စီမံခန့်ခွဲရေးပိုင်းမှ တာဝန်ရှိသူများနှင့်  Ms. Tora Jarlsby တို့သည် နံနက် ၁၀:၃၀ နာရီမှ ၁၂:၀၀ နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁:၃၀ နာရီမှ ၃:၀၀ နာရီအထိ တစ်ကြိမ် ဤရုံး အစည်းအဝေးခန်း၌ တွေ့ဆုံခဲ့ကြရာတွင် Ms. Tora Jarlsby ကနော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများ၊ စစ်ဆေးရေးနည်းလမ်းသစ်များ၊ ဆောင်ရွက်နေသည့်အစီအစဉ်များနှင့် ခေတ်မီပြောင်းလဲတိုးတက်နေမှုများနှင့်စပ်လျဉ်းသော အတွေ့အကြုံများကိုမျှဝေပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ဥပဒေဆိုင်ရာမူဘောင်၊ ဖွဲ့စည်းပုံနှင့် စစ်ဆေးရေးစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးတို့အတွက် ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် တွေ့ကြုံရမည့်စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ မေ (  ၂၇   ) ရက်

၁။      ၂၀၁၉ ခုနှစ်၊ မေလ ( ၂၄ ) ရက်နေ့ မွန်းလွဲ  ၃:၃၀နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၈၃)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။      အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -

  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ “ စာရင်းပညာတိုးတက်ပြန့်ပွားရေး ” နှင့် “လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရေး” ရည်ရွယ်ချက်ဖြင့် မိမိတို့ လက်တွေ့ဆောင်ရွက်ခဲ့သည့် စစ်ဆေးရေးလုပ်ငန်းများ၏ အတွေ့အကြုံများ ကို အခြေပြုကာ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အလေ့အထများနှင့် နှိုင်း ယှဉ်သုံးသပ်ကာ အကြောင်းအရာစုံလင်စွာဖြင့် ပို့ချဆွေးနွေးပေးထားကြောင်း၊
  • သင်တန်းသား/ သူများ၏ လက်တွေ့ တွေ့ကြုံရသည့်အခက်အခဲများကို သိမ်မွေ့စွာ ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ၏ မူဘောင်ဖြစ်သည့် Lima Declaration နှင့် Mexico Declaration တို့တွင် ပြဋ္ဌာန်း ထားသည်များကိုလည်း ပို့ချဆွေးနွေးပေးထားကြောင်း၊
  • သင်တန်းသား/ သူများသည် မိမိတို့ရရှိသည့် အသိပညာများကို လုပ်ဖော် ကိုင်ဘက်များအား လက်ဆင့်ကမ်းမျှဝေရန်၊ ခေတ်စနစ်နှင့်ပညာရပ်များ၏ ပြောင်း လဲနေမှုအပေါ်လိုက်လျောညီထွေလိုက်ပါနိုင်သော အရည်အချင်းကို ပြုစုပျိုးထောင် ကြစေလိုကြောင်း၊
  • မိမိတို့အဖွဲ့အစည်းက ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခင်းအကျင်း၊ အစီအမံများကို မျက်ခြည်မပြတ် သိရှိနားလည်ထားရန်လိုကြောင်း၊
  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မိမိတို့၏ လုပ်ငန်း တာဝန်များ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိနိုင်ကြောင်း၊ လုပ်ငန်းအတွက် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် တတ်သိ ပညာရှင်များ၏ ကျွမ်းကျင်မှုအကူအညီ ရယူဆောင်ရွက်ခြင်းကိုလည်း ဥပဒေအရ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊
  • မြို့နယ်အဆင့်တွင် ဦးဆောင်ရသူများဖြစ်၍ ခက်ခဲသည့်စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ မိမိတို့၏ ကိုင်တွယ်ဖြေရှင်းနိုင် စွမ်းကိုပြရန် လိုပါကြောင်း၊
  • စစ်ဆေးရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ရေး ကိုယ်စွမ်း၊ဥာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

၄။      သင်တန်းဆင်းပွဲအခမ်းအနားကို  မွန်းလွဲ   ၄:၀၀  နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Pages

Subscribe to Front page feed