ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့နံနက် ၉ : ၃၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အဆင့်မြင့်/အလယ်အလတ်အဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၉၉ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား ( ၂၇၇ ) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်-
- နိုင်ငံတော်အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဟူ၍ အဆင့် ( ၃ ) ဆင့် ခွဲခြားကာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊
- ယခုသင်တန်းသို့ ဝန်ကြီးဌာနအသီးသီးအောက်ရှိ ဦးစီးဌာနများ၊ စီးပွားရေးအဖွဲ့အစည်းများမှ သင်တန်းသူ/သား ( ၉၅ ) ဦးသည် အဆင့်မြင့်သင်တန်း၊ သင်တန်းသူ/သား ( ၁၈၂ ) ဦးသည် အလယ်အလတ်အဆင့်သင်တန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ သင်တန်းသူ/သား ( ၈၄ ) ဦးသည် အလယ်အလတ်အဆင့်သင်တန်းသို့ တက်ရောက်ခဲ့ကြသည့်အတွက် စုစုပေါင်း ( ၃၆၁ ) ဦး တက်ရောက်ခဲ့ကြကြောင်း၊
- နိုင်ငံတော်ကြီးအား ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်အဖြစ် တည်ဆောက်သည့်နေရာတွင် ဝန်ထမ်းအသီးသီးသည် ပြည်သူများ၏အကျိုးစီးပွားကို မြှင့်တင်ကာကွယ် စောင့်ရှောက်ပေးကြရမည်ဖြစ်ကြောင်း၊
- ကထိကများကလည်း နားလည်တတ်ကျွမ်းပြီး အရည်အချင်းပြည့်ဝသည့်ဝန်ထမ်းကောင်းများ ပေါ်ထွက်လာရန်အတွက် ရည်ရွယ်ချက်များထားရှိပြီး သင်ကြားပေးခြင်းဖြစ်ကြောင်း၊
- သင်တန်းတွင် သင်ကြားပေးလိုက်သည့် ဘာသာရပ်အားလုံးသည် သင်တန်းသူ/သားများ သိသင့်သိထိုက်၊ ကျွမ်းကျင်သင့်ကျွမ်းကျင်ထိုက်သည့် အခြေအနေအရပ်ရပ်ကို ခြုံငုံမိအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊
- မိမိအလုပ်ကို ကျွမ်းကျင်အောင်မြင်စွာလုပ်ကိုင်နိုင်ခြင်းအားဖြင့် မိမိသာမက မိမိတို့၏ အဖွဲ့အစည်းနှင့်နိုင်ငံအတွက်လည်းအကျိုးရှိပြီး သင်တန်းဖွင့်လှစ်ပေးသည့် ဤရုံးနှင့် သင်ကြားပို့ချပေးလိုက်သည့် ကထိကများ၏စေတနာကိုလည်း တန်ဖိုးထားရာရောက်ပါကြောင်း၊
- လုပ်ငန်းဆောင်ရွက်ရာတွင် စာရင်းများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ အမှားအယွင်းမရှိ ရေးဆွဲနိုင်ပြီး မမှန်မကန်မှု၊ လေလွင့်ဆုံးရှုံးမှုများမဖြစ်အောင် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊
- နိဂုံးချုပ်အနေနှင့် သင်တန်းသူ/သားများအားလုံးသည် နိုင်ငံဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းများစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သိက္ခာ၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာကြရန်နှင့်စာမေးပွဲကို အဆင့်ကောင်းကောင်းဖြင့် အောင်မြင်၍ မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များဖြင့် နိုင်ငံတော်နှင့်ပြည်သူများအကျိုးကို ဆထက်တိုး ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်ကြရန်မှာကြားလိုကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Holding Myanmar Public Sector Accounting Conference
1. With the support of European Union Trust Fund and Technical Assistance of the World Bank, Office of the Auditor General of the Union and Ministry of Planning and Finance jointly hosted “Myanmar Public Sector Accounting Conference” at Hilton Hotel, Nay Pyi Taw from 8:30 am to 5:00 pm on 12th August, 2019. The Conference aimed at the government organizations’ awareness of the importance of accounting standards.
2. Firstly, the Auditor General of the Union and the Minister of Planning and Finance delivered their opening speeches. Following the speeches, experts from the World Bank, international accounting fields, respective organizations/ businesses, in a total of 13 experts, discussed the Myanmar Public Sector Accounting Reform, key implications of the transition to International Public Sector Accounting Standards- IPSAS, the experiences of two countries which have adopted IPSAS and the situations of transition to International Financial Reporting Standards (IFRS) in private sector, and then respective experts discussed questions raised by the participants.
3. U Maung Maung Win, Deputy Minister for the Ministry of Planning and Finance delivered the closing address.
4. In the Conference, the heads, ministers, deputy ministers and responsible persons from Union level government organizations, representatives of Development Partners, responsible persons from Myanmar Accountancy Council, Myanmar Institute of Certified Public Accountants, Myanmar Banks Association, Union of Myanmar Federation of Chambers of Commerce and Industry, private banks and Myanmar Insurance were present.
၁။ European Union Trust Fund နှင့် ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီတို့ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “Myanmar Public Sector Accounting Conference” ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် နေ့၊ နံနက် ၈:၃၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ နေပြည်တော်၊ Hilton Hotel တွင် ကျင်းပခဲ့ပါသည်။ ယင်း Conference ကို အစိုးရဌာနအဖွဲ့အစည်းများက စာရင်းစံများ၏ အရေးပါမှုအား သတိပြုမိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
၂။ အခမ်းအနားတွင် ပထမဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အဖွင့်အမှာစကား ပြောကြားကြပါသည်။ထို့နောက် မြန်မာနိုင်ငံ၏ ပြည်သူ့ကဏ္ဍစာရင်းရေးသွင်းစနစ် ပြုပြင်ပြောင်းလဲရေးအခြေအနေများ၊ နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံ (International Public Sector Accounting Standards – IPSAS) သို့ကူးပြောင်းရာတွင် အဓိကအကျိုးသက်ရောက်သည့်အချက်များ၊ IPSAS ကို လက်ခံကျင့်သုံးနေပြီဖြစ်သော နိုင်ငံ (၂) နိုင်ငံ၏ အတွေ့အကြုံများနှင့် ပုဂ္ဂလိကကဏ္ဍတွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများသို့ ကူးပြောင်းဆောင်ရွက်မှု အခြေအနေများကို ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာစာရင်းပညာရှင်များ ၊ သက်ဆိုင်ရာအဖွဲ့အစည်း/လုပ်ငန်းနယ်ပယ်များမှ ပညာရှင် ၁၃ ဦးတို့က အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူ ဌာနဆိုင်ရာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။
၃။ နိဂုံးချုပ်မိန့်ခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မှ ပြောကြားခဲ့ပါသည်။
၄။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုအဆင့်အစိုးရဌာနအဖွဲ့အစည်းများမှ အကြီးအကဲများ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိကဘဏ်များနှင့် မြန်မာ့အာမခံလုပ်ငန်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
- Office of the Auditor General of the Union held the thirteenth Waso robe-offering ceremony at the Assembly Hall of this Office, Nay Pyi Taw at 10:00 AM on July 15, 2019.
- At the ceremony, venerable Buddhist monks from Phayarkyi Monastery and Yadanar Bummithara Monastery in Pyinmana were present and the staff of the Office of the Auditor General of Union led by U Maw Than, Union Auditor General offered Waso robes and provisions to the monks.
- Then Union Auditor General and the Staff adopted five precepts from the venerable monks and shared the merits gained. After the ceremony, monks were offered meals and the staff were treated to Monghinga.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်များရှိှ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။
၃။ ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တကွ ရုံးဝန်ထမ်းများသည် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှဝေကြပြီးနောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ရုံးဝန်ထမ်းများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၈-၇-၂၀၁၉ရက်နေ့ နံနက် ၁၀:၀၀နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ မဟော်ဂနီပင်၊အုန်းပင် စိုက်ပျိုးပေးခဲ့ပါသည်။အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများကလည်း နှစ်ရှည်ပင်များဖြစ်သည့် ကျွန်းပင်၊ ပျဉ်းကတိုးပင်နှင့် မဟော်ဂနီပင်(၁၀၀)ပင်နှင့် အုန်းပင်၊ ကီလိုမာလကာပင်၊ သံပုရာပင်၊ စိန်တလုံးသရက်ပင်၊ ပိန္နဲပင် စုစုပေါင်း (၁၄၆)ပင် စိုက်ပျိုးပေးခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၈-၇-၂၀၁၉ရက်နေ့ နံနက် ၁၀:၀၀နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ မဟော်ဂနီပင်၊အုန်းပင် စိုက်ပျိုးပေးခဲ့ပါသည်။အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများကလည်း နှစ်ရှည်ပင်များဖြစ်သည့် ကျွန်းပင်၊ ပျဉ်းကတိုးပင်နှင့် မဟော်ဂနီပင်(၁၀၀)ပင်နှင့် အုန်းပင်၊ ကီလိုမာလကာပင်၊ သံပုရာပင်၊ စိန်တလုံးသရက်ပင်၊ ပိန္နဲပင် စုစုပေါင်း (၁၄၆)ပင် စိုက်ပျိုးပေးခဲ့ပါသည်။
