ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်
၁။ ၂၀၁၉ ခုနှစ်၊ မေလ (၂၁ ) ရက်နေ့နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ တွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၈၃) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- စာရင်းစစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သည့်အတိုင်းအတာပမာဏအထိ အကျိုးသက်ရောက်မှု ရှိ မရှိ စိစစ်သုံးသပ်နိုင်အောင် စစ်ဆေးခြင်းဖြစ်သည်ကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊
- ဌာနအဖွဲ့အစည်းများသည် ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ရာ၌ အကျိုးရှိမှု၊ ထိရောက်မှု၊ စီမံခန့်ခွဲမှုဆိုင်ရာများနှင့်ချမှတ်ထားသည့်လုပ်ငန်းစနစ်များတွင် အားနည်းချက်များ ရှိ မရှိ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဖို့လိုအပ်ကြောင်း၊
- ခေတ်စနစ်အရ တိုးတက်ပြောင်းလဲလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို လက်လှမ်းမီသိရှိနိုင်ရေး မပြတ်ဖြည့်ဆည်းကြမှသာ ပို၍ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
- မိမိတို့အဖွဲ့အစည်း၏ လုပ်ငန်းတစ်ခုတည်းကိုသာ ကျွမ်းကျင်မှုရှိရုံမျှသာမက ဆက်စပ်အဖွဲ့ အစည်းများ၏ ပြောင်းလဲလာမှုများကိုလည်း သိရှိနားလည်ရန်လိုအပ်ကြောင်း၊
- ဤရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စည်းမျဉ်းမကျနမှု၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အားနည်းချက်များ တွေ့ရှိပါက အပြုအသဘောဝေဖန်ထောက်ပြ ခြင်း၊ မျှတသောရှုထောင့်အမြင်ဖြင့်အကြံပြုခြင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊
- ဤသင်တန်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စု အခွန်ကောက်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အမျိုးသားစီမံကိန်း၊ Budget စစ်ဆေးခြင်း၊ Project စစ်ဆေးခြင်းအပါအဝင် နိုင်ငံတကာတွင်ကျင့်သုံးနေသော နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ် စံများ (IPSAS)၊ ISSAI ဘာသာရပ်များကို ပို၍ ပြည့်ပြည့်စုံစုံ ပို့ချသွားရန် စီမံထားကြောင်း၊
- ဦးစီးအရာရှိများအနေဖြင့် ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံတော်နှင့်ပြည်သူ့ အကျိုးအတွက် အလုပ်ကိုရိုးသားကြိုးစားလုပ်ကိုင်ကြရန်၊ ပြည်သူ့အကျိုးစီးပွား တိုးတက်စေရေး အတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် အလုပ်အကျွေးပြုကြရန် လိုအပ်ကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်
၁။ ၂၀၁၉ ခုနှစ်၊ မေလ (၂၁ ) ရက်နေ့နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ တွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၈၃) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- စာရင်းစစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သည့်အတိုင်းအတာပမာဏအထိ အကျိုးသက်ရောက်မှု ရှိ မရှိ စိစစ်သုံးသပ်နိုင်အောင် စစ်ဆေးခြင်း ဖြစ်သည်ကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊
- ဌာနအဖွဲ့အစည်းများသည် ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ရာ၌ အကျိုးရှိမှု၊ ထိရောက်မှု၊ စီမံခန့်ခွဲမှုဆိုင်ရာများနှင့်ချမှတ်ထားသည့်လုပ်ငန်းစနစ်များတွင် အားနည်းချက်များ ရှိ မရှိ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဖို့ လိုအပ်ကြောင်း၊
- ခေတ်စနစ်အရ တိုးတက်ပြောင်းလဲလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို လက်လှမ်းမီသိရှိနိုင်ရေး မပြတ်ဖြည့်ဆည်းကြမှသာ ပို၍ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
- မိမိတို့အဖွဲ့အစည်း၏ လုပ်ငန်းတစ်ခုတည်းကိုသာ ကျွမ်းကျင်မှုရှိရုံမျှသာမက ဆက်စပ်အဖွဲ့ အစည်းများ၏ ပြောင်းလဲလာမှုများကိုလည်း သိရှိနားလည်ရန်လိုအပ်ကြောင်း၊
- ဤရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စည်းမျဉ်းမကျနမှု၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အားနည်းချက်များ တွေ့ရှိပါက အပြုအသဘောဝေဖန်ထောက်ပြခြင်း၊ မျှတသောရှုထောင့်အမြင်ဖြင့် အကြံပြုခြင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊
- ဤသင်တန်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုအခွန်ကောက်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အမျိုးသားစီမံကိန်း၊ Budget စစ်ဆေးခြင်း၊ Project စစ်ဆေးခြင်းအပါအဝင် နိုင်ငံတကာတွင် ကျင့်သုံးနေ သော နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ် စံများ (IPSAS)၊ ISSAI ဘာသာရပ်များကို ပို၍ ပြည့်ပြည့်စုံစုံ ပို့ချသွားရန် စီမံထားကြောင်း၊
- ဦးစီးအရာရှိများအနေဖြင့် ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် အလုပ်ကို ရိုးသားကြိုးစားလုပ်ကိုင်ကြရန်၊ ပြည်သူ့အကျိုးစီးပွား တိုးတက်စေရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင် ခြင်းဖြင့် အလုပ်အကျွေးပြုကြရန် လိုအပ်ကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
ရက်စွဲ၊ ၂၀၁၉ခုနှစ် ၊မေလ ( ၆ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ မေလ (၆)ရက်နေ့ နံနက် ၉း၀၀ နာရီ၌ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ သင်တန်းကျောင်းခန်းမ၊ ရန်ကုန်မြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လက်မှတ်ရပြည်သူ့စာရင်း (ပထမပိုင်း) သင်တန်းအမှတ်စဉ် ၄၅ သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်း ကောင်စီဝင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် တက်ရောက်၍သင်တန်းဖွင့်လမ်းညွှန်အမှာ စကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊မြန်မာ နိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းအမှုဆောင်များ၊ သင်တန်းကထိကများ၊ သင်တန်း သား၊ သင်တန်းသူများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဝင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မြန်မာနိုင်ငံစာရင်းကောင်စီဟာ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည့် အရည်အချင်းပြည့်မီသော စာရင်းပညာရှင်များ၊စာရင်းပညာ တတ်ကျွမ်းသူများ တိုးပွားလာစေရန်ရည်ရွယ်၍ လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်သင်တန်းများကို နှစ်စဉ် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ CPA ဝင်ပေါက်ကိုချဲ့ထွင်ပေးခဲ့ရာမှာ ယခင်က B.Com ဘွဲ့ရများသာ တက်ရောက်ခွင့်ရရှိခဲ့သော်လည်း ယခုအချိန်တွင် B.Act, B.B.A ၊ DA နှင့် ACCA ,CIMA မှ သတ်မှတ်အဆင့်ပြီးသူများပါ တိုက်ရိုက်တက်ရောက်ခွင့်ပေးခဲ့ကြောင်း
- CPA အရေအတွက် ပိုမိုတိုးတက်စေရေးအတွက် ဝင်ပေါက်ချဲ့ထွင်ခြင်း၊ သင်တန်းသား အရေအတွက်တိုးမြှင့်ခေါ်ယူခြင်းများဆောင်ရွက်ခဲ့ပေမယ့်လည်း CPA ရဲ့အရည်အသွေးကို တော့လျှော့ချြခင်း မရှိဘူးဆိုတာကို အားလုံးသိထားစေချင်ကြောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ သက်တမ်းအသီးသီးမှာ အောင်သင့်အောင်ထိုက်သူများသာ စာမေးပွဲအောင်မြင်သူအဖြစ် သတ်မှတ်တဲ့မူကို ကျင့်သုံးခဲ့ကြောင်း၊ ဒီမူအတိုင်း တသမတ်တည်း ကျင့်သုံးသွားမှာဖြစ်ကြောင်း၊ စာရင်းပညာရှင်များနှင့် စာရင်းပညာတတ်ကျွမ်းသူများ၏ အရေအတွက်သာမက အရည်အချင်း ပါတိုးတက်စေရန် သင်ရိုးညွှန်းတမ်းများကို ပြည်ပနိုင်ငံများ၏ စာရင်းပညာသင်ကြားမှု အဆင့်အတန်း နှင့်တန်းတူဖြစ်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းတို့ကိုလည်း MAC က ဆောင်ရွက်နေကြောင်း
- CPA, DA သင်တန်းများကို ပုဂ္ဂလိကကိုယ်ပိုင်စာရင်းကိုင်သင်တန်း ကျောင်းများတွင် ဖွင့်လှစ်ခွင့်ပြုရေးကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေနှင့်အညီ စိစစ်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်လျှက်ရှိရာ ယခုအခါ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း (၁၅) ကျောင်း ကိုဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း
- အခု CPA I အမှတ်စဉ် ၄၅ မှာ တက်ရောက်ကြမယ့်သူအများစုဟာ နိုင်ငံဝန်ထမ်း များဖြစ်ကြတဲ့အတွက် စည်းကမ်းများကို လိုက်နာကြဖို့လိုအပ်ကြောင်း၊ လိုက်နာမှုမရှိ ရင်တော့ သင်တန်းကျောင်းစည်းကမ်းများအရ တိတိကျကျဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဘာသာရပ်တစ်ခုခုတွင် ၆၀% မပြည့်ပါက ထိုနှစ်အတွက်ကျင်းပမည့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ပြုမှာ မဟုတ်တဲ့အတွက် သင်တန်းချိန်များကိုပြည့်မီ အောင်တက်ရောက်ကြပါလို့ အထူးမှာကြားလိုကြောင်း
- စည်းကမ်းလိုက်နာမှုမရှိပါက သင်တန်းကျောင်းတာဝန်ရှိသူများမှ ခေါ်ယူသတိပေးခြင်း၊ ကတိခံဝန်လက်မှတ်ထိုးခြင်းများကိုလည်း ခံယူရမှာဖြစ်ကြောင်း၊ သင်တန်းတက်ရန် လျှောက်ထားစဉ်ကတည်းက မြန်မာနိုင်ငံစာရင်းကောင်စီက ချမှတ်သည့်စည်းကမ်းများ ကိုလိုက်နာပါမယ်လို့ ကတိဝန်ခံချက်လက်မှတ်ထိုးထားပြီးဖြစ်တဲ့အတွက် ကျောင်းစာမှာ ရော အပြုအမူသိက္ခာပိုင်းဆိုင်ရာရော ပြည့်စုံအောင် ကြိုးစားကြစေချင်ကြောင်း
- ယခု CPA အမှတ်စဉ်-၄၅ သို့ တက်ရောက်မယ့် သင်တန်းသား သင်တန်းသူများသည် သင်တန်းကာလအတွင်းမှာ သင်တန်းစည်းကမ်းများကို တိတိကျကျလိုက်နာရန်နှင့် ကြိုးကြိုးစားစားလေ့လာသင်ယူပြီး သင်တန်းပြီးမြောက်တဲ့အခါမှာလည်း အရည်အချင်း ပြည့်ဝသော ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော နိုင်ငံတော်အတွက်အားထားရသော လက်မှတ်ရပြည်သူ့စာရင်းကိုင်ကောင်းများ ဖြစ်အောင်ကြိုးပမ်းကြပါလို့ တိုက်တွန်း မှာကြားလိုကြောင်း
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
