မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၁၉) အစည်းအဝေးကို ၂၇-၄-၂၀၁၉ နေ့ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၌ကျင်းပရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ ပြည်ထောင် စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီ ၂/၂၀၁၈ အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အတည်ပြုပြီးသည့်မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကိစ္စ၊ မြန်မာနိုင်ငံစာရင်းကောင်စီနည်းဥပဒေမူကြမ်းကိစ္စ၊ မြန်မာနိုင်ငံစာရင်း ကောင်စီမှ ၃၀-၁၁-၂၀၁၈ မှ ၂၆-၄-၂၀၁၉ နေ့ထိထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာများ၊ ရုံးအမိန့် များ၊ မြန်မာနိုင်ငံစာရင်းကောင်စီကော်မတီများ၏ အစည်းအဝေးကျင်းပမှုများနှင့် လုပ်ငန်းဆောင် ရွက်မှုအခြေအနေ၊ စာရင်းစစ်လုပ်ငန်းဆိုင်ရာစောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ International Code of Ethics for Professional Accountants အား လိုက်နာဆောင်ရွက်ရေးကိစ္စ၊ Self Evaluation Checklist on Audit Quality Maturity Model၊ Self Assessment against CAPA Maturity Model Attributes for CPD၊ အပြည်ပြည်ဆိုင်ရာစာရင်း ပညာအဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၏ရုံးလုပ်ငန်းဆောင်ရွက်မှုအခြေ အနေ စသည်တို့ကို အစီအစဉ်အတိုင်း ဆွေးနွေးကြပြီး တက်ရောက်လာသည့် မြန်မာနိုင်ငံစာရင်း ကောင်စီဝင်များက အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရှိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
ရက်စွဲ၊ ၂၀၁၉ခုနှစ် ၊ဧပြီလ (၁၂) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ နံနက် ၉ နာရီ၌ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ သင်တန်းကျောင်းခန်းမ၊ ရန်ကုန်မြို့တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် လက်မှတ်ရပြည်သူ့စာရင်း (ပထမပိုင်း) သင်တန်းအမှတ်စဉ် ၄၄ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်း ကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးမှ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းအမှုဆောင်များ၊ သင်တန်းကထိကများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မြန်မာနိုင်ငံစာရင်းကောင်စီသည် နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုမည့် အရည်အချင်းပြည့်မီသော စာရင်းပညာ ရှင်များ တိုးပွားလာစေရန်အတွက် နည်းလမ်းများရှာဖွေဖြည့်ဆည်း ဆောင်ရွက်လျက် ရှိကြောင်း၊
- CPA ဝင်ပေါက်ကိုချဲ့ထွင်ပေးခဲ့ရာမှာ ယခင်က B.com ဘွဲ့ရများသာ တက်ရောက်ခွင့်ရရှိ ခဲ့သော်လည်း ယခုအချိန်တွင် B.Act, B.B.A နှင့် DA များပါ တက်ရောက်ခွင့်ပေးခဲ့ ပါကြောင်း၊
- အရေအတွက်များများ မွေးထုတ်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ CPA ဝင်ခွင့်ကို ချဲ့ထွင်ပေးခဲ့ ပေမယ့်လည်း အရည်အချင်းအပိုင်းမှာတော့ လျှော့ပေးသွားမှာ မဟုတ်ကြောင်း။ အရည် အချင်းပြည့်ဝသော CPAများ ဖြစ်ပေါ်လာစေရေးအတွက်အလေးထား ဆောင်ရွက်သွား မှာဖြစ်ကြောင်း။လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသည် မြန်မာနိုင်ငံစာရင်းပညာ နယ်ပယ်မှာ အမြင့်ဆုံးအသက်မွေးဝမ်းကျောင်းပညာသင်တန်းတစ်ခု ဖြစ်ကြောင်း။
- CPA, DA သင်တန်းများကို ပုဂ္ဂလိကကိုယ်ပိုင်စာရင်းကိုင်သင်တန်း ကျောင်းများတွင် ဖွင့်လှစ်ခွင့်ပြုရေးကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေနှင့်အညီ စိစစ်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်လျှက်ရှိရာ ယခုအခါ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း (၁၅) ကျောင်း ကိုဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း။
- CPA (ဒုတိယပိုင်း) စာမေးပွဲအောင်မြင်ပြီး သတ်မှတ်ထားတဲ့ အလုပ်သင်ကာလပြီး မြောက်လျှင် CPA (Full – Fledged)အဖြစ် သတ်မှတ်မှာဖြစ်ပြီး (Full–Fledged) ၁နှစ် ပြည့်လျှင် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူ (Professional Accountant in Public Practice) အဖြစ် လျှောက်ထားခွင့်ရှိမှာ ဖြစ်ကြောင်း။ အာဆီယံ စီးပွားရေးအသိုက်အဝန်း ASEAN Economic Community – AEC မူဘောင်အရ စာရင်းပညာဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားသားများကို မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ခွင့်တွေ ပေးရတော့မှာဖြစ်သလို မြန်မာCPA များ ကလည်း မိမိအရည်အချင်းပြည့်ဝလျှင် ပြည့်ဝသလို အခြားနိုင်ငံများမှာသွားရောက် လုပ်ကိုင်ခွင့်ရမှာ ဖြစ်ကြောင်း၊
- စာမေးပွဲတွင် အောင်မှတ်အနေဖြင့် အမှတ်(၅၀) သတ်မှတ်ထားပါကြောင်း၊ ယခု လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) ဘာသာရပ် များကို Module 1, Module 2 ခွဲခြားသတ်မှတ်ထားကြောင်း၊
- ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံးဖြေဆိုကြရမှာဖြစ်ကြောင်း၊ Module တစ်ခုတည်းက ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြား Module တစ်ခုထဲက ဘာသာရပ်တစ်ခုခု ကျရှုံးခဲ့လျှင် ယင်း Module ထဲမှ ဘာသာရပ်အားလုံးကို တစ်ဆက်တည်း ၃ ကြိမ် အထိပြန်လည် ဖြေဆိုခွင့်ပြုထားကြောင်း။ တစ်ဆက်တည်း ၃ ကြိမ်အတွင်း အောင်မြင်မှုမရှိခဲ့လျှင် ဖြစ်စေ၊ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့လျှင် ဖြစ်စေ၊ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ်အားလုံးကို ပြန်လည်ဖြေဆို ကြရမှာ ဖြစ်ကြောင်း ၊ ကျရှုံးသည့် Module တွင်ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံးရရှိပြီး ၃ ဘာသာပေါင်းရမှတ် ၇၅ မှတ်ရရှိမှသာ ကျန် Pass ဖြစ်ထားသော Module ကိုအောင်မြင်သည်ဟုသတ်မှတ်ကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၉:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း
ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် လိုက်ပါလျှက်၂၆-၃-၂၀၁၉ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်အတွင်းရှိ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့်ခရမ်းမြို့နယ်များရှိ စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်ကဝန်ထမ်းများ၏ အခြေအနေ၊ စစ်ဆေးရသည့် အဖွဲ့ အစည်းများ၏ အခြေအနေကို သိရှိရန်လာရောက်ခြင်းဖြစ်ကြောင်း၊ စာရင်းကိုင်စာရင်းစစ်လုပ်ငန်း သည်အပြစ်ကင်းစင်သောလုပ်ငန်းဖြစ်ပြီး မွန်မြတ်သော အသက်မွေးဝမ်းကြောင်းဖြစ်ကြောင်း၊ စာရင်းစစ်ကဏ္ဍ (၄) ခုဖြစ်သည့် စီးပွားရေး/စက်မှုလုပ်ငန်းရှိ စာရင်းစစ်ကဏ္ဍ၊ ပုဂ္ဂလိကစာရင်းစစ်ကဏ္ဍ၊ နိုင်ငံပိုင်စာရင်းစစ်ကဏ္ဍ၊ ပညာရပ်ဆိုင်ရာစာရင်းစစ်ကဏ္ဍစသည့် စာရင်းစစ်ကဏ္ဍ (၄) ခု တို့တွင် နိုင်ငံပိုင်ကဏ္ဍတွင်ရှိသော စာရင်းစစ်များ၏ ဂုဏ်သိက္ခာသတင်းကောင်းကျော်ဇောရန် လိုအပ်ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပြည်သူလူထုနှင့်စစ်ဆေးရသည့် အဖွဲ့ အစည်းများ၏ ယုံကြည်စိတ်ချမှုရရှိရန်လိုကြောင်း၊ ယင်းသို့ ယုံကြည်မှုရရှိစေရေးအတွက် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် နာမည် ဂုဏ်သတင်း ကျော်ကြားရမည့်အပြင် အဂတိလိုက်စားမှု ကင်းစင်စေရေး သတိပြုဆောင်ရွက်ရန်၊ ယခုအချိန်တွင် Financial Audit ၊ Compliance Audit သာမက PerformanceAudit ကို ဆောင်ရွက်နေပြီ ဖြစ်ပြီး နောက်ပိုင်းတွင် Environmental Audit ၊ IT Audit တို့ကို တိုးချဲ့ ဆောင်ရွက်ကြမည်ဖြစ်ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် လက်စွဲများ၊ ညွှန်ကြားချက် များ၊သင်တန်းဖွင့်လှစ်ပို့ချမှုများကို စဉ်ဆက်မပြတ်လေ့လာသင်ယူမှတ်သားလိုက်နာ၍ ပြည်ထောင်စု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ထုတ်ပြန်ထားသည့် နိုင်ငံဝန်ထမ်း နည်းဥပဒေများနှင့် အညီစစ်ဆေးရန်၊ သွားရောက်စစ်ဆေးသည့် ဌာနများတွင် ဌာနတွင်းစာရင်းစစ် အဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ယင်းဌာနတွင်းစာရင်းစစ်အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများ ဖွဲ့စည်း ပုံနှင့်ခန့်ထားသော ဝန်ထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် လျော်ကန်သင့်မြတ်မှု ရှိ/မရှိ စသည့် စစ်ဆေးရမည့်ကိစ္စရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ စစ်ဆေးနိုင်ရေးအတွက် လုံ့လဝီရိယစိုက်ထုတ်ကာ ပြည်သူ့အကျိုးစီးပွားကို အလေးထားကြိုးစားဆောင်ရွက်ကြရန်၊ စာရင်းစစ်များ လိုက်နာရမည့် Confidentiality ကိုလည်း အထူးဂရုပြုရန်နှင့် မိမိလုပ်ငန်းပေါ် သစ္စာစောင့်သိရန် လိုအပ်ကြောင်း လမ်းညွှန်ပြောကြားပါသည်။
ဝန်ထမ်းများ ကျန်းမာစွာလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော Healthly Life Style (၇) ချက်ဖြစ်သည့် -
(၁) ဆန်၊ ပြောင်း စသည်တို့ကို သင့်တင့်မျှတစွာစားသုံးခြင်း၊
(၂) အရက်နှင့်ဆေးလိပ်မသောက်ခြင်း၊
(၃) ကွမ်းမစားခြင်း၊
(၄) ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊
(၅) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊
(၆) ဟင်းသီးဟင်းရွက်အသီးအနှံများပိုမိုစားသုံးခြင်းနှင့်
(၇) အနီရောင်အသားများ လျော့စားခြင်း စသည့်အချက်များကိုလိုက်နာပြီး ကျန်းမာစွာနေထိုင်ကြရန် အထူးမှာကြားလိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်မှ လမ်းညွှန်မှာကြားချက်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီဆောင်ရွက်နေကြောင်း “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး” ဟူသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆောင်ပုဒ်နှင့်အညီ စစ်ဆေးရေးလုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအတွက် လေ့လာသိရှိသင့်သည့်ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ် နည်းညွှန်ကြားချက်များကို စဉ်ဆက်မပြတ်လေ့လာရန်နှင့်ရုံး၏ ဂုဏ်သတင်းကောင်းမွန်အောင် ကြိုးစားသွားကြရန် လမ်းညွှန်ပြောကြားခဲ့ပါသည်။
ခရိုင်စာရင်းစစ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စာရင်းစစ်ရုံးများမှ ဦးစီးအရာရှိများမှလည်း ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို တင်ပြခဲ့ကြပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်
၁။ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နံနက် ၉:၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သူ ( ၇၁ ) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မိမိတို့နိုင်ငံ၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးကို အခြေခံသည့်စနစ် ဖြစ်သောကြောင့် ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ ပေါ်ပေါက်လာပြီး လုပ်ငန်းများ၏ မှန်ကန်တိကျသော ဘဏ္ဍာရေးရှင်းတမ်းများသည် လုပ်ငန်း၏ အောင်မြင်မှု၊ ဆုံးရှုံးမှုကို ဖော်ညွှန်းနေကြောင်း၊
- နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမှာ စာရင်းမှန်ကန်ပြည့်စုံမှုသည် အရေးပါသကဲ့သို့ စာရင်းပညာတတ်ကျွမ်းသူများ၏ အခန်းကဏ္ဍသည် ပို၍ အရေးပါကြောင်း၊
- စာရင်းပညာရှင်များ မွေးထုတ်ပေးခြင်းသည် နိုင်ငံတော်၏ လူသားစွမ်းရည်အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိတ်တစ်ဒေသအားဖြင့် အထောက်အကူပြုပါကြောင်း၊
- နိုင်ငံတော်ဘတ်ဂျက်သုံးစွဲမှုများအပြင် ပြည်ပမှ Grants ၊ Loans ရငွေများဖြင့် ဆောင်ရွက်သော လုပ်ဆောင်ချက်များကို Accountability၊ Transparency ရှိစွာ စစ်ဆေးရန်လိုအပ်ကြောင်း၊ စာရင်းပညာရှင် အများအပြား လိုအပ်နေကြောင်း၊
- စာရင်းပညာရှင်များအနေဖြင့် သက်ဆိုင်ရာပညာရပ်ပိုင်းအရည်အချင်းအတွေ့အကြုံ များပြည့်ဝနေရန် လိုအပ်သည့်အပြင် စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
- စာမေးပွဲတွင် အောင်မှတ်အနေဖြင့် အမှတ်(၄၀) သတ်မှတ်ထားပါကြောင်း၊ ဖြေဆို ရမည့် ဘာသာရပ်(၆)ခုကို Module 1 ၊ Module 2 ခွဲခြားသတ်မှတ်ထားပြီး Accounting ၊ Auditing နှင့် Costing ဘာသာရပ်တို့ကို Module 1 ၊ Financial Reporting ၊ Financial and Service Regulations နှင့် Information & Communication Technology and System Development ဘာသာရပ်တို့ကို Module 2 အနေဖြင့် သတ်မှတ်ထားပြီး ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံး ဖြေဆိုကြရမည်ဖြစ်ကြောင်း၊
- Module တစ်ခုအတွင်းမှ ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြား Module တစ်ခု အတွင်းမှ ဘာသာရပ်တစ်ခုခု ကျရှုံးခဲ့လျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊ ကျရှုံးသည့် Module အတွင်းမှ ဘာသာရပ်အားလုံးအား တစ်ဆက် တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့်ပြုထားပြီး အောင်မြင်မှုမရှိခဲ့လျှင်ဖြစ်စေ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့လျှင်ဖြစ်စေ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ်အားလုံးကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း၊
- ကျရှုံးသည့် Module တွင်ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံး ရရှိ ပြီး ၃ ဘာသာပေါင်းရမှတ် ၇၅ မှတ် ရရှိမှသာ ကျန် Pass ဖြစ်သော Module ကို အောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊
- မိမိတို့ နားလည်တတ်ကျွမ်းမှုကို အဆင့်မြင့်မြင့် ပြသခြင်းဖြင့် စာမေးပွဲ၏ အဆင့်အတန်း၊ အောင်မြင်သူများ၏အရည်အသွေးကို ထိန်းသိမ်းမြှင့်တင်ကြစေလိုကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၉:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်
၁။ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နံနက် ၉:၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သူ ( ၇၁ ) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မိမိတို့နိုင်ငံ၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးကို အခြေခံသည့်စနစ် ဖြစ်သောကြောင့် ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ ပေါ်ပေါက်လာပြီး လုပ်ငန်းများ၏ မှန်ကန်တိကျသော ဘဏ္ဍာရေးရှင်းတမ်းများသည် လုပ်ငန်း၏ အောင်မြင်မှု၊ ဆုံးရှုံးမှုကို ဖော်ညွှန်းနေကြောင်း၊
- နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမှာ စာရင်းမှန်ကန်ပြည့်စုံမှုသည် အရေးပါသကဲ့သို့ စာရင်းပညာတတ်ကျွမ်းသူများ၏ အခန်းကဏ္ဍသည် ပို၍ အရေးပါကြောင်း၊
- စာရင်းပညာရှင်များ မွေးထုတ်ပေးခြင်းသည် နိုင်ငံတော်၏ လူသားစွမ်းရည် အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိတ်တစ်ဒေသအားဖြင့် အထောက်အကူပြုပါကြောင်း၊
- နိုင်ငံတော်ဘတ်ဂျက်သုံးစွဲမှုများအပြင် ပြည်ပမှ Grants ၊ Loans ရငွေများဖြင့် ဆောင်ရွက်သော လုပ်ဆောင်ချက်များကို Accountability၊ Transparency ရှိစွာ စစ်ဆေးရန်လိုအပ်ကြောင်း၊ စာရင်းပညာရှင် အများအပြား လိုအပ်နေကြောင်း၊
- စာရင်းပညာရှင်များအနေဖြင့် သက်ဆိုင်ရာပညာရပ်ပိုင်း အရည်အချင်းအတွေ့အကြုံများပြည့်ဝနေရန် လိုအပ်သည့်အပြင် စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
- စာမေးပွဲတွင် အောင်မှတ်အနေဖြင့် အမှတ်(၄၀) သတ်မှတ်ထားပါကြောင်း၊ ဖြေဆို ရမည့် ဘာသာရပ်(၆)ခုကို Module 1 ၊ Module 2 ခွဲခြားသတ်မှတ်ထားပြီး Accounting ၊ Auditing နှင့် Costing ဘာသာရပ်တို့ကို Module 1 ၊ Financial Reporting ၊ Financial and Service Regulations နှင့် Information & Communication Technology and System Development ဘာသာရပ်တို့ကို Module 2 အနေဖြင့် သတ်မှတ်ထားပြီး ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံး ဖြေဆိုကြရမည်ဖြစ်ကြောင်း၊
- Module တစ်ခုအတွင်းမှ ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြား Module တစ်ခု အတွင်းမှ ဘာသာရပ်တစ်ခုခု ကျရှုံးခဲ့လျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊ ကျရှုံးသည့် Module အတွင်းမှ ဘာသာရပ်အားလုံးအား တစ်ဆက် တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့်ပြုထားပြီး အောင်မြင်မှုမရှိခဲ့လျှင်ဖြစ်စေ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့လျှင်ဖြစ်စေ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ်အားလုံးကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း၊
- ကျရှုံးသည့် Module တွင်ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံး ရရှိ ပြီး ၃ ဘာသာပေါင်းရမှတ် ၇၅ မှတ် ရရှိမှသာ ကျန် Pass ဖြစ်သော Module ကို အောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊
- မိမိတို့ နားလည်တတ်ကျွမ်းမှုကို အဆင့်မြင့်မြင့် ပြသခြင်းဖြင့် စာမေးပွဲ၏ အဆင့်အတန်း၊ အောင်မြင်သူများ၏အရည်အသွေးကို ထိန်းသိမ်းမြှင့်တင်ကြစေလိုကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၉:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Testing with plain