Announcements
၁။ အလယ်အလတ်အဆင့်နှင့်အဆင့်မြင့်သင်တန်းအမှတ်စဉ်(၈၈)အသီးသီးမတိုင်မီ၊ သင်တန်းများ၌ စာမေးပွဲကျရှုံးသူများသည် အမှတ်စဉ်(၈၉)သင်တန်းစာမေးပွဲတွင် တစ်ကြိမ်ပြန်လည်ဖြေဆိုခွင့်ရှိပါသည်။
၂။ သင်တန်းတက်ရောက်နေစဉ် လိုက်နာရန်စည်းကမ်းများမှာ−
(က) သင်တန်းတက်ရောက်ကြောင်းမှတ်တမ်းစာအုပ်ထားရှိသောသင်တန်းများအတွက်နေ့စဉ်ကိုယ်တိုင်လက်မှတ် ရေးထိုးရမည်။
(ခ) သင်တန်းတက်ရောက်ရန်ပျက်ကွက်သောနေ့များတွင် ပြည်သူ့ဝန်ထမ်းတို့၏ဝတ္တရားအတိုင်း ခွင့်လျှောက်လွှာများတင်သွင်းရမည်။
(ဂ) သင်တန်းပျက်ကွက်သူများစာရင်းကို သက်ဆိုင်ရာဌာနများသို့ သင်တန်းကျောင်းမှပေးပို့ပါသည်။ သင်တန်းသို့ခွင့်လျှောက်လွှာတင်ပြခြင်းမရှိဘြ(၁၀)ရက်အထိ ပျက်ကွက်သူများကို သင်တန်းသားစာရင်းမှ နုတ်ပယ်၍ သက်ဆိုင်ရာဌာနသို့ အကြောင်းကြားမည်ဖြစ်ပါသည်။
(ဃ) သင်တန်းသားသူတို့သည် ကျောင်းတက်ရက်အားလုံး၏ ၇၅ % တက်ရောက်သင်ကြားပြီးသူများကိုသာ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ပါသည်။