ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၂၄ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၂၁ ) ရက်နေ့ မွန်းလွဲ ၃ : ၃၀ နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား (၈၃) ဦး တက်ရောက်ခဲ့ကြပါ သည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ “စာရင်းပညာတိုးတက်ပြန့် ပွားရေး” နှင့် “လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရေး” ရည်ရွယ်ချက်ဖြင့် မိမိတို့ လက်တွေ့ဆောင်ရွက်ခဲ့သည့် စစ်ဆေးရေး လုပ်ငန်းများ၏ အတွေ့အကြုံများကို အခြေပြုကာ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အလေ့အထများနှင့် နှိုင်းယှဉ်သုံးသပ်ကာ အကြောင်း အရာစုံလင်စွာဖြင့် ပို့ချဆွေးနွေးပေးထားကြောင်း၊
- မိမိတို့ရုံး၏ တာဝန်ရှိမှုအပိုင်း ပို၍ကျယ်ပြန့်လာသည့်နည်းတူ မိမိတို့ ကျရာအခန်းကဏ္ဍမှ ထိထိရောက်ရောက် ဆောင်ရွက်သင့်သည့်အချက်များ၊ ဥပေဒ၊ စည်းမျဉ်းများနှင့် လိုက်လျောညီထွေမရှိမှုများကို အပြုသဘော ဆောင်သည့်ရှုထောင့်မှ တည့်မတ်ထိန်းကျောင်းပေးကြစေလိုကြောင်း၊
- သင်တန်းသူ/သားများသည် မိမိတို့ရရှိသည့် အသိပညာများကို လုပ်ဖော် ကိုင်ဘက်များအား လက်ဆင့်ကမ်းမျှဝေရန်၊ ခေတ်စနစ်နှင့် ပညာရပ်များ၏ ပြောင်းလဲနေမှုအပေါ် လိုက်လျောညီထွေ လိုက်ပါနိုင်သော အရည်အချင်း ကို ပြုစုပျိုးထောင်ကြစေလိုကြောင်း၊
- မိမိတို့အဖွဲ့အစည်းက ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင် ရွက်မည့် အခင်းအကျင်း၊ အစီအမံများကို မျက်ခြည်မပြတ် သိရှိနားလည် ထားရန်လိုကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မိမိတို့၏ လုပ်ငန်းတာဝန်များ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိနိုင်ကြောင်း၊ လုပ်ငန်း အတွက် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘော တူညီချက်ဖြင့် တတ်သိပညာရှင်များ၏ ကျွမ်းကျင်မှုအကူအညီ ရယူ ဆောင်ရွက်ခြင်းကိုလည်း ဥပဒေအရ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊
- လုပ်ငန်းဆောင်ရွက်ရာတွင် ခက်ခဲသည့်စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ မိမိတို့၏ ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းကိုပြသရန် လိုပါကြောင်း၊
- စစ်ဆေးရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲ ၄ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

U Maw Than, the Auditor General of the Union, received the delegation from the World Bank led by Mr. Christopher Fabling, Public Financial Management Specialist, at the Call Room of the Office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m on 18th June, 2019.
During the meeting, they discussed the proposed timing and draft agenda of Public Sector Accounting Conference regarding the transition of Public Sector Accounting Standards and Financial Reporting in accordance with International Public Sector Accounting Standards-IPSAS and International Financial Reporting Standards – IFRS, jointly organized by the Office of the Auditor General of the Union and the Ministry of Planning and Finance with the participation of MAC, MICPA and other Stakeholders.
The Permanent Secretary, Director General (Audit Department), the Deputy Permanent Secretary, the Deputy Director General and responsible persons from the Office of the Auditor General of the Union attended the meeting.
ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာနိုင်ငံပိုင်ကဏ္ဍစာရင်းစံများ (International Public Sector Accounting Standards-IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards - IFRS) နှင့်အညီ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံ ခြင်း (Public Sector Accounting Standards and Financial Reporting) သို့ အသွင်ကူး ပြောင်းရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန တို့မှ ဉီးဆောင်၍ MAC ၊ MICPA နှင့် အခြား Stakeholder များပါဝင်သော Public Sector Accounting Conference ပြုလုပ်မည့် နေ့ရက်နှင့် အစီအစဉ်မူကြမ်း စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၉) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၈၄) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- စာရင်းစစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သည့်အတိုင်းအတာပမာဏအထိ အကျိုးသက်ရောက်မှု ရှိ မရှိ စိစစ်သုံးသပ်နိုင်အောင် စစ်ဆေးခြင်းဖြစ်သည်ကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊
- ဌာနအဖွဲ့အစည်းများသည် ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ရာ၌ အကျိုးရှိမှု၊ ထိရောက်မှု၊ စီမံခန့်ခွဲမှုဆိုင်ရာများနှင့်ချမှတ်ထားသည့်လုပ်ငန်းစနစ်များတွင် အားနည်းချက်များ ရှိ မရှိ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဖို့လိုအပ်ကြောင်း၊
- ခေတ်စနစ်အရ တိုးတက်ပြောင်းလဲလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို လက်လှမ်းမီသိရှိနိုင်ရေး မပြတ်ဖြည့်ဆည်းကြမှသာ ပို၍ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
- မိမိတို့အဖွဲ့အစည်း၏ လုပ်ငန်းတစ်ခုတည်းကိုသာ ကျွမ်းကျင်မှုရှိရုံမျှသာမက ဆက်စပ်အဖွဲ့ အစည်းများ၏ ပြောင်းလဲလာမှုများကိုလည်း သိရှိနားလည်ရန်လိုအပ်ကြောင်း၊
- ဤရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စည်းမျဉ်းမကျနမှု၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အားနည်းချက်များ တွေ့ရှိပါက အပြုအသဘောဝေဖန်ထောက်ပြခြင်း၊ မျှတသောရှုထောင့်အမြင်ဖြင့်အကြံပြုခြင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊
- ဤသင်တန်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စု အခွန်ကောက်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အမျိုးသားစီမံကိန်း၊ Budget စစ်ဆေးခြင်း၊ Project စစ်ဆေးခြင်းအပါအဝင် နိုင်ငံတကာတွင်ကျင့်သုံးနေသော နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ်စံများ (IPSAS)၊ ISSAI ဘာသာရပ်များကို ပို၍ပြည့်ပြည့်စုံစုံ ပို့ချသွားရန် စီမံထားကြောင်း၊
- ဦးစီးအရာရှိများအနေဖြင့် ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် အလုပ်ကိုရိုးသားကြိုးစားလုပ်ကိုင်ကြရန်၊ ပြည်သူ့အကျိုးစီးပွား တိုးတက်စေရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် အလုပ်အကျွေးပြုကြရန်လိုအပ်ကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

U Maw Than, the Auditor General of the Union, received the delegation from the World Bank led by Mr. Christopher Fabling, Public Financial Management Specialist, at the Call Room of the Office of the Auditor General of the Union, Nay Pyi Taw at 9:30 a.m on 28th May, 2019.
During the meeting, they discussed conducting IPSAS gap analysis, preparing IFRS transition plan and the proposed timing of Public Sector Accounting Conference regarding the transition of Public Sector Accounting Standards and Financial Reporting in accordance with International Public Sector Accounting Standards-IPSAS and International Financial Reporting Standards – IFRS, jointly organized by the Office of the Auditor General of the Union and the Ministry of Planning and Finance with the participation of MAC, MICPA and other Stakeholders.
The Permanent Secretary, the Deputy Directors General and responsible persons from the Office of the Auditor General of the Union attended the meeting.
ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် IPSAS gap analysis ဆောင်ရွက်ရန်၊ IFRS transition plan ရေးဆွဲရန်၊ နိုင်ငံတကာနိုင်ငံပိုင်ကဏ္ဍစာရင်းစံများ (International Public Sector Accounting Standards-IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards - IFRS) နှင့်အညီ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်း (Public Sector Accounting Standards and Financial Reporting) သို့ အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဉီးဆောင်၍ MAC ၊ MICPA နှင့် အခြားStakeholderများပါဝင်သော Public Sector Accounting Conference ပြုလုပ်မည့်နေ့ရက်စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၈ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၈ ) ရက်နေ့ နံနက် ၁၁ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊စုပေါင်းခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁ / ၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား (၇၆)ဦး တက်ရောက် ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းက အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
- မိမိတို့အဖွဲ့အစည်း ( SAI Myanmar )၏ ၂၀၁၈ - ၂၀၂၂ မဟာဗျူဟာလုပ်ငန်း စီမံချက်အရ SAI PMFက အကဲဖြတ်တိုင်းတာသည့် ကဏ္ဍအများစုလွမ်းခြုံပါဝင်မှုရှိထားပြီး နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း မျှဝေပေးထားကြောင်း၊
- နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ နည်းပညာအကူအညီပေးမှုအရ မိမိတို့ဝန်ထမ်းများပါဝင်သည့် SAI PMF Assessment ဆောင်ရွက်မှုကိုသိရှိရ၍ အသစ်ဖြစ်သော ဗဟုသုတများတိုးပွားရရှိသွားမည်ဟု ယုံကြည်ကြောင်း၊
- သင်တန်းသူ/သားများ၏ စာရင်းစစ်ဆေးရာတွင် တွေ့ကြုံရသည့်အခက်အခဲ၊ အကန့်အသတ်များကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည့်အပေါ် ဖြစ်နိုင်သည့်နည်းလမ်းများ၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ၏ မူဘောင်ဖြစ်သည့် Lima Declaration နှင့် Mexico Declarationတို့တွင် ပြဋ္ဌာန်းထားသည်များကိုလည်း ပို့ချဆွေးနွေးပေးထားကြောင်း၊
- သင်တန်းသူ/သားများသည် မိမိတို့ရရှိသည့်အသိပညာများကို လုပ်ဖော်ကိုင်ဘက်များအား လက်ဆင့်ကမ်းမျှဝေပေးရန်နှင့် ခေတ်စနစ်နှင့်နည်းပညာရပ်များ၏ ပြောင်းလဲနေမှုအပေါ် လိုက်လျောညီထွေလိုက်ပါနိုင်သော အရည်အချင်းကိုပြုစု ပျိုးထောင်ကြစေလိုကြောင်း၊
- မိမိတို့အဖွဲ့အစည်းက ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခင်းအကျင်း၊ အစီအမံများကို မျက်ခြည်မပြတ် သိရှိနားလည်ထားရန်လိုကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါပြဋ္ဌာန်းချက်များအရ မိမိတို့၏လုပ်ငန်းတာဝန်များ ပိုမိုကျယ်ပြန့်လာသည်ကိုတွေ့ရှိနိုင်ကြောင်း၊ လုပ်ငန်းအတွက်လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် တတ်သိ ပညာရှင်များ၏ ကျွမ်းကျင်မှုအကူအညီရယူဆောင်ရွက်ခြင်းကိုလည်း ဥပဒေအရ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ခရိုင်အဆင့်တွင် တာဝန်ယူဆောင်ရွက်ရသူများဖြစ်၍ ခက်ခဲသည့်စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ မိမိတို့၏ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိရေး တွက်ဆပြင်ဆင်ထားရန်လိုပါကြောင်း၊
- မိမိတို့၏တာဝန်ယူမှု၊ တာဝန်ခံမှုကိုပြသပြီး မိမိစီမံခန့်ခွဲရသော ဝန်ထမ်းအင်အားများကို အကျိုးရှိရှိအသုံးချနိုင်ဖို့ သာတူညီမျှသဘောထားနဲ့ လက်တွဲခေါ်သွားရန်လိုကြောင်း၊
- စစ်ဆေးရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ရေး ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၁ : ၃၀ နာရီတွင် ရုပ်သိမ်း၍ အခမ်းအနား တက်ရောက်လာသူများကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။