OFFICE OF THE AUDITOR GENERAL OF THE UNION

Notification 8/2018
Notification 6/2018
Notification 4/2018
Notification 3/2018
Notification 8/2017
Notification 7/2017
Notification 6/2017
စာရင်းစစ်- ၃ များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်- ၄၉ သင်တန်းသူ/ သားများ လွှတ်တော်လေ့လာရေးခရီးအစီအစဉ်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

စာရင်းစစ်- ၃ များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်- ၄၉

သင်တန်းသူ/ သားများ လွှတ်တော်လေ့လာရေးခရီးအစီအစဉ်

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ  ၂၆ ရက်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းမှ အုပ်ချုပ်သူ ကျောင်းအုပ်ကြီး ဒေါ်ဥမ္မာ (ဒုတိယညွှန်ကြားရေးမှူး) ဦးဆောင်သည့် စာရင်းစစ်- ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်- ၄၉ သင်တန်းသူ/ သား စုစုပေါင်း ၉၃ ဦးတို့သည် ၂၂-၈-၂၀၁၉ ရက်နေ့ ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပမှုများနှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်လုပ်ငန်းဆိုင်ရာများကို လေ့လာခဲ့ကြပါသည်။ လေ့လာရေးခရီးတွင် ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများက လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်ပုံ၊ လွှတ်တော်ရေးရာဗဟုသုတများ၊ လွှတ်တော်အဆောက်အဦ ဖွဲ့စည်းမှုဆိုင်ရာ မှတ်သားဖွယ်ရာများကို ရှင်းလင်းပေးခဲ့ကြပြီး သင်တန်းသူ/ သားများကသိရှိလို၍ မေးမြန်းမှုများကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။

အဆင့်မြင့်/အလယ်အလတ်အဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၉၉ သင်တန်းဆင်းပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀  ရက်

၁။        ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့နံနက် ၉ : ၃၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အဆင့်မြင့်/အလယ်အလတ်အဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၉၉ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

၂။         အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား ( ၂၇၇ ) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။        အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်-

  • နိုင်ငံတော်အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဟူ၍ အဆင့် ( ၃ ) ဆင့် ခွဲခြားကာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊
  • ယခုသင်တန်းသို့ ဝန်ကြီးဌာနအသီးသီးအောက်ရှိ ဦးစီးဌာနများ၊ စီးပွားရေးအဖွဲ့အစည်းများမှ သင်တန်းသူ/သား ( ၉၅ ) ဦးသည် အဆင့်မြင့်သင်တန်း၊ သင်တန်းသူ/သား ( ၁၈၂ ) ဦးသည် အလယ်အလတ်အဆင့်သင်တန်း၊  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ သင်တန်းသူ/သား ( ၈၄ ) ဦးသည် အလယ်အလတ်အဆင့်သင်တန်းသို့ တက်ရောက်ခဲ့ကြသည့်အတွက် စုစုပေါင်း ( ၃၆၁ ) ဦး တက်ရောက်ခဲ့ကြကြောင်း၊
  • နိုင်ငံတော်ကြီးအား ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်အဖြစ် တည်ဆောက်သည့်နေရာတွင် ဝန်ထမ်းအသီးသီးသည် ပြည်သူများ၏အကျိုးစီးပွားကို မြှင့်တင်ကာကွယ် စောင့်ရှောက်ပေးကြရမည်ဖြစ်ကြောင်း၊
  • ကထိကများကလည်း နားလည်တတ်ကျွမ်းပြီး အရည်အချင်းပြည့်ဝသည့်ဝန်ထမ်းကောင်းများ ပေါ်ထွက်လာရန်အတွက် ရည်ရွယ်ချက်များထားရှိပြီး သင်ကြားပေးခြင်းဖြစ်ကြောင်း၊
  • သင်တန်းတွင် သင်ကြားပေးလိုက်သည့် ဘာသာရပ်အားလုံးသည် သင်တန်းသူ/သားများ သိသင့်သိထိုက်၊ ကျွမ်းကျင်သင့်ကျွမ်းကျင်ထိုက်သည့် အခြေအနေအရပ်ရပ်ကို ခြုံငုံမိအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊
  • မိမိအလုပ်ကို ကျွမ်းကျင်အောင်မြင်စွာလုပ်ကိုင်နိုင်ခြင်းအားဖြင့် မိမိသာမက မိမိတို့၏ အဖွဲ့အစည်းနှင့်နိုင်ငံအတွက်လည်းအကျိုးရှိပြီး သင်တန်းဖွင့်လှစ်ပေးသည့် ဤရုံးနှင့် သင်ကြားပို့ချပေးလိုက်သည့် ကထိကများ၏စေတနာကိုလည်း တန်ဖိုးထားရာရောက်ပါကြောင်း၊
  • လုပ်ငန်းဆောင်ရွက်ရာတွင်  စာရင်းများကို  စည်းမျဉ်းစည်းကမ်းနှင့်အညီ အမှားအယွင်းမရှိ ရေးဆွဲနိုင်ပြီး မမှန်မကန်မှု၊ လေလွင့်ဆုံးရှုံးမှုများမဖြစ်အောင် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊
  • နိဂုံးချုပ်အနေနှင့် သင်တန်းသူ/သားများအားလုံးသည် နိုင်ငံဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းများစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သိက္ခာ၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာကြရန်နှင့်စာမေးပွဲကို အဆင့်ကောင်းကောင်းဖြင့် အောင်မြင်၍ မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များဖြင့် နိုင်ငံတော်နှင့်ပြည်သူများအကျိုးကို ဆထက်တိုး ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်ကြရန်မှာကြားလိုကြောင်း၊

၄။        သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်  ၁၀ : ၀၀  နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Pages

Subscribe to Front page feed