OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး

No front page content has been created yet.

Policy, Objectives and Functions

မျှော်မှန်းချက်( Vision)

          ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေး၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ကောင်းမွန်စေရေး၊ ပြည်သူ့ဘဏ္ဍာငွေကြေးထိန်းကျောင်းတည့်မတ်ပေးရေးအတွက် အဓိက တာဝန်ရှိသည်နှင့်အညီ ထိရောက်စွာစစ်ဆေးဖေါ်ထုတ်၍ ပြည်သူသို့ အစီရင်ခံခြင်းဖြင့် ရှင်းလင်းတင်ပြရန် ဖြစ်ပါသည်။

 

လုပ်ငန်းတာဝန် (Mission)

        ဤရုံး၏ လုပ်ငန်းတာဝန်မှာ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် Good Governance နှင့် သန့်ရှင်းသောအစိုးရ Clean Government ရည်မှန်းချက်များကို ဦးတည်သော စစ်ဆေးရေးလုပ်ငန်းစဉ်များကို အရည်အသွေးပြည့်မီစွာနှင့် ထိရောက်အကျိုးရှိစွာ ထမ်းဆောင်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

 

မူဝါဒ (Policy)

          ဤရုံး၏ မူဝါဒမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေးစနစ် တိုးတက်ကောင်းမွန်လာစေရေးကို ဦးတည်လျက် ပြည်သူ့ဘဏ္ဍာငွေ အရအသုံးဆိုင်ရာလုပ်ငန်းများအား စစ်ဆေးဆောင်ရွက်ခြင်း၊ ပကတိအခြေအနေများအား မှန်ကန်စွာဆန်းစစ်သုံးသပ်ပြီး ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်စေခြင်းနှင့် ဆန်းသစ်တီထွင်မှုများကို အားပေးခြင်းဖြင့် ကောင်းမွန်သန့်ရှင်းထိရောက်မှန်ကန်သော ပြည်သူ့ဘဏ္ဍာရေးစနစ် ဖြစ်ပေါ်လာစေရေး ဦးတည်ဆောင်ရွက်ရန် ဖြစ်ပါသည်။

 

တန်ဖိုးများ (Core Value)

          ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်း ဆောင်ရာတွင် အောက်ပါတန်ဖိုးများ(Core Value)ကို ဦးထိပ်ထား၍ ဆောင်ရွက်သွားရမည် ဖြစ်ပါသည်-
                   (က)    ရိုးသားဖြောင့်မတ်မှု
                   (ခ)     လွတ်လပ်မှုနှင့်ဓမ္မဓိဋ္ဌာန်ကျမှု
                   (ဂ)     အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု
                   (ဃ)    လျှို့ဝှက်စောင့်ထိန်းမှု
                   (င)     လုံ့လစိုက်ထုတ်၍သတိသမ္ပဇဉ်ဖြင့်ဆောင်ရွက်မှု
                   (စ)     ပြည်သူ့အကျိုးစီးပွားကိုဦးထိပ်တင်၍ဆောင်ရွက်မှု

သတင်း နှင့် လှုပ်ရှားမှုများ