OFFICE OF THE AUDITOR GENERAL OF THE UNION

The Auditor General of the Union received the World Bank delegation

          U Maw Than, The Auditor General of the Union, received the delegation from the World Bank led by Mr. Christopher Fabling, Public Financial Management Specialist, at the Call Room of the Office of the Auditor General of the Union, Nay Pyi Taw, at 10:00 AM on the 27th September,2019.

          During the meeting, they discussed the facts on the Gap Analysis in the draft IPSAS Gap Analysis Report prepared by the World Bank regarding the transition towards the Public Sector Accounting Standards and Financial Reporting in line with the International  Public Sector Accounting Standards (IPSAS) and International Financial Reporting Standards (IFRS).

          The Permanent Secretary, Director General, the Deputy Permanent Secretary, the Deputy Director General and responsible persons from the Office of the Auditor General of the Union attended the meeting.

ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

            ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr.Christopher Fabling ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများ (International Public Sector Accounting Standards-IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards - IFRS) နှင့်အညီ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်း (Public Sector Accounting Standards and Financial Reporting) သို့ အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ Gap Analysis ဆောင်ရွက်ခဲ့မှုအပေါ် ကမ္ဘာ့ဘဏ်၏ စိစစ်တွေ့ရှိချက်အစီရင်ခံစာ (IPSAS Gap Analysis Report) မူကြမ်းပါ အချက်များအား ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်

၁။        ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း ၁၀ : ၃၀ နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ / သင်တန်းသား ၁၂၂ ဦး တက်ရောက်ခဲ့ကြပါသည်။

၃။      အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -

  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ တာဝန်ရှိမှု အခန်းကဏ္ဍပိုမိုကျယ်ပြန့်လာကြောင်း၊
  • ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ တာဝန်ရှိမှုအပိုင်း ပို၍ကျယ်ပြန့်လာသည်နှင့်အညီ အကောင်အထည်ဖော်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ခိုင်မာအားကောင်းရေးသည် အဓိကကျအရေးပါသည်ကို သတိချပ်ရမည် ဖြစ်ကြောင်း၊
  • “လူ့စွမ်းအားအရင်းအမြစ် တိုးတက်အားကောင်းရေး၊ စာရင်းပညာတိုးတက်ပြန့်ပွားရေး” နှင့် “လက်တွေ့လုပ်ငန်းမှာ အကျိုးရှိရှိပြန်လည် အသုံးချနိုင်ရေး” ရည်ရွယ်ချက်များဖြင့် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊
  • လက်တွေ့ဆောင်ရွက်ခဲ့သည့် စစ်ဆေးရေးလုပ်ငန်းများ၏ အတွေ့အကြုံများကို အခြေခံ၍ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အလေ့အထများ နှင့် နှိုင်းယှဉ်ကာ အကြောင်းအရာစုံလင်စွာဖြင့် ပို့ချဆွေးနွေးပေးခဲ့ကြောင်း၊
  • ဌာန / အဖွဲ့အစည်းများသည် ချမှတ်ထားသည့်မူဝါဒကို အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများမှ  သွေဖည်မှုမရှိစေရေး ထိန်းကျောင်းရန်တာဝန်ရှိကြောင်း၊
  • ပညာရပ်ပိုင်းဆိုင်ရာတွင် စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကျွမ်းကျင်မှုသာမက ဦးဆောင်မှု ( Leadership )၊ စီမံအုပ်ချုပ်မှု ( Management ) နှင့် ပူးပေါင်း ဆောင်ရွက်မှု ( Cooperation ) ပုံစံများနှင့် အခြားသိသင့်သိထိုက်သော ဗဟုသုတများကို ရှာဖွေဖတ်ရှုဆည်းပူးရမည်ဖြစ်ကြောင်း၊
  • Compliance Audit, Performance Audit, Financial Audit ဘာသာရပ်များကို လက်တွေ့ဆောင်ရွက်လျက်ရှိပြီး IT Audit အတွက်လည်း  နည်းပညာပိုင်း သီးခြားကျွမ်းကျင်မှုများကို ကိုယ်တိုင်ဆည်းပူးလေ့လာသည့်အပြင် မိမိဝန်ထမ်းများလေ့လာရန် တိုက်တွန်းအားပေးရမည်ဖြစ်ကြောင်း၊
  • ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၅ နှစ် မဟာဗျူဟာစီမံချက်တွင်ပါရှိသော ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိအကောင်အထည်ဖော်နေမှုများ၊ ရှေ့ကာလ အခင်းအကျင်း အစီအမံများကို ချမှတ်ထားသည့် ရည်မှန်းချက်နှင့်အညီ အောင်မြင်စွာဆောင်ရွက်ရန် စာရင်းစစ်ရုံးဝန်ထမ်းများအားလုံး တာဝန်ရှိသည်ကို သိရှိနားလည်ရန်လိုကြောင်း၊
  • ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ကျရာအခန်းကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

၄။      သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်ပိုင်း ၁၁ : ၀၀ နာရီတွင် ရုပ်သိမ်း၍  အခမ်းအနားတက်ရောက်လာသူများကို  နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

Conducting the Performance Audit (PA) Workshop
  1. The Performance Audit Workshop was held, led by the experts from the Office of the Auditor General of Norway (OAGN), Ms. Hege Maasø, Ms. Oda Krogh Laeret and Mr. Torkel Grahm-Haga, with the PA Team who will conduct the PA from the Office of the Auditor General of the Union (OAGM) and respective Offices of the Auditor General of Regions/States at the Assembly Hall of the Office of the Auditor General of the Union, Nay Pyi Taw from 17th to 21st September, 2019.
  2. In the Workshop, the experts from OAGN conducted discussing data collection methods regarding the Execution Phase of PA, analyzing the Interview Techniques, identifying the Design Matrix for the data collection methods and audit Scope for audit teams, clarifying the identification of responsible departmental organizations to be audited in linkage in conducting PA, rules and procedures to be followed by utilizating laws regarding the forestry and irrigation, taking part in group work activities, making presentations on data and systems regarding execution phase. 
  3. By holding the workshop, the participants gained the knowledge about the facts needed to perform in the Execution Phase, the procedures to be conducted effectively in fieldwork.
  4. The Permanent Secretary, the Director General (Audit Department) and Deputy Director Generals from the Audit Department and the audit staff from the Office of the Auditor General of the Union and Offices of the Auditor General of States/Regions, a total number of 90, attended the workshop.
  5. At the fourth day of the Workshop, the experts from OAGN met with the Permanent Secretary, the Director General (Audit Department) and Deputy Permanent Secretary, and they discussed the lecture points on the rules and procedures regarding data collection, methods for the interview technique regarding PA, facts to be included in the Design Matrix and reporting matters, conducting the PA systematically, preparing the PA Guideline, carrying out the Environmental Audit, initiating and implementing the PA Unit, and the way forward.
လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း အလုပ်ရုံဆွေးနွေးပွဲ Performance Audit (PA) Workshop ကျင်းပပြုလုပ်ခြင်း

၁။     နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် Ms. Hege Maasø၊ Ms. Oda Krogh Laeret ၊ Mr. Torkel Grahm-Haga တို့မှ ဦးဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ Performance Audit ဆောင်ရွက်မည့်အဖွဲ့နှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ စာရင်းစစ်ဝန်ထမ်းများသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

၂။     အလုပ်ရုံဆွေးနွေးပွဲ၌ PA ၏ Execution Phase နှင့်စပ်လျဉ်းသည့် အချက်အလက်ကောက် ယူသည့်နည်းစနစ်များ၊ Interview Technique များကို စိစစ်ဆောင်ရွက်ခြင်း၊ Data ကောက်ယူရာတွင် အသုံးပြုသည့်နည်းစနစ်များနှင့် PA Team များ အတွက် စစ်ဆေးရမည့်နယ်ပယ် (Scope) အား ပုံစံများ (Design Matrix) ချမှတ်ပေးခြင်း၊ PA ဆောင်ရွက်ရာတွင် ဆက်စပ်စစ်ဆေးရမည့် တာဝန်ရှိသော ဌာနအဖွဲ့အစည်းများနှင့် လိုက်နာကျင့်သုံးရမည့် ဉပဒေစည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်းကို  မြန်မာနိုင်ငံ သစ်တောဥပဒေ၊ ဆည်မြောင်းဥပဒေဆိုင်ရာများအား ဥပမာထားအသုံးပြု၍ ရှင်းလင်းပို့ချခြင်း၊ Group Work များဆောင်ရွက်ခြင်းနှင့် Execution Phase နှင့်စပ်လျဉ်းသည့် အချက် အလက်များ၊ နည်းစနစ်များအတွက် Presentations များ ပြုလုပ်ပေးခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ပါသည်။

၃။     အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းအားဖြင့် တက်ရောက်သူများအား Performance Audit ၏ Execution Phase တွင် ဆောင်ရွက်ရမည့် အချက်အလက်များ၊ Fieldwork တွင် ထိရောက်စွာစစ်ဆေးနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေပါသည်။

၄။     အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ(စစ်ဆေးရေး) နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ် ရုံးများမှ စာရင်းစစ်ဝန်ထမ်း (၉၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 

၅။     အလုပ်ရုံဆွေးနွေးပွဲရက်စတုတ္ထနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ထံ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ အကြံပေးပုဂ္ဂိုလ်များက လာရောက်တွေ့ဆုံပြီး  PA Workshop အတွင်းတွင် ပို့ချခဲ့သော Data Collection နှင့်စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများ၊ PA နှင့်စပ်လျဉ်းသည့် Interview Technique အတွက် နည်းစနစ်များ၊ Design Matrix တွင် ဖြည့်စွက်ရမည့်အချက်အလက်များအပြင် Reporting ကိစ္စရပ်များ၊ PA ကို စနစ်တကျ ဆောင်ရွက်သွားနိုင်စေရေး၊ PA Guideline ထွက်ရှိနိုင်ရေးဆောင်ရွက်ခြင်း၊ Environmental Audit ဆက်လက်ဆောင်ရွက်ခြင်းနှင့် Performance Audit Unit အား စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ်(၃/၂၀၁၉) ဖွင့်ပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ  ၂၄ ရက်

၁။        ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်  ၉ : ၃၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ်(၃/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။         အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား  ၁၂၂  ဦး တက် ရောက်ခဲ့ကြပါသည်။

၃။        အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -

  • မိမိတို့ရုံးသည် စာရင်းစစ်ဆေးခြင်းဖြင့် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားကို အထောက်အကူပြုသည့်ကဏ္ဍမှ အရေးကြီးသည့်လုပ်ငန်းတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊
  • အစိုးရကဏ္ဍအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် ပြည်သူအတွက် မည်သည့်အတိုင်းအတာအထိ အကျိုးသက်ရောက်မှုရှိသည်ကို စစ်ဆေး၍ လွှတ်တော်သို့ တင်ပြလျက်ရှိကြောင်း၊
  • ဝန်ကြီးဌာနအဖွဲ့အစည်းများက လုပ်ငန်းဆောင်ရွက်လျက်ရှိရာတွင် မူလချမှတ်ထားသည့် ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ မရှိ ကူညီထိန်းကျောင်းပေးရန်ဖြစ်ကြောင်း၊
  • လုပ်ငန်းများပိုမိုထိရောက်အောင်မြင်ရေး ရည်ရွယ်ချက်ဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ် (Capacity Building Plan) များချမှတ်၍ သင်တန်းများပို့ချ ပေးလျက်ရှိကြောင်း၊
  • Stakeholder Entity များ၏ သဘောသဘာဝနှင့် လုပ်ငန်းပတ်ဝန်းကျင်ပြောင်းလဲလာမှုများကို  Knowledge Gap မဖြစ်အောင် မပြတ်လေ့လာရန်လိုကြောင်း၊
  • မြို့နယ်အဆင့်ရုံးအကြီးအကဲတစ်ယောက်အနေဖြင့် မိမိအုပ်ချုပ်ရသည့် ဝန်ထမ်းများအပေါ် မျှမျှတတစီမံခန့်ခွဲရန်ဖြစ်ကြောင်း၊
  • မိမိတို့ရုံး၏   “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြုမူလုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊
  • ဦးစီးအရာရှိများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးအတွက် ဝန်ထမ်းကောင်း ပီသစွာ ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းလိုက်နာကြရန်နှင့်  ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ပြည်သူကို အလုပ်အကျွေးပြုကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

၄။        သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်    ၁၀  :  ၀၀   နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် စာရင်းစစ်(၃)(လစာနှုန်းကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) နှင့် အငယ်တန်းလက်နှိပ်စက်ရိုက် (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများအတွက် လူတွေ့ဖြေဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်ခြင်း

၁။        ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် စာရင်းစစ်(၃) (လစာနှုန်းကျပ် ၁၉၈၀၀၀ -၂၀၀၀ -၂၀၈၀၀၀ )  နှင့် အငယ်တန်းလက်နှိပ်စက်ရိုက် (လစာနှုန်းကျပ်  ၁၈၀၀၀၀ -၂၀၀၀-၁၉၀၀၀၀  ) ရာထူးနေရာများ အတွက် ၂၁-၈-၂၀၁၉ ရက် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့၌ ကြော်ငြာထည့်သွင်း လျှောက်လွှာခေါ်ယူခဲ့ရာ လူတွေ့စစ်ဆေးခြင်းကို ၁၉ - ၉ -၂၀၁၉ ရက်နေ့ နှင့် ၂၀ - ၉ -၂၀၁၉ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သဖြင့် ဖြေဆိုခွင့်ရှိသူ များကို အသိပေးအကြောင်းကြားပါသည်-

(က)     ကျင်းပမည့်နေရာ                     - ရုံးအမှတ် (၁၂)၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်

(ခ)       သတင်းပို့ရမည့်နေ့ရက်             -  ၁၈-၉-၂၀၁၉ /၁၉-၉-၂၀၁၉

(ဂ)       ကျင်းပမည့်နေ့ရက်/အချိန်        -  ၁၉-၉-၂၀၁၉/၂၀-၉-၂၀၁၉၊ ၉ : ၀၀နာရီ

၂။         လူတွေ့စာမေးပွဲ လာရောက်ဖြေဆိုမည့်သူများသည် သတင်းပို့ရန်သတ်မှတ်ထားသည့်နေ့ရက် ရုံးချိန် (၉:၀၀ နာရီမှ ၄:၀၀ နာရီ ) အတွင်း စီမံရေးရာ၊ (ဝန်ထမ်းရေးရာ-၁)သို့ သတင်းပို့ရမည်ဖြစ်ပါသည်။

၃။        လူတွေ့စာမေးပွဲလာရောက်ဖြေဆိုမည့်သူများသည် အောက်ပါတို့ကို မိမိနှင့်တပါတည်း ယူဆောင်လာရန် ဖြစ်ပါသည်-

(က)     ဘွဲ့လက်မှတ်မူရင်း/ပညာအရည်အချင်းသတ်မှတ်ချက်အတွက်အထောက်အထားမူရင်း

            (ခ)       အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်အောင်လက်မှတ် (သို့မဟုတ်) အခြေခံပညာအထက်တန်းအောင်လက်မှတ်မူရင်း

                        (ဂ)       နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း

                       (ဃ)     အခြားကျွမ်းကျင်မှုဆိုင်ရာသင်တန်းဆင်းလက်မှတ်မူရင်း

                       ၄။        ဤကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၄၀၇၂၈၈ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် စာရင်းစစ်(၃)(လစာနှုန်းကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) နှင့် အငယ်တန်းလက်နှိပ်စက်ရိုက် (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများအတွက် လူတွေ့ဖြေဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်ခြင်း

၁။        ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် စာရင်းစစ်(၃) (လစာနှုန်းကျပ် ၁၉၈၀၀၀ -၂၀၀၀ -၂၀၈၀၀၀ )  နှင့် အငယ်တန်းလက်နှိပ်စက်ရိုက် (လစာနှုန်းကျပ်  ၁၈၀၀၀၀ -၂၀၀၀-၁၉၀၀၀၀  ) ရာထူးနေရာများ အတွက် ၂၁-၈-၂၀၁၉ ရက် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့၌ ကြော်ငြာထည့်သွင်း လျှောက်လွှာခေါ်ယူခဲ့ရာ လူတွေ့စစ်ဆေးခြင်းကို ၁၉ - ၉ -၂၀၁၉ ရက်နေ့ နှင့် ၂၀ - ၉ -၂၀၁၉ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သဖြင့် ဖြေဆိုခွင့်ရှိသူ များကို အသိပေးအကြောင်းကြားပါသည်-

(က)     ကျင်းပမည့်နေရာ                     - ရုံးအမှတ် (၁၂)၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်

(ခ)       သတင်းပို့ရမည့်နေ့ရက်             -  ၁၈-၉-၂၀၁၉ /၁၉-၉-၂၀၁၉

(ဂ)       ကျင်းပမည့်နေ့ရက်/အချိန်        -  ၁၉-၉-၂၀၁၉/၂၀-၉-၂၀၁၉၊  ၉ : ၀၀နာရီ

၂။         လူတွေ့စာမေးပွဲ လာရောက်ဖြေဆိုမည့်သူများသည် သတင်းပို့ရန်သတ်မှတ်ထားသည့်နေ့ရက် ရုံးချိန် (၉:၀၀ နာရီမှ ၄:၀၀ နာရီ ) အတွင်း စီမံရေးရာ၊ (ဝန်ထမ်းရေးရာ-၁)သို့ သတင်းပို့ရမည်ဖြစ် ပါသည်။

၃။        လူတွေ့စာမေးပွဲလာရောက်ဖြေဆိုမည့်သူများသည် အောက်ပါတို့ကို မိမိနှင့်တပါတည်း ယူဆောင် လာရန် ဖြစ်ပါသည်-

(က)     ဘွဲ့လက်မှတ်မူရင်း/ပညာအရည်အချင်းသတ်မှတ်ချက်အတွက်အထောက်အထားမူရင်း

            (ခ)       အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်အောင်လက်မှတ် (သို့မဟုတ်)

                      အခြေခံပညာအထက်တန်းအောင်လက်မှတ်မူရင်း

                        (ဂ)       နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း

                       (ဃ)     အခြားကျွမ်းကျင်မှုဆိုင်ရာသင်တန်းဆင်းလက်မှတ်မူရင်း

၄။        ဤကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၄၀၇၂၈၈ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Pages

Subscribe to Front page feed