OFFICE OF THE AUDITOR GENERAL OF THE UNION

ညွှန်ကြားရေးမှူးများ စစ်ဆေးရေးလုပ်ငန်းနှင့်စီမံရေးရာကိစ္စရပ်များ ဆွေးနွေးခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၁။        ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် ( အင်္ဂါနေ့ ) နံနက် ၉ : ၃၀ မှ ညနေ ၆ : ၀၀ နာရီ အထိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးများ စစ်ဆေးရေးလုပ်ငန်းနှင့် စီမံရေးရာကိစ္စရပ်များ ဆွေးနွေးသည့်အခမ်းအနား ကျင်းပခဲ့ပါသည်။

၂။         အဆိုပါဆွေးနွေးပွဲသို့ ရုံးအဖွဲ့၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာနနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့် ရုံးချုပ်၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူး ၂၃ ဦး တက်ရောက်ခဲ့ပါသည်။

၃။        အနာဂတ်ကာလ စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကောင်းမွန်သောရေးသားတင်ပြမှု၊ တွေးခေါ်မှုနှင့် စစ်ဆေးရေးအထောက်အထား အချက်အလက်များစုစည်းရရှိမှု၊ သုံးသပ်စိစစ်မှုနှင့်  စီမံရေးရာကိစ္စရပ်များကို ဆွေးနွေးသုံးသပ်ပြီး  ရုံးချုပ်နှင့်ဒေသများအကြား အတွေ့အကြုံဗဟုသုတများ  Sharing ပြုလုပ်နိုင်ရန်အတွက် ယခုဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

၄။        အောက်ပါအချက်များနှင့် စပ်လျဉ်း၍ ရုံးချုပ်နှင့်ဒေသများမှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြ ပါသည်။

  • စစ်ဆေးရေးလုပ်ငန်းများအား နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်ရေးအတွက် တင်ပြသည့် စာရင်းစစ်အစီရင်ခံစာများ၏ အရည်အသွေးနှင့် ဖော်ပြရေးသားချက်များ ပြည့်စုံအားကောင်းခိုင်မာစေရန်နှင့် အချိန်မှန်တင်ပြနိုင်စေရေးအတွက် အစီအမံများ    ပြုလိုခြင်း၊
  • နိုင်ငံတကာတွင် ကျင့်သုံးသည့် ISSAIs Based Standards များအရ ဆောင်ရွက်မှုနှင့် မိမိတို့လက်ရှိဆောင်ရွက်မှုများ၏ ကွာဟမှုအခြေအနေများနှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  Risk Area များအတွက် Planning Stage အား ကောင်းစွာပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ခြင်း၊
  • တိုင်းဒေသကြီး/ပြည်နယ်များ၏ ပြည်ထောင်စုမှ ရရှိသည့် Budget လိုငွေ၊ ထောက်ပံ့ငွေများ ရရှိမှု၊ သုံးစွဲမှုနှင့် အခွန်ဝေစုရရှိမှုများ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစစ်ဆေးချက် အစီရင်ခံစာတင်ပြမှု အခြေအနေနှင့်ဆိုင်သော အချက်အလက်များအား Sharing ပြုလုပ်၍ အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်း၊
  • လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်များ၌ Video Conferencing အတွက် Budget တောင်းခံထားမှု၊ သုံးစွဲမှု၊ ပေးချေမှုနှင့် ဆောင်ရွက်ထားရမည့်လုပ်ငန်းစဉ်များ၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကိစ္စရပ်များ ဆွေးနွေးခြင်း၊
  • National IT Expert မှ OAG Exchange Email အသုံးပြုနည်း၊ File Transfer Protocol Server ကို အသုံးပြု၍ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ သတင်းအချက်အလက်ဖလှယ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ ရုံးချုပ်သို့ Avirtual Poivate Network ဆက်သွယ်မှုကို အသုံးပြု၍ ဆက်သွယ်ခြင်းတို့ကို ရှင်းလင်းတင်ပြခြင်း၊

၅။        ဆွေးနွေးပွဲအခမ်းအနားကို ညနေ ၆:၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်- ၂၃၂ သင်တန်းဖွင့်ပွဲအခမ်းအနား

စာရင်းစစ် - ၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၃၅ သင်တန်းဖွင့်ပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၁၇ ) ရက်

၁။      ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၁၇ ) ရက်နေ့ နံနက် ( ၁၀ : ၀၀ ) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် - ၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် - ၃၅ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၂။      အဆိုပါအခမ်းအနားသို့  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား ( ၁၂၃ ) ဦး တက်ရောက်ခဲ့ပါသည်။

၃။      အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -

-        ဤသင်တန်းကို လူ့စွမ်းအားအရင်းအမြစ်အားကောင်းရေး၊ စာရင်းပညာတိုးတက်ပြန့်ပွားရေးနှင့် အသိပညာဗဟုသုတများ လက်ဆင့်ကမ်းပို့ချရေး ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်ကြောင်း၊

-       ဤရုံးအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ပြည်သူအတွက် ထိရောက်အကျိုးရှိစေရေး ထိန်းကျောင်းသည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊

-       စာရင်းစစ်ဆေးရေးအဖွဲ့၏ ဦးဆောင်သူ Leader များဖြစ်သည့် စာရင်းစစ် - ၁ များ ၏ တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့်ကျွမ်းကျင်မှုသည် အထူးအရေးကြီးကြောင်း၊

-      စစ်ဆေးရေးလုပ်ငန်းစဉ်တစ်လျှောက်လုံး ပညာရှင်ပီသသော သတိသမ္ပဇဉ်ထားရှိ၍ အကြောင်းကိစ္စတစ်ရပ် ဖြစ်ပွားပေါ်ပေါက်ပါက ဖြစ်ပွားရသည့်အကြောင်းရင်းများ (Underlying Causes) နှင့် သက်ရောက်မှုကို အကဲဖြတ်နိုင်ရန်လိုကြောင်း၊

-        ယခုသင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများလည်း အသစ်ထည့်သွင်းထားပါကြောင်း၊

-        စာရင်းစစ်-၁ များသည် လုပ်ငန်းဆောင်ရွက်ရာတွင် ရိုးဖြောင့်မှု(Integrity)၊ ဓမ္မဓိဋ္ဌာန်ကျမှု (Objectivity)၊ အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု (Professional Competence)၊ လုံလောက်သောသတိသမ္ပဇဉ်ထားရှိမှု (Professional Due Care) နှင့် စာရင်းစစ်ကျင့်ဝတ်အရ ဆောင်ရန်ရှောင်ရန်များကို တိကျစွာပြုမူလိုက်နာဆောင်ရွက်မှု (Professional Behavior) စသည့်ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာရမည်ဖြစ်ကြောင်း၊

-        ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကပေးအပ်သော လုပ်ငန်းတာဝန်များကို ထိရောက်အကျိုးရှိစွာဖြင့် ကျေကျေပွန်ပွန်ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း၊

အခမ်းအနားကို နံနက် ( ၁၀ : ၃၀ ) နာရီတွင်  ရုပ်သိမ်းခဲ့ပါသည်။

၁။      ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၁၇ ) ရက်နေ့ နံနက် ( ၁၀ : ၀၀ ) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် - ၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၃၅ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၂။      အဆိုပါအခမ်းအနားသို့  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား ( ၁၂၃ ) ဦး တက်ရောက်ခဲ့ပါသည်။

၃။      အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -

-        ဤသင်တန်းကို လူ့စွမ်းအားအရင်းအမြစ်အားကောင်းရေး၊ စာရင်းပညာတိုးတက်ပြန့်ပွားရေးနှင့် အသိပညာဗဟုသုတများ လက်ဆင့်ကမ်းပို့ချရေး ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်ကြောင်း၊

-       ဤရုံးအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ပြည်သူအတွက် ထိရောက်အကျိုးရှိစေရေး ထိန်းကျောင်းသည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊

-       စာရင်းစစ်ဆေးရေးအဖွဲ့၏ ဦးဆောင်သူ Leader များဖြစ်သည့် စာရင်းစစ် - ၁ များ ၏ တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့်ကျွမ်းကျင်မှုသည် အထူးအရေးကြီးကြောင်း၊

-      စစ်ဆေးရေးလုပ်ငန်းစဉ်တစ်လျှောက်လုံး ပညာရှင်ပီသသော သတိသမ္ပဇဉ်ထားရှိ၍ အကြောင်းကိစ္စတစ်ရပ် ဖြစ်ပွားပေါ်ပေါက်ပါက ဖြစ်ပွားရသည့်အကြောင်းရင်းများ (Underlying Causes) နှင့် သက်ရောက်မှုကို အကဲဖြတ်နိုင်ရန်လိုကြောင်း၊

-        ယခုသင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများလည်း အသစ်ထည့်သွင်းထားပါကြောင်း၊

-        စာရင်းစစ်-၁ များသည် လုပ်ငန်းဆောင်ရွက်ရာတွင် ရိုးဖြောင့်မှု(Integrity)၊ ဓမ္မဓိဋ္ဌာန်ကျမှု (Objectivity)၊ အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု (Professional Competence)၊ လုံလောက်သောသတိသမ္ပဇဉ်ထားရှိမှု (Professional Due Care) နှင့် စာရင်းစစ်ကျင့်ဝတ်အရ ဆောင်ရန်ရှောင်ရန်များကို တိကျစွာပြုမူလိုက်နာဆောင်ရွက်မှု (Professional Behavior) စသည့်ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာရမည်ဖြစ်ကြောင်း၊

-        ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကပေးအပ်သော လုပ်ငန်းတာဝန်များကို ထိရောက်အကျိုးရှိစွာဖြင့် ကျေကျေပွန်ပွန်ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း၊

အခမ်းအနားကို နံနက် ( ၁၀ : ၃၀ ) နာရီတွင်  ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ်သည် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်း၀န်နှင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးတို့ လိုက်ပါလျက် ၁၅-၉-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်း‌‌ဒေသကြီး၊ ညောင်ဦးခရိုင်/ မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်များရှိ စာရင်းစစ်၀န်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ရှေးဦးစွာပြည်ထောင်စုစာရင်းစစ်ချုပ်မှ နိုင်ငံတကာမှာရှိသော Supreme Audit Institution-SAI များသည် Financial Audit, Compliance Audit, Performance Audit အပြည့်အဝ လုပ်ဆောင်ကြရကြောင်း၊ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာ SAI များလုပ်ဆောင်ရသည့်အတိုင်း အပြည့်အ၀ဆောင်ရွက်ရသည့်အတွက် နိုင်ငံတကာအဆင့်မီကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း လုပ်ကိုင်ရသောနယ်ပယ် ကျယ်ပြန့်လာခြင်းကို စိုးရိမ်ကြောင့်ကြရန်မလိုကြောင်း၊ Performance Audit သည်လည်း အဓိကအားဖြင့် ပြည်သူ့အသုံးစရိတ် စီမံခန့်ခွဲရာတွင် လမ်းကြောင်းတည့်မတ် ပေးရခြင်းဖြစ်ကြောင်း၊ ပြည်သူ့အသုံးစရိတ်သည် တန်ရာတန်ကြေး Value for money ရရှိမှုကို ပြည်သူများကမျှော်မှန်းကြသည့်အတွက် အသုံးစရိတ်ကို Economy၊ Efficiency၊ Effectiveness (3Es)ဖြင့် ဆန်းစစ်ကြရန်လိုအပ်ကြောင်း၊ Performance Audit စစ်ဆေးရာတွင်လည်း အနှစ်ချုပ်အားဖြင့် ဝန်ထမ်းနှင့်ပတ်သက်၍ ပေးအပ်ထားသောတာဝန်နှင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုတို့ ကိုက်ညီမှုရှိမရှိ၊ ပိုင်ဆိုင်ထားသောပစ္စည်းများနှင့်ပတ်သက်၍ သုံးစွဲမှုသည် ထိရောက်မှုရှိမရှိ၊ အထူးသဖြင့် စီမံကိန်းများသည် ရည်ရွယ်ချက် ပေါက်မြောက်မှုရှိမရှိ စစ်ဆေးခြင်းသာဖြစ်ကြောင်း၊ မြေပြင်ရှိသောအခြေအနေနှင့် စစ်ဆေးသည့်အခါ ဖော်ပြထားသော အခြေအနေများ ကိုက်ညီမှု ရှိမရှိသည်လည်း အရေးကြီးသောအချက်ဖြစ်ကြောင်း၊ Financial Audit၊ Compliance Audit၊ Performance Audit လမ်းညွှန်ချက်များရှိကြောင်း၊ မိမိတို့ စာရင်းစစ်ချုပ်ရုံးသက်တမ်းနှစ် ၇၀ ကျော် စစ်ဆေးရေးသမိုင်းတလျှောက်တွင်လည်း လုပ်ငန်းစစ်ဆေးရေး ပါ၀င်ခဲ့သောကြောင့် ယခင်လုပ်ငန်း တာဝန်အတိုင်း ပြန်လည်လုပ်ကိုင်ခွင့်ရခြင်းဖြစ်သည့်အတွက် စိုးရိမ်ကြောင့်ကြစရာမရှိကြောင်း၊ လုပ်ပိုင်ခွင့်အပြည့်အဝရရှိသည့်အတွက် ဝမ်းသာမိကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ လုပ်ငန်းဆောင်ရွက်ရာတွင် ပညာရှင် ကျင့်ဝတ်များဖြစ်သော သတိ၊ သမ္ပစဉ်နှင့် လုံလဝီရိယ ( Due, Care and Deligent ) ထားရှိရန်၊ တွေ့ရှိချက်များကို ပွင့်လင်းမြင်သာမှုရှိရမည်ဆိုသော်လည်း ဉပဒေအရ မဖြစ်မနေမှသာထုတ်ဖော်ပြောဆိုရန်၊ သက်ဆိုင်ရာစစ်ဆေးသည့်အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူပြီးမှသာ ထုတ်ဖော်ပြောဆိုရန်၊ လျှို့ဝှက်ထားရှိမှု (Confidentiality) ကိုလိုက်နာရန်၊ နောက်ဆုံးအချက်အနေဖြင့် ဤရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး” ဆောင်ပုဒ်နှင့်အညီ စနစ်ကောင်းအပေါ် လမ်းကြောင်း အမှန်တည့်မတ်ပေးရန် တာဝန်ရှိကြောင်း၊ ပညာရှင်ကျင့်ဝတ်များနှင့် ကိုက်ညီမည်ဆိုလျှင် ပြည်သူလူထုက ယုံကြည်မှုရှိလာမည်၊ စစ်ဆေးရသည့် အဖွဲ့အစည်းများ၏ လေးစားမှုရှိလာမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်မှ နိဂုံးချုပ်အားဖြင့် ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း၊ စိတ်ကောင်းနှလုံးကောင်းထားရန်၊ ဘုရားဟောတရားတော်များနှင့်အညီ နေထိုင်ရန်၊ ဝန်ထမ်းများ စည်းစည်းလုံးလုံး လုပ်ကိုင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ဝန်ထမ်းပိုင်းဆိုင်ရာ အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး၊ ဝန်ထမ်းများအတွက် လမ်းညွှန်မှာကြားမှုများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများဖြင့် တိုးတက်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်မှ ဝန်ထမ်းများကို အားထားကြောင်း၊ အရည်အသွေးပြည့်ပြည့်ဝဝ၊ ကိုယ်ကျင့်တရားပြည့်ပြည့်ဝဝဖြင့် ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်ရန်လိုကြောင်း၊ HR Management၊ Asset Management နှင့် Project Management များကို လမ်းညွှန်ချက်များနှင့်အညီ ဆန်းစစ်ရန်၊ စာရင်းစစ်အန္တရာယ်ကင်းရှင်းအောင် ဂရုစိုက် ပြုမှုဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မိမိတာဝန်ကိုသာ မှန်ကန်ကျေပွန်စွာဆောင်ရွက်ရန်၊ လုပ်ငန်း လုပ်ဆောင်ချက်များ တိုးတက်ကောင်းမွန်သည်ထက် ကောင်းမွန်အောင်ဆောင်ရွက်ရန်၊ ပြောင်းလဲသောခေတ်စနစ်နှင့်အညီ မိမိတို့၏ စစ်ဆေးရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်ပြည့်စုံစေရန် အစဉ်လေ့လာမှတ်သားမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းရာထူးတိုးကိစ္စ၊ အပြောင်းအရွှေ့ ကိစ္စများနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲမှုဘုတ်အဖွဲ့အနေဖြင့် အကောင်းဆုံးဖြစ်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း မှာကြားခဲ့ပါသည်။

Pages

Subscribe to Front page feed