ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မတ်လ ( ၁ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့ နံနက် (၉ : ၀၀) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၃၄ သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်-
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသား/သူ ( ၁၁၂ ) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မိန့်ကြားခဲ့ပါသည်-
- စာရင်းစစ် - ၁ များသည် စစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက် ကြသည့်အတွက် လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊
- သင်တန်းမှ ပို့ချလိုက်သည့် အတတ်ပညာ၊ ဗဟုသုတများဖြင့်သာရပ်မနေဘဲ ကိုယ်တိုင် လေ့လာဆည်းပူးခြင်း( Self Education ) လုပ်ရန်လိုအပ်ကြောင်း၊
- ကိုယ်ကျင့်တရားကောင်းမွန်သော ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံ၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်သောသူများ ဖြစ်စေလိုကြောင်း၊
- ခေါင်းဆောင်မှုပေးရမည့်ရာထူး၌ ခေါင်းဆောင်မှုစွမ်းရည်ရှိရန် လိုအပ်ကြောင်း၊ Creative Thinking ကောင်းအောင် ပျိုးထောင်စေလိုကြောင်း၊
- စစ်ဆေးရေးအဖွဲ့များတွင် ခေါင်းဆောင်ဖြစ်သည့် စာရင်းစစ် - ၁ များသည် စာရင်းစစ် - ၃ များကို သင့်တင့်မျှတစွာ တာဝန်ခွဲဝေပေးရန် လိုအပ်ကြောင်း၊
- Team Work ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊
- စာရင်းစစ်ဆေးရေးလုပ်ငန်းများကို ရိုးသားဖြောင့်မတ်စွာဖြင့် ဥပဒေ၊ စည်းကမ်း၊ ကျင့်ဝတ် ဘောင်အတွင်း ရိုးရိုးသားသား သိက္ခာရှိရှိဖြင့် စာရင်းစစ်ဝန်ထမ်းကောင်းများအဖြစ် ပြုမူ နေထိုင်ကြရန် တိုက်တွန်းလိုကြောင်း၊
၄။အခမ်းအနားကို နံနက် ( ၉ : ၃၀ ) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မတ်လ ( ၁ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့ နံနက် (၉ : ၀၀) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၃၄ သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်-
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသား/သူ ( ၁၁၂ ) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မိန့်ကြားခဲ့ပါသည်-
- စာရင်းစစ် - ၁ များသည် စစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက် ကြသည့်အတွက် လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊
- သင်တန်းမှ ပို့ချလိုက်သည့် အတတ်ပညာ၊ ဗဟုသုတများဖြင့်သာရပ်မနေဘဲ ကိုယ်တိုင် လေ့လာဆည်းပူးခြင်း( Self Education ) လုပ်ရန်လိုအပ်ကြောင်း၊
- ကိုယ်ကျင့်တရားကောင်းမွန်သော ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံ၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်သောသူများ ဖြစ်စေလိုကြောင်း၊
- ခေါင်းဆောင်မှုပေးရမည့်ရာထူး၌ ခေါင်းဆောင်မှုစွမ်းရည်ရှိရန် လိုအပ်ကြောင်း၊ Creative Thinking ကောင်းအောင် ပျိုးထောင်စေလိုကြောင်း၊
- စစ်ဆေးရေးအဖွဲ့များတွင် ခေါင်းဆောင်ဖြစ်သည့် စာရင်းစစ် - ၁ များသည် စာရင်းစစ် - ၃ များကို သင့်တင့်မျှတစွာ တာဝန်ခွဲဝေပေးရန် လိုအပ်ကြောင်း၊
- Team Work ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊
- စာရင်းစစ်ဆေးရေးလုပ်ငန်းများကို ရိုးသားဖြောင့်မတ်စွာဖြင့် ဥပဒေ၊ စည်းကမ်း၊ ကျင့်ဝတ် ဘောင်အတွင်း ရိုးရိုးသားသား သိက္ခာရှိရှိဖြင့် စာရင်းစစ်ဝန်ထမ်းကောင်းများအဖြစ် ပြုမူ နေထိုင်ကြရန် တိုက်တွန်းလိုကြောင်း၊
၄။အခမ်းအနားကို နံနက် ( ၉ : ၃၀ ) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
U Maw Than, the Auditor General of the Union, received the delegation from the World Bank led by Mr. Serdar Yilmaz, Lead Public Sector Specialist, at the Call Room of the Office of the Auditor General of the Union, Nay Pyi Taw at 9:30 a.m on 1st February, 2019.
During this meeting, they discussed the matters concerning the transition of Public Sector Accounting Standards and Financial Reporting in accordance with International Public Sector Accounting Standards-IPSAS and International Financial Reporting Standards – IFRS.
The Director General (Audit Department), the Deputy Permanent Secretary, the Deputy Director General and responsible persons from the Office of the Auditor General of the Union attended the meeting.
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Lead Public Sector Specialist ဖြစ်သူ Mr. Serdar Yilmaz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့၊ နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံပိုင်ကဏ္ဍဆိုင်ရာနိုင်ငံတကာစာရင်းစံများ (International Public Sector Accounting Standards-IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards - IFRS) နှင့်အညီ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်း (Public Sector Accounting Standards and Financial Reporting) သို့ အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီး ဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် International Federation of Accountants (IFAC) မှ Technical Manager ဖြစ်သူ Ms. Marta Russell ၊ Association of Chartered Certified Accountants (ACCA) မှ Head of Capacity Building ဖြစ်သူ Ms. Mahalah Groves နှင့် Myanmar Institute of Certified Public Accountants (MICPA) မှ ဥက္ကဋ္ဌ ဦးဝမ်းတင်တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် MICPA အား IFAC အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရေး ဆောင်ရွက်နေမှုများ၊ MICPA က အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဗျူဟာ (၂၀၁၉-၂၀၂၃) နှင့် အဆိုပါမဟာဗျူဟာ ရေးဆွဲရာတွင် ACCA က အကူအညီပေးမှုများ၊ MICPA ၏ လက်ရှိဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
1. U Maw Than, the Auditor General of the Union, received Ms. Marta Russell, Technical Manager of International Federation of Accountants (IFAC), Ms. Mahalah Groves, Head of Capacity Building of Association of Chartered Certified Accountants (ACCA) and U Wan Tin, Chairman of Myanmar Institute of Certified Public Accountants (MICPA), at the Meeting Room of the Office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m on 30th January, 2019.
2. During the meeting, they discussed the activities that were being conducted for the acceptance of MICPA as a member of IFAC, the Strategy (2019-2023) that would be implemented by MICPA and the support provided by ACCA in preparing it, and current activities of MICPA.
3. The Permanent Secretary, the Director General (Audit Department), the Deputy Permanent Secretary, Deputy Directors General and responsible persons from the Office of the Auditor General of the Union attended the meeting.
၁။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ ) ရက် နံနက်(၀၉း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာ စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ်-၄၀ ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံ စာရင်းကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်က အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မြန်မာနိုင်ငံ စာရင်းကောင်စီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော ဒီပလိုမာ စာရင်းကိုင် (ပထမပိုင်း)သင်တန်း အမှတ်စဉ်-၄၀ ကို ၁-၂-၂၀၁၉ ရက်နေ့မှစ၍ သင်တန်း ကာလ ၁၀ လကြာ ဖွင့်လှစ်မှာ ဖြစ်ကြောင်း၊
- ဘာသာရပ်များကို Module 1, Module 2, ခွဲခြားသတ်မှတ်ထားပြီး စာရင်းရေး စာရင်းကိုင်၊ ဘောဂဗေဒ၊ စီးပွားရေးသချာၤနှင့် စာရင်းအင်းပညာ ဘာသာရပ်တို့ကို Module 1၊ ကူးသန်းရောင်းဝယ်ရေး အထွေထွေ ဗဟုသုတနှင့် စီးပွားရေး ဥပဒေ ဘာသာရပ်တို့ကို Module 2 အနေနဲ့ သတ်မှတ်ထားကြောင်း၊
- ကနဦး ဖြေဆိုချိန်တွင် ဘာသာရပ် အားလုံး ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ Module တစ်ခုထဲမှ ဘာသာရပ် အားလုံးအောင်မြင်ပြီး အခြား Module တစ်ခုထဲမှ ဘာသာရပ် တစ်ခုခု ကျရှုံးခဲ့လျှင် Module တစ်ခု အောင်မြင်သည်ဟု သတ်မှတ် ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ်အားလုံးအား တစ်ဆက်တည်း ၃ ကြိမ် ပြန်လည်ဖြေဆို ခွင့်ပြုထားပြီး ၃ ကြိမ်အတွင်း အောင်မြင်မှု မရှိခဲ့လျှင် ဖြစ်စေ စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိလျှင်ဖြစ်စေ ကနဦးစာမေးပွဲ ဖြေဆိုသည့် အတိုင်း ဘာသာရပ် အားလုံးကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း၊
- ကျရှုံးသည့် Module တွင် ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံးရရှိပြီး Module 1 အတွက် ၃ ဘာသာပေါင်း ရမှတ် ၇၅ မှတ်၊ Module 2 အတွက် ၂ ဘာသာပေါင်း ရမှတ် ၅၀နှင့်အထက် ရရှိမှသာ Pass ဖြစ်တဲ့ ကျန် Module ကို အောင်မြင်တယ်လို့ သတ်မှတ်မှာဖြစ်ကြောင်း၊
- DA များသည် Technician များ ဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် အတွက် အထောက်အကူ ပြုနိုင်မည့်သူများ ဖြစ်ကြောင်း၊
- အနာဂတ် ကာလတွင် ကျွမ်းကျင်သော စာရင်းပညာရှင် အများကြီး လိုအပ်လာမည် ဖြစ်သည့်အတွက် CPA ၏ အခြေခံ ဖောင်ဒေးရှင်းဖြစ်သည့် DA သင်တန်း သား/သူများ ဖြစ်စေချင်ကြောင်း၊
- စာရင်းပညာရှင်များအဖြစ် စာရင်းပညာရပ်ဆိုင်ရာ အရည်အချင်း ပြည့်ဝဖို့ လိုအပ်သည့်အပြင် ပညာရှင်များ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
- ကထိကများသည် ၎င်းတို့၏ ကိုယ်ပိုင်အချိန်များကို သင်တန်းအတွက် အသုံးချ ပေးနေကြောင်း သင်တန်းသားများက အသိအမှတ်ပြုကာ ပို့ချမှုများ အပေါ် လေးလေးစားစား နာယူမှတ်သားကြရန် မှာကြားလိုကြောင်း၊
- သင်တန်းက ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြစေလိုကြောင်း၊
- နိဂုံးချုပ် အနေဖြင့် နိုင်ငံတော် အတွက် အားကိုးရသော စာရင်းပညာ ကျွမ်းကျင် သူများဖြစ်ရန် ကြိုးပမ်းကြစေလိုကြောင်း။
၄။ အခမ်းအနားကို နံနက်(၀၉း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
