OFFICE OF THE AUDITOR GENERAL OF THE UNION

 

ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၁၈)ဆင်းပွဲ အခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

 

၂၀၁၈ ခုနှစ်၊  ဒီဇင်ဘာလ (   ၂၁   ) ရက်

 

၁။       ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၁ ) ရက်နေ့ နံနက်    ၀၉း၀၀   နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၁၈)ဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသား/သင်တန်းသူ ( ၇၈ ) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။       အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါအတိုင်း လမ်းညွှန် မှာကြားခဲ့ပါသည်-

-        ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ “စာရင်းပညာတိုးတက်ပြန့်ပွားရေး” နှင့် “ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရေး ” ရည်ရွယ်ချက်ဖြင့် မိမိတို့ လက်တွေ့ဆောင်ရွက်ခဲ့သည့် စစ်ဆေးရေးလုပ်ငန်းများ၏ အတွေ့အကြုံများကို အခြေပြုကာ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အလေ့အထများနှင့် နှိုင်းယှဉ် သုံးသပ်ကာ အကြောင်းအရာ စုံလင်စွာဖြင့် ပို့ချဆွေးနွေးပေးထားကြောင်း၊

-        နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ နည်းပညာအကူအညီဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် Compliance Audit အမျိုးအစား Pliot Audit ဆောင်ရွက်ရာတွင် ကောင်းမွန်သည့် ရလဒ်ရရှိခဲ့သည်ကို အသိအမှတ်ပြုခံရသည့်အတွက် အားတက်ဖွယ် ရာ ဖြစ်ပါကြောင်း၊

-        သင်တန်းသား/သူများသည် မိမိတို့ယူရရှိသည့် အသိပညာများကို လုပ်ဖော်ကိုင်ဘက် များအား လက်ဆင့်ကမ်းမျှဝေရန်၊ ခေတ်စနစ်နှင့်ပညာရပ်များ၏ ပြောင်းလဲနေမှုအပေါ် လိုက်လျောညီထွေလိုက်ပါနိုင်သော အရည်အချင်းကို ပြုစုပျိုးထောင်ကြစေလိုကြောင်း၊

-        မိမိတို့အဖွဲ့အစည်းက ချမှတ်ထားသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခင်းအကျဉ်း၊ အစီအမံများကို မျက်ခြေမပြတ် သိရှိနားလည်ထားရန်လိုကြောင်း၊

-        ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မိမိတို့၏ လုပ်ငန်းတာဝန် များ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိနိုင်ကြောင်း၊ လုပ်ငန်းအတွက် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် တတ်သိပညာရှင် များ၏ ကျွမ်းကျင်မှုအကူအညီ ရယူဆောင်ရွက်ခြင်းကိုလည်း ဥပဒေအရ ခွင့်ပြုထား ပြီးဖြစ်ကြောင်း၊

-        မြို့နယ်အဆင့်တွင် ဦးဆောင်ရသူများဖြစ်၍ ခက်ခဲသည့်စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ မိမိတို့၏ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို ပြရန် လိုပါကြောင်း၊

-        စစ်ဆေးရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း။

၄။       သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်  ၀၉း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နော်ဝေနိုင်ငံစာရင်းစစ်ချုပ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်

နော်ဝေနိုင်ငံစာရင်းစစ်ချုပ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့အကြား လက်မှတ် ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစာရင်းစစ်ချုပ်ရုံးများအကြား အဆင့်မြင့် ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် နော်ဝေနိုင်ငံစာရင်းစစ်ချုပ် Mr. Per-Kristian Foss နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Gry Anette Midtbo တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။

ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ (၄) ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိပြီး နော်ေ၀ နိုင်ငံသံရုံးသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။

ဒီဇင်ဘာလ (၅) ရက်နေ့တွင် နေပြည်တော်သို့ မြန်မာ့လေကြောင်းဖြင့်ရောက်ရှိပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဦးဆောင်သောအဖွဲ့ဝင် များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အတွေ့အကြုံများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ထိုနေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်သို့ သွားရောက်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားနိုင်ရေး၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအနေဖြင့် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၏ စာရင်းစစ်အစီရင်ခံစာများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် နော်ဝေနိုင်ငံစာရင်းစစ်ချုပ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ထိုနေ့ည ၈နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

Auditor General of Norway visited Myanmar

Mr. Per-Kristian Foss, the Auditor General and Mrs. Gry Anette Midtbo, the Deputy Director General, of the Office of the Auditor General of Norway visited Myanmar from 4th to 6th December 2018 to hold high level discussions on cooperation and ongoing programs in line with the MOU signed between the Office of the Auditor General of the Union and the Office of the Auditor General of Norway.

The delegation arrived in Yangon on 4th December and visited Norwegian Embassy.

They arrived in Nay Pyi Taw by Myanmar Airways on 5th December, met with U Soe Win, the Union Minister of the Ministry of Planning and Finance, and party and discussed what they want to know regarding financial rules and regulations of Myanmar and cooperation between the Office of the Auditor General of the Union and the Ministry of Planning and Finance.

On the morning of 6th December, the delegation met with U Maw Than, the Auditor General of the Union, and party and discussed cooperation, experiences and ongoing programs between the two Offices of the Auditor General.

On the afternoon of that day, they went to the Pyidaungsu Hluttaw, met with U Tun Tun Hein, the Deputy Speaker of the Pyidaungsu Hluttaw and Chairman of the Joint Public Account Committee of the Pyidaungsu Hluttaw, and party and discussed strengthening the bilateral friendship and cooperation between the two countries and matters of cooperation as for the Joint Public Account Committee regarding the audit reports of the Office of the Auditor General of the Union.

Then the delegation led by the Auditor General of Norway left the Nay Pyi Taw international Airport at 8 pm on that day.

ဦးစီးအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနား

ဦးစီးအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU/GOPA မှ Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။                                                                                                                 

၂။      ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် EU/GOPA တို့အကြား ဆောင်ရွက်လျက်ရှိသည့် Legal Mandates ကိစ္စရပ်များ၊ National Legal Expert ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ Legal Mandates၊ Human Resources၊ Pilot Financial Audit တို့နှင့် စပ်လျဉ်းသည့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

၃။      အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

The Auditor General of the Union received the delegation from EU/GOPA led by Mr. Thomas Thomsen, Consultant

1.       U Maw Than, the Auditor General of the Union, received the delegation from EU/GOPA led by Mr. Thomas Thomsen, Consultant, at the Office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m on 7th December, 2018.

2.       In this meeting, they discussed the matters of Legal Mandates, the performance status of National Legal Expert, ongoing schedules of cooperation regarding Legal Mandates, Human Resources and Pilot Financial Audit between the Office of the Auditor General of the Union and EU/GOPA.

3.       The Permanent Secretary, the Director General (Audit Department) and responsible persons from the Office of the Auditor General of the Union also attended the meeting.

Financial Audit ISSAIs Discussion Forum Website Link အသိပေးခြင်း

Professional Standards Committee (PSC)၊ International organization of Supreme Audit Institutions (INTOSAI) ၏ အောက်တွင် ဖွဲ့စည်းထားသော Financial Audit and Accounting Subcommittee (FAAS) သည် Financial Audit ISSAIs အကောင်အထည်ဖော်နေေသော SAI များ တက်ရောက်နိုင်သည့် Discussion Forum တစ်ခုကို စတင်ဆောင်ရွက်ခဲ့ပါသည်။ SAI များသည် Financial Audit ISSAIs လက်ခံကျင့်သုံးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် မေးခွန်းများကို FAAS သို့ https://www.intosai-faas.org/discussion-forum.html ရှိ Discussion Forum တွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။

Providing Information on Financial Audit ISSAIs Discussion Forum Website Link

The Financial Audit and Accounting Subcommittee (FAAS) which was established under Professional Standards Committee (PSC) of International Organization of Supreme Audit Institutions (INTOSAI) launched the “Discussion Forum” that SAIs implementing financial audit ISSAIs can participate in. The SAIs can ask questions to FAAS on issues related to adoption and implementation of financial audit ISSAIs via “Discussion Forum” at: https://www.intosai-faas.org/discussion-forum.html.

လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်းဆိုင်ရာ သတ်မှတ်ချက်များ

Pages

Subscribe to Front page feed