ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
ရက်စွဲ ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၉ )ရက်
၁။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၉း၀၀ နာရီ၌ မြန်မာနိုင်ငံစာရင်း ကောင်စီရုံး သင်တန်းကျောင်းခန်းမ ၊ ရန်ကုန်မြို့တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ်-၄၀ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ် ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ၊ မြန်မာနိုင်ငံစာရင်းကောင်စီအလုပ်အမှု ဆောင်အဖွဲ့ဝင်များ ၊ သင်တန်းကထိကများ ၊ သင်တန်းသား ၊ သင်တန်းသူများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ် ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မိမိတို့နိုင်ငံတော်တွင် ကဏ္ဍပေါင်းစုံပြုပြင်ပြောင်းလဲမှုများအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ စာရင်းပညာရှင်များ၊ စာရင်းပညာတတ် ကျွမ်းသူများ၏ အခန်းကဏ္ဍမှာအရေးပါသည့်အနေအထားတွင် ရှိနေပါ ကြောင်း။
- စီးပွားရေးလုပ်ငန်းများတွင် ခေတ်မီစာရင်းကိုင်စံများနှင့်အညီ စာရင်း များကို စနစ်တကျထိန်းသိမ်းရေး၊ နိုင်ငံခြားသားစာရင်းပညာရှင်များနှင့် ရင်ဘောင်တန်းလုပ်ကိုင်နိုင်ရေး ၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းရေးတို့အတွက် စာရင်းပညာရှင်နှင့် စာရင်းပညာတတ်ကျွမ်းသူများ၏ အရည်အချင်းနှင့် အရေအတွက် တိုးတက်လာရန် လိုအပ်ပါကြောင်း၊
- မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် ဒီပလိုမာစာရင်းကိုင်သင်တန်းအတွက် ယခင်က ဝင်ခွင့်စာမေးပွဲဖြင့် ရွေးချယ်တက်ရောက်စေခဲ့ခြင်းအား အသိအမှတ် ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုရရှိထားသူများကို တိုက်ရိုက်တက်ရောက် ခွင့်ပေးခြင်းဖြင့် လည်းကောင်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသို့ ယခင်က စီးပွားရေးတက္ကသိုလ်မှ B.Com ဘွဲ့ရ ၊ အမှတ်များသည့် Fresh Graduate များကိုသာ တက်ရောက်ခွင့်ပေးခဲ့ခြင်းအား စီးပွားရေးတက္ကသိုလ်မှ B.Com ၊ B.Act ၊B.B.A ဘွဲ့ရရှိသူများ၊ မြန်မာနိုင်ငံစာရင်းကောင်စီမှ ပေးအပ်သော ဒီပလိုမာစာရင်းကိုင်လက်မှတ်ရရှိထားသူများ၊ ဘွဲ့တစ်ခုခုရရှိပြီး ACCA Fundamental - Skill Level ပြီးစီးသူများနှင့် CIMA Diploma in Management Accounting ပြီးစီးသူများအား တိုက်ရိုက်တက်ရောက် ခွင့်ပေးခြင်းဖြင့်လည်းကောင်း၊ ဘွဲ့တစ်ခုခုရရှိထားပြီး စာရင်းပညာဆိုင်ရာ အခြားသင်တန်းတက်ရောက်ထားသူများအား ဝင်ခွင့်စားမေးပွဲကျင်းပပေးခြင်း ဖြင့်လည်းကောင်း ဖြေလျှော့ပေးလျက်ရှိပါကြောင်း ။
- စာမေးပွဲတွင် အောင်အမှတ်အနေဖြင့် အမှတ်(၄၀)သတ်မှတ်ထားပါကြောင်း၊ ဖြေဆိုမည့်ဘာသာရပ် (၅)ခုတွင် ဘောဂဗေဒ၊ စာရင်းကိုင်ပညာ၊ စီးပွားရေး သင်္ချာစာရင်းအင်း ဘာသာရပ်တို့ကို Module 1 ၊ ကူးသန်းရောင်းဝယ်မှု ဗဟုသုတ ၊ စီးပွားရေးဥပဒေ ဘာသာရပ်တို့ကို Module 2 အနေနဲ့ သတ်မှတ်ထားပြီး ကနဦးဖြေဆိုချိန်မှာ သက်ဆိုင်ရာဘာသာရပ်အားလုံး ဖြေဆိုကြရမည်ဖြစ်ကြောင်း။
- Module တစ်ခုထဲမှာ ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြား Module တစ်ခုထဲမှာ ဘာသာရပ်တစ်ခုခုကျရှုံးခဲလျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊ ကျရှုံးသည့် Moduleထဲမှ ဘာသာရပ်အားလုံးအား တစ်ဆက်တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့်ပြုထားပြီး အောင်မြင်မှုမရှိခဲ့ ရင်ဖြစ်စေ၊ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိလျှင်ဖြစ်စေ ကနဦးစာမေးပွဲ ဖြေဆိုတဲ့အတိုင်း ဘာသာရပ်အားလုံးကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း။
- ကျရှုံးတဲ့ Module မှာပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ်အနည်းဆုံးရရှိပြီး ၃ ဘာသာပေါင်းရမှတ်မှာ ၇၅ မှတ်ရရှိမှသာ ကျန် Pass ဖြစ်ထားသော Module ကို အောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊
- စာရင်းပညာရှင်များနှင့် စာရင်းပညာတတ်ကျွမ်းသူအရေအတွက် များများ လိုအပ်သော်လည်း အရည်အသွေးကို လျှော့ချမည်မဟုတ်ကြောင်း ၊ သင်တန်း ဆင်းသင်တန်းသား/ သူများအနေဖြင့် စာမေးပွဲကို ကောင်းမွန်စွာဖြေဆိုပြီး အရည်အချင်းပြည့်ဝသည့် ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော စာရင်းပညာတတ် ကျွမ်းသူများအဖြစ်မှ စာရင်းပညာရှင်များအဖြစ်ရောက်ရှိအောင် ကြိုးပမ်း ကြရန်ဖြစ်ကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၉ း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်
၁။ ၂၁၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ( ၃ : ၀၀ )နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်- ၂၃၂ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်းစုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန် အမှာစကားပြေားကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား ၁၉၅ ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည် -
- အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို စာမေးပွဲရက်များ အပါအဝင် ၁၆- ၁၀-၂၀၁၉ ရက်နေ့ မှ ၁၃- ၁၂-၂၀၁၉ ရက်နေ့ထိ သင်တန်းကာလ ၂ လ ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဤရုံးတွင် သင်တန်းသား ၁၉၅ ဦးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (နေပြည်တော်နှင့် ရန်ကုန်) တွင် ၁၁၀ ဦးအပြင် တိုင်း ဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ၄ ခု တို့တွင် ၃၉၀ ဦး စုစုပေါင်း ၆၉၅ ဦး တက်ရောက်ခဲ့ကြောင်း၊
- သင်တန်းတွင် ပို့ချသည့် ဘာသာရပ်များမှာ သင်တန်းသားများ သိသင့်သိထိုက်သည်များကို အခြေခံမှစ၍ ခြုံငုံပါဝင်အောင် ပို့ချခဲ့ကြောင်း၊
- ဝန်ထမ်းများတစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်မှုသည် မိမိအတွက်သာမက မိမိတို့၏အဖွဲ့အစည်းအတွက် အကျိုးရှိသည့်အပြင် နိုင်ငံတော်အတွက်လည်း အကျိုးရှိပါကြောင်း၊
- မိမိတို့လေ့လာသင်ယူခဲ့သည့် ဘာသာရပ်များကို လုပ်ငန်းခွင်တွင် အကျိုးရှိအောင် အသုံးချကြစေလိုပြီး စဉ်ဆက်မပြတ်လေ့လာဆည်းပူးရန်လိုကြောင်း၊
- သင်တန်းသူ/သင်တန်းသားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ စောင့်ထိန်းရမည့် ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများကို လိုက်နာစောင့်ထိန်းကြပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးတိုး၍ ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြစေလိုကြောင်း၊
၄။ အခမ်းအနားကို မွန်းလွဲ ၃ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ ) ရက်နေ့ နံနက် ( ၁၀ : ၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် - ၃၅ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သား (၁၂၃) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်-
- ဤသင်တန်းအပတ်စဉ်မှစ၍ ပြည်သူ့ရေးရာအစီအမံများ၊ အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းများအပေါ် လွှတ်တော်က ထိန်းညှိဆောင်ရွက်ပုံများကို သင်တန်းသားများအနေဖြင့် အတွေ့အကြုံအသစ်များ ရရှိစေရန် လွှတ်တော်လေ့လာရေးခရီးစဉ် စီစဉ်ပေးခဲ့ကြောင်း၊
- သင်တန်းမှရရှိလိုက်သည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများဖြင့် ရပ်တန့်မနေဘဲ ကိုယ်တိုင်လေ့လာသင်ယူသော ပညာရေးပုံစံ Informal Education ဖြင့် ဆက်လက် ဆည်းပူးကြရန်လိုကြောင်း၊
- ရှိသင့်ရှိထိုက်သော ခေါင်းဆောင်မှုစွမ်းရည်၊ စီမံခန့်ခွဲမှုစွမ်းရည်နှင့် ခေါင်းဆောင်ကောင်း တစ်ယောက်တွင်ရှိရမည့် စိတ်ထားများ ပြည့်စုံရန် လိုအပ်ကြောင်း၊
- မိမိဦးဆောင်ရသည့် အဖွဲ့ဝင်များ၏ ပညာရပ်ပိုင်း၊ ကျင့်ဝတ်ပိုင်း အားကောင်းရေး ထိန်ကျောင်းလမ်းညွှန်ရန်နှင့် Teamwork ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းမှ ပိုမိုကောင်းမွန်သောရလဒ်များ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊
- တာဝန်ထမ်းဆောင်ရာတွင် ရိုးသားဖြောင့်မတ်ခြင်း၊ ဥပဒေ၊ စည်းမျဉ်းစဉ်းကမ်းလိုက်နာခြင်း ကျင့်ဝတ်စောင့်ထိန်းခြင်းဖြင့် ဝန်ထမ်းကောင်းများအဖြစ် ပြုမူနေထိုင်သွားကြရန် တိုက်တွန်းလိုကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ( ၁၀ : ၃၀ ) နာရီတွင် ရုပ်သိမ်း၍ အခမ်းအနား တက်ရောက်လာသူများကို နို့စိမ်းခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr.Christopher Fabling ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ငွေတိုက်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာနိုင်ငံပိုင်ကဏ္ဍစာရင်းစံများ (International Public Sector Accounting Standards-IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards - IFRS) နှင့်အညီ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်း (Public Sector Accounting Standards and Financial Reporting) သို့ အသွင် ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ IPSAS Transition Plan မူကြမ်းပါ အဓိကအချက်များနှင့်၊ IPSAS Transition Plan ကို အကောင်အထည်ဖော်ရေးစသည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။