News and Activities
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရှိ ဝန်ထမ်း(၄၃)ဦးမှ ၁၄-၁-၂၀၂၁ ရက်နေ့တွင် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြပါသည်။ အဆိုပါ သွေးလှူဒါန်းပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး (ပစ္စည်း/ ဘတ်ဂျက်) တို့မှ သွေးလှူဒါန်းသည့် ဝန်ထမ်းများအားလာရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ သွေးလှူဒါန်းသည့် ဝန်ထမ်းများသို့ ဤရုံးမှ ကြက်ဉနှင့်ပဲနို့များ ၊ ခုတင် ၁၀၀၀ ဆေးရုံကြီး မှနွားနို့၊ ကြက်ဉ နှင့် Royal-D ပုလင်းများထောက်ပံ့ခဲ့ပါသည်။
