၁။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့ နေ့လည် ၂း၃၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၁)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ(၈၉)ဦးတက်ရောက် ကြပါသည်။
၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်က အောက်ပါအချက်များကို လမ်းညွှန်မှာကြား ခဲ့ပါသည်-
- သင်တန်းကာလအတွင်း ပို့ချပေးခဲ့သည့် စာရင်းပညာရပ်များ၊စာရင်းနှင့်ဆက်စပ်နေသော ပညာရပ်များကို အသုံးချဆောင်ရွက်ခြင်းဖြင့် မိမိဝန်ကြီးဌာနအတွက် အကျိုးရှိသလို မိမိ အတွက်လည်း အကျိုးရှိမှာဖြစ်ကြောင်း
- သင်တန်းတက်ရောက်ပြီးဖြစ်၍ မသိရှိ မတတ်မြောက်သေးသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို သိရှိနားလည်လာနိုင်ပြီး ယခင်ကသင်တန်းမတက်ရောက် ရသေး သော အခြေအနေနဲ့ကွာခြားလာမှာကို အလုပ်လုပ်ရင်းနဲ့ သိသာလာမှာဖြစ်ကြောင်း
- သင်တန်းကရရှိတဲ့ ပညာရပ်တွေနဲ့ မိမိတို့လေ့လာဆည်းပူးထားတာတွေကို ပေါင်းစပ်ပြီး မိမိ ကိုယ်ကိုတိုးတက်အောင် စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ကြိုးပမ်းလုပ်ဆောင်ကြ ရန် တိုက်တွန်းလိုကြောင်း
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နေ့လည် ၃း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက် နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ အဆင့်မြင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၁)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ်ဦးမျိုးမြင့် တက်ရောက်၍သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူ (၅၈) ဦးတက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် က အောက်ပါအချက်များကို လမ်းညွှန်မှာကြား ခဲ့ပါသည်-
- သင်တန်းကာလအတွင်းမှာ တာဝန်ယူသင်ကြားပေးတဲ့ ကထိကများအားလုံးကို သင်တန်းသားများကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းကာလပြီးဆုံးသည်အထိ စာရင်းစစ် ချုပ်ရုံးမှ ကထိကများနှင့်အတူ ပြင်ပဌာနမှ ကထိကများလည်း ပူးပေါင်းပါဝင်သင်ကြားပေးခဲ့ကြောင်း
- သင်တန်းသားများကလည်း သင်တန်းကာလ(၃)လအတွင်းမှာ သင်ကြားပေးခဲ့သည်များကို အသုံးချပြီး စာမေးပွဲကိုလည်း အဆင့်မြင့်မြင့် အောင်မြင်စေရန် ကြိုးစားရမှာဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပေးခဲ့သည်များမှာ လက်တွေ့လုပ်ငန်းနယ်ပယ်၌ အနည်းနှင့်အများ အသုံးတည့်မှာ ဖြစ်ကြောင်း
- ပြောင်းလဲနေမှုများကို မျက်ခြေမပြတ်၊ စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေကြရန်ဖြစ်ကြောင်း
- ဗဟုသုတများကြွယ်ဝသည့် ဝန်ထမ်းများဖြစ်အောင်ကြိုးစား၍ ဌာနမှအားထားရပြီး စွမ်းရည်ထက် မြက်သည့် ဝန်ထမ်းများဖြစ်ရန် အစဉ်တစိုက်ကြိုးစားနေကြရန်လိုအပ်ကြောင်း
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ခုနှစ်၊ဇူလိုင်လ(၁၈)ရက်နေ့မွန်းလွဲ(၂း၃၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ်ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ကထိကများနှင့် သင်တန်းသူ/သား(၉၆)ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်မှ လမ်းညွှန်မှာကြားရာတွင်-
- သင်တန်းသူ/သားများအနေဖြင့်သင်တန်းကိုအဆင့်မြင့်မြင့်နှင့် အောင်မြင်ကြစေ လို ကြောင်း
- ဝန်ထမ်းဘဝဖြင့် အများအကျိုးအတွက် ဆောင်ရွက်ရင်း မိမိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြစေလိုကြောင်း
- ရိုးသားဖြောင့်မတ်စွာဖြင့် ခေတ်ကို မျက်ခြေမပြတ်ဘဲ အမြဲတမ်း Update ဖြစ်နေရန် လိုအပ်ကြောင်းနှင့် မိမိကိုယ်မိမိ တည်ဆောက်နိုင်သူများ ဖြစ်ကြစေလိုကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။
၄။ အခမ်းအနားကို မွန်းလွဲ(၃း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက် နံနက် ၉း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၃၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ ဒုတိယစာရင်းစစ်ချုပ်ဦးမျိူးမြင့်မှ သင်တန်းဖွင့် လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူ (၈၅)ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင်ဒုတိယစာရင်းစစ်ချုပ်ဦးမျိုးမြင့်က လမ်းညွှန်မှာကြားရာတွင်-
- စာရင်းပညာသည် အမြဲရှင်သန်တိုးတက်ပြောင်းလဲနေပြီး ထိုပြောင်းလဲမှုနှင့်အညီ နည်းစနစ်များ Procedure များ၊ Approach များကို Updateဖြစ်ရန်အတွက် ယခုကဲ့သို့ မွမ်းမံသင်တန်းများ ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း
- စာရင်းစစ်များသည် စာရင်းကိုင်များပြုစုပြီးသော စာရင်းများကို စစ်ဆေးရခြင်းဖြစ်ရာအမှား၊ အမှန် ထောက်ပြနိုင်ရန်အတွက် အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်များ များပြားရန်လိုကြောင်း၊ ထိုကြောင့် သင်တန်းမှ သင်ကြားပေးသည်များကို အပတ်တကုတ် လေ့လာဆည်းပူးကြရန်လိုကြောင်း
- စစ်ဆေးရမည့်အဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင်လည်း စာရင်းစစ်များသည်လုပ်ငန်းသဘော၊ သဘာဝအရ စစ်ရမေးရသည်ဖြစ်ရာ ဝန်ထမ်းအချင်းချင်း လေးလေးစားစားဖြင့် လူကြီးလူကောင်းဆန်စွာ ဆက်ဆံကြရမည်ဖြစ်ကြောင်း
- စာရင်းစစ်များသည် မိမိတို့၏ စာရင်းစစ်တာဝန်ကိုပါ ကျေပွန်ရမည့်အပြင် မိမိအထက်အဆင့် စာရင်းစစ်မှူးများ၏ လုပ်ငန်းတာဝန်များကိုပါ ထမ်းဆောင်နိုင်သည့် အရည်အချင်းများ ပြည့်ဝစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းဘဝ တစ်လျှောက် အောင်မြင်တိုးတက်မှုများ ရရှိနိုင်လာမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
၄။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ်၊ဇူလိုင်လ(၁၂)ရက် နံနက် ၁၀း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ စာရင်းစစ်မှူးများလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၇) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ(၁၀၈)ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် က အောက်ပါအချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည်-
- ဤရုံး၏ Capacity Building ကိုမြှင့်တင်ရန်အတွက် သင်တန်းများဖွင့်လှစ်ပေးနေခြင်းသည် ကောင်းမွန်သော အစဉ်အလာဖြစ်ကြောင်း၊ သင်တန်းသားများအား ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပြီး အရောင်တင်ပေးခြင်းဖြစ်ကြောင်း၊ စာရင်းပညာကို စိတ်ဝင်စားပြီး မိမိကိုယ်ကို Advance ဖြစ်အောင် အပတ်တကုတ်စဉ်ဆက်မပြတ်လေ့လာဆည်းပူးကြရန်လိုကြောင်း ၊ သင်ပေးလိုက်သည့် ပညာရပ်များနှင့် စစ်ဆေးရေးလုပ်ငန်းများကို ထိရောက်အကျိုးရှိစွာ အသုံးချရန် လိုအပ်ကြောင်း
- သင်တန်းမှသင်ကြားပို့ချမှုစာတွေ့များကို မိမိတို့လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပေါင်းစပ်၍ အသုံးချဆောင်ရွက်ရန်လိုကြောင်း မကြာမီကျင်းပမည့် စာမေးပွဲကိုလည်း ထူးချွန်စွာအောင်မြင်အောင် ကြိုးစားကြရန်ဖြစ်ကြောင်း
- စာရင်းများစစ်ဆေးရာတွင်လည်း စနစ်တကျမှန်မှန်ကန်ကန် တိတိကျကျ အကျိုးအကြောင်း ခိုင်လုံစွာ ၊အထောက်အထားပြည့်စုံစွာဖြင့် စစ်ဆေးဆောင်ရွက်ရန်လိုအပ်ပြီး မိမိ၏လုပ်ငန်း အပေါ်မှာ သစ္စာရှိမှု၊စေတနာထားမှုဖြင့်အောင်မြင်အောင် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း
- မိမိစစ်ဆေးရမည့်အဖွဲ့အစည်းများကို ကိုယ်ချင်းစာနာစိတ်ဖြင့် စေတနာထား၍ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်မညီညွှတ်မှုများကို ပြင်သင့်တာပြင်ပေးရမည်ဖြစ်ကြောင်း၊ လက်တွေ့ လုပ်ငန်းခွင်တွင် လက်တွေ့ကျကျနှင့် ဆောင်ရွက်သင့်သည်များကိုဆောင်ရွက်ပြီး မိမိတာဝန် များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက် နံနက် ၁၁း၀၀ နာရီတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်း
အဝေးခန်းမ၌အင်္ဂလိပ်ဘာသာစကားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာပြည်ထောင်စုစာရင်း
စစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ဒုတိယညွှန်ကြားရေးမှုးချုပ်များ၊ညွှန်ကြားရေး
မှုးများ၊ ဒုတိယညွှန်ကြားရေးမှုးများ၊ ကထိကနှင့်သင်တန်းသူ/သင်တန်းသား(၂၀)ဦးနှင့်ဝန်ထမ်း
များတက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် က အောက်ပါအချက်များကို
လမ်းညွှန်မှာကြားခဲ့ပါသည်-
- ယခုဖွင့်လှစ်တဲ့ အင်္ဂလိပ်သာသာသင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ တာဝန်ထမ်ဆောင်ရာမှာ လုပ်ငန်းလိုအပ်ချက်အရ Language တစ်ခုအနေနှင့် သင်ကြား
ပေးခြင်းဖြစ်ကြောင်း၊ နယ်ပယ်ပေါင်းစုံတွင် အင်္ဂလိပ်ဘာသာသည် အရေးပါလျက်ရှိသည့်အတွက် မိမိတို့နိုင်ငံ၏ပုံရိပ်ကို အပြည်ပြည်ဆိုင်ရာနယ်ပယ်ကဏ္ဍအစုံတွင် မြှင့်တင်နိုင်ရန် အင်္ဂလိပ်ဘာသာကို အသုံးပြုဆောင်ရွက်ရမှာဖြစ်၍ လေ့လာထားရမှာဖြစ်ကြောင်း
- ၂၀၁၂ ခုနှစ်မှစ၍ စီးပွားရေးအပြာင်းအလဲ၊ အုပ်ချုပ်ရေးအပြောင်းအလဲများအရှိန်အဟုန်မြှင့် ဆောင်ရွက်လာသည့်အတွက် နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံရသည့် ကိစ္စများစွာရှိလာကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၄ ဇန်နဝါရီမှ ဒီဇင်ဘာလအထိ ASEAN ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ASEAN ဆိုင်ရာ Conference,Meeting, Seminar, Forum များကို ရာနှင့်ချီ၍ ကျင်းပရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှလည်း ဘာသာရပ်ဆိုင်ရာ အစည်းအဝေးများ၊ ဆွေးနွေးပွဲများတာဝန်ယူကျင်းပရမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှာ ကျင်းပမည့် နိုင်ငံ တကာအဆင့်မီ အစည်းအဝေးများ၊ ဆွေးနွေးပွဲများကျင်းပသည့် အခမ်းအနားများတွင် မိမိတို့ရုံးမှဝန်ထမ်း များအနေဖြင့် အင်္ဂလိပ်ဘာသာစကားကို သွက်လက်ချက်ခြာစွာပြောဆို ဦးဆောင်ပါဝင်နိုင်ရေးအတွက် ဝဿန် Education Centre နှင့်ပူပေါင်း၍ ယခုကဲ့သို့ Language သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း
- ယခုသင်တန်းသည် သင်တန်းသားများအတွက် အင်္ဂလိပ်သာသာနှင့်ပတ်သက်သည့် ရှိထားသည့်အရည်အချင်းကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးခြင်းဖြစ်၍ (၃)လတာကာလအတွင်း Lecturer သင်ကြားပေးသည်ထက် မိမိကိုယ်တိုင် ပိုတော်ပိုကျွမ်းကျင်မှုရှိအောင် ကြိုးစားသင်ယူကြစေလိုကြောင်း
- သင်ကြားပေးသည့် ဝဿန် Education Centre မှ Lecturer မှလည်း သင်တန်းသားများကို အစဉ်အဆက်မှသင်ကြားပေးခဲ့သော တပည့်များကဲ့သို့ မှတ်ယူပြီး Listening နှင့် Speaking 2 Skills ကို ဖိဖိစီးစီးဖြင့် သင်ကြားပေးရန် အပ်နှံပါကြောင်း၊ ရုံးဝန်ထမ်းများအတွက် Capacity Building မြှင့်တင်ရာမှာ English Language ကျွမ်းကျင်မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်၍ ဤရုံးကလည်း လိုအပ်သည်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၁း၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ခုနှစ်၊မေလ(၂၃)ရက်နံနက် ၀၉း၃၀ နာရီတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းသား/သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ညွန်ကြားရေးမှူးချုပ်၊လေ့ကျင့် ရေး ဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၄၂၅)ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် မှ အောက်ပါအချက်များကို မှာကြားခဲ့ပါသည်-
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်နှင့်ရန်ကုန်သင်တန်း ကျောင်းများတွင် ဖွင့်လှစ်လျှက်ရှိသည့် ဒီပလိုမာစာရင်းကိုင်သင်တန်းများသည် မြန်မာနိုင်ငံ တွင် ပြုပြင်ပြောင်းလဲမှု အစီအစဉ်များအရ အလျင်အမြန် လိုအပ်လျှက်ရှိသော လက်မှတ်ရပြည်သူ့စာရင်းကိုင်များ မွေးထုတ် ပေးနိုင်ရေး အတွက် ပေါင်းကူး သင်တန်းဖြစ်ကြောင်း
- သင်တန်းသား/သူများသည် သင်ကြားပို့ချနေသည့် ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချမှုများနှင့် စပ်လျဉ်း၍ သင်တန်းချိန်အတွင်း သဘောပေါက် နားလည်ခံယူမှု အားနည်းလျှက်ရှိနေသောကြောင့် ကထိကများနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး သင်ရိုး Note Sheet များကို တစ်ပတ်ကြိုတင် ဖြန့်ဝေကာ သင်တန်းသား/သူများမှကြိုတင်လေ့လာ၍ ကထိကများနှင့် Two Way System ဖြင့် သင်ကြားပို့ချသွားမှာဖြစ်ကြောင်း
- သင်တန်းသား/သူများ သင်တန်းတက်ချိန် မှန်ကန်မှုရှိစေရေးအတွက် သင်တန်းခေါ်ချိန်နေ့စဉ် မှတ်တမ်းအား စနစ်ပြောင်းလဲ၍ ဆောင်ရွက် သွားမှာဖြစ်ပြီး သတ်မှတ်ထားသည့်Seating Plan အတိုင်း နေရာယူ၍ သင်ကြားရမှာဖြစ်ကြောင်း
- သင်တန်းသား/သူများသည် ဝန်ကြီးဌာနများမှ ဝန်ထမ်းများဖြစ်သည့် အတွက် ဝန်ထမ်းစည်းကမ်း၊စည်းမျဉ်းများကို လိုက်နာနေရသကဲ့သို့ သင်တန်းတွင်လည်း သင်တန်းစည်းကမ်းကို တိတိကျကျလိုက်နာပြီး အနာဂတ်တွင် စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နိုင်ငံတကာ ပြည်ပစာရင်းပညာရှင်များနှင့် ရင်ဘောင် တန်းနိုင်ရေးအတွက် အမှန်တကယ် တတ်ကျွမ်းသည့် စာရင်းပညာကျွမ်းကျင်သူများ၊ စာရင်းပညာ ရှင်များ ပေါ်ထွက်လာစေရန် ကြိုးစားဖို့ အထူးတိုက်တွန်းလိုကြောင်း
၄။ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို နံနက် ၁၁း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ်၊မေလ(၁၃)ရက် နေ့လညျ ၂း၃၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ စာရင်းစစ်မှူးများလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၇) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ(၁၁၄)ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် မှ အောက်ပါအချက်များကို မှာကြားခဲ့ပါ သည်-
- သင်တန်းသားစာရင်းစစ်မှူးများသည် အဖွဲ့အစည်းတစ်ခုအား မစစ်ဆေးမီစစ်ဆေးရေး အစီအစဉ် Audit Programme ရေးဆွဲရာ၌ မိမိစစ်ဆေးရမည့်အဖွဲ့အစည်း၏ လုပ်ငန်း သဘောတရားကို ကျေညက်စွာသိရှိနားလည်ထားရန်လိုအပ်ကြောင်းနှင့် လက်တွေ့သတိ ထားပြီး စစ်ဆေးဆောင်ရွက်ရမည့် အလုပ်တာဝန်များကျန်ရှိနေသည်ကို သတိပြုရန် လိုအပ် ကြောင်း၊
- သင်တန်းသားစာရင်းစစ်မှူးများသည် ပြည်သူ့ဘဏ္ဍာငွေမှ ခွဲဝေချထားပေးငွေများကို ထဲထဲ ဝင်ဝင်စစ်ဆေးရသော အဖွဲ့အစည်းဖြစ်၍ စာရင်းစစ်စံနှုှန်းများဖြင့် စစ်ဆေးရမည့် အဖွဲ့အစည်း အတွက် စေတနာကောင်းကောင်းထား၍ စစ်ဆေးရန် လိုအပ်ကြောင်းနှင့် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများပီပီ စစ်ဆေးရမည့်အဖွဲ့အစည်းများအား မိမိတတ်သည့်ပညာဖြင့် အကူအညီ ပေးရမည်ဟု စိတ်တွင်မှတ်ယူထားရန်လိုအပ်ကြောင်း
- သင်တန်းသား/သူများအနေဖြင့် ဘာသာရပ်ဆိုင်ရာကထိကများမှ သင်ကြားပေး သည်များကို အလေးအနက်ထားသင်ယူပြီး စာတွေနှင့်လက်တွေ့ပေါင်းစပ်ပါက အမှန်တကယ်ကျွမ်းကျင်၍ အရည်အချင်းပြည့်ဝသော စာရင်းစစ်မှူးများ ဖြစ်လာနိုင်ကြောင်း
- သင်တန်းသားစာရင်းစစ်မှူးများသည် ဒေသအသီးသီးမှ ဝန်ထမ်းများဖြစ်၍ စစ်ဆေးရေးအတွေ့ အကြုံများ၊ မိမိတို့၏ အားသာချက်အားနည်းချက်များကို ဤသင်တန်းတွင် အပြန်အလှန် ဆွေးနွေးတင်ပြမှုမျိုး ပြုလုပ်သင့်ကြောင်း
- စည်းကမ်းစနစ်သည် လူတစ်ဦး၏ဘဝတည်ဆောက်ရေးအတွက် လွန်စွာအရေးကြီး၍ နိုင်ငံ့ တာဝန်ကို မြင့်မြင့်မားမားထမ်းဆောင်နိုင်ဖို့၊ အောင်မြင်တိုးတက်ဖို့အတွက် စည်းကမ်း စနစ်ကောင်းရှိမှသာ ကြီးပွားတိုးတက်မည်ဖြစ်ကြောင်းနှင့် သင်တန်းသားများသည် အောင်မြင် ကြီးပွားတိုးတက်မှုရလိုလျှင် စည်းကမ်းစနစ်ရှိပါဟု အထူးတိုက်တွန်းလိုကြောင်း
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို ညနေ ၄း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ်၊မေလ(၉)ရက်နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်း၌ အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၁၈) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ(၉၅ )ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်မှ
- နိုင်ငံဝန်ထမ်းများဖြစ်ကြတဲ့ ဌာနအသီးသီးမှ စာရင်းတာဝန်ယူသူ၊ ပစ္စည်းတာဝန်ယူ သူတွေ တတ်သင့်တတ်ထိုက်သည့် ပညာတွေ သင်ကြားပေးခြင်းဖြစ်တဲ့အတွက် သင်တန်းကာလအတွင်းပို့ချသော သင်ခန်းစာကို ကြိုးစားလေ့လာသင်ယူစေလိုကြောင်း
- ပေးအပ်တဲ့တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ဖို့အတွက် သင်တန်း တွေပေးနေခြင်း ဖြစ်ကြောင်း
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဖွင့်လှစ်တဲ့ DA, CPA, အခြေခံ/အလယ်အလတ်/ အဆင့်မြင့် သင်တန်းအားလုံးကို စနစ်တကျကြပ်မတ်ဆောင်ရွက်ပြီးသင်တန်းကျောင်း၏ စာမေးပွဲကိုလည်းတင်းကြပ်ထား၍ Board of Examiner နဲ့ စာသင်ကြားပို့ချသော ကထိကများအား သီးခြားထားရှိကြောင်း
- စည်းကမ်းတင်းကြပ်ထားတာမဟုတ်ဘဲ အလုပ်လုပ်ရတာ အဆင်ပြေအောင် သတ်မှတ်ထား ခြင်းဖြစ်ပြီး ဝန်ထမ်းစည်းကမ်း၊ သင်တန်းစည်းကမ်းများကိုလိုက်နာရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
၄။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၁း၀၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ်၊ဧပြီလ(၁၁)ရက်နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုနှင့်ဌာနတွင်းစာရင်းစစ်ဆေးခြင်း အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်း ဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ(၈၇)ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် က အောက်ပါအချက်များ ကို မှာကြားခဲ့ပါသည်-
- သင်တန်းသားများအနေဖြင့် ဝန်ကြီးဌာနအသီးသီးအောက်ရှိ အစိုးရဌာန/ အဖွဲ့အစည်းများ၏ သာမန်အသုံးစရိတ်များနှင့် ငွေလုံးငွေရင်းအသုံးစရိတ်များ ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေနှင့်အညီစစ်ဆေးပေးရမည်ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေများကို ပြည်သူများ၏ အကျိုးစီးပွားအတွက် ထိထိရောက် အသုံးပြုခြင်းရှိ/မရှိ စစ်ဆေးကြရန်ဖြစ်ကြောင်း ၊
- သင်တန်းမှသင်ကြားပေးသော ပညာရပ်များကိုအသုံးချပြီး ဌာန၏စာရင်းထားနည်း စနစ်များ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကြီးကြပ်မှုစနစ်တို့ကို ဝေဖန် သုံးသပ်ခြင်းများ၊ ချမှတ်ထားသော ပေါ်လစီများ၊ လျာထားချက်များ၊ လုပ်ထုံးလုပ်နည်းများကို ဆန်းစစ်ကြည့် ခြင်းများ၊ ဌာနပိုင်ပစ္စည်းများ ၊ ယိုဖိတ်မှု ၊ ဆုံးရှုံးနစ်နာမှုများမရှိစေရန် စီမံဆောင်ရွက်ထားမှု များကို ဆန်းစစ်ကြည့်ခြင်းများ စသောအချက်များဖြင့် ဌာနတွင်းကြီးကြပ်မှုစနစ် ပိုမိုပီပြင် ခိုင်လုံအောင် ထောက်ပြ စိစစ်ကြရန် လိုအပ်ကြောင်း ၊
- ဝန်ကြီးဌာနအသီးသီးအောက်ရှိ အစိုးရဌာန/အဖွဲ့အစည်းများတွင် ထိရောက်သည့် ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု နှင့် ဌာနတွင်းစာရင်းစစ်ဌာနကို ပီပီပြင်ပြင် ဖွဲ့စည်းဆောင်ရွက်နိုင်ရန် အတွက် သင်တန်းသား/သူများမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချပေးသော ပညာရပ်များအပြင် အချိန်နှင့်တပြေးညီ တိုးတက် သစ်ဆန်းနေသော စာရင်းကိုင်၊ စာရင်းစစ်အတတ်ပညာများ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်း စည်းမျဉ်းများကိုလည်း စဉ်ဆက်မပြတ် လေ့လာသိရှိမှတ်သားကြပြီး သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ဘဏ္ဍာရေးဆိုင်ရာ၊အရအသုံးငွေစာရင်းဆိုင်ရာများတွင် တည့်မတ်ကူညီဆောင်ရွက် ကြသည့်၊ သက်ဆိုင်ရာဝန်ကြီးဌာနများက အားကိုးရသည့်ဝန်ထမ်းများအဖြစ် အစဉ်ရပ် တည်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
