OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ် အရာရှိ ၊ မြို့နယ်စာရင်းစစ်အရာရှိများ စာရင်းစစ်ဆေးရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၄/၂၀၁၄) အခမ်းအနားကျင်းပ

စာရင်းစစ်အရာရှိ ၊ မြို့နယ်စာရင်းစစ်အရာရှိများ စာရင်းစစ်ဆေးရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၄/၂၀၁၄) အခမ်းအနားကိုပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ (၁၅-၉-၂၀၁၄)နေ့ နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက်တက်ရောက် အမှာစကား ပြောကြားခဲ့သည်။ဆွေးနွေးပွဲတွင် မြို့နယ်စာရင်းစစ်အရာရှိများမှ မိမိတို့ စာရင်းစစ်ရုံးများအလိုက်စစ်ဆေးတွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး စီမံရေးရာ၊လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန်းဦး၊စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နိုင်သက်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ရုံးအဖွဲ့မှ ဒေါ်အေးအေးမူ၊စီမံရေးရာ၊လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာနမှဦးတင်လှိုင်၊ စစ်ဆေးရေးဦးစီးဌာနမှ ဒေါ်စန်းစန်းဝင်းတို့ကသက်ဆိုင်ရာလုပ်ငန်း ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အဆိုပါဆွေးနွေးပွဲအား (၁၇-၉-၂၀၁၄) နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စာရင်းစစ်အရာရှိ၊ မြို့နယ်စာရင်းစစ်အရာရှိ (၁၆၈) ဦးတို့တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက် အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့၌ဇွန် ၃ ရက်မှ ၆ ရက်အထိကျင်းပသည့် (၃၉) ကြိမ်မြောက် ASEAN Audit Committeeအစည်းအဝေးသို့ ဥက္ကဌအနေဖြင့် တက်ရောက်ခဲ့ပါသည်။ဂျကာတာမြို့၌ ကျင်းပသည့် (၃၉)ကြိမ်မြောက် ASEAN Audit Committee အစည်းအဝေး၌ ASEAN Secretariat ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံ ၁၀ နိုင်ငံမှ ASEAN Audit Committee ကိုယ်စားလှယ်များတက်ရောက်ကြပြီး ASEAN Secretariat ရုံး Finance and Budget Division မှ External Audit Report and Internal Audit Report for ASEAN Secretariat's Financial Statements Financial Year 2013 ရှင်းလင်းတင်ပြမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကာ လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက် သဘောတူဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။

လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း စာမေးပွဲဖြေဆိုခွင့်အကြိမ်ကန့်သတ်ချက်ပယ်ဖျက်ခြင်း

{pdf}http://www.oagmac.gov.mm/images/cpa announce.pdf|height:700px|width:500px|app:google{/pdf}
Download pdf

စာရင်းကိုင်အလုပ်သင်များခွင့်ခံစားခြင်းကိစ္စ
GIZ for Support to ASEAN Supreme Audit Institutions မှ Mr. Alexander Beetz ဦးဆောင်သည့် အဖွဲ့သည် GIZ (Myanmar) မှ Mr. Shmin အဖွဲ့နှင့် ပူးပေါင်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်အား လာရောက်တွေ့ဆုံ

၁။    ၂၀၁၄  ခုနှစ် ဧပြီလ ၂၅ ရက် သောကြာနေ့ နံနက် ၁၀ နာရီတွင် GIZ for Support to ASEAN Supreme Audit Institutions မှ Mr. Alexander Beetz ဦးဆောင်သည့် အဖွဲ့သည် GIZ (Myanmar) မှ Mr. Shmin အဖွဲ့နှင့် ပူးပေါင်း၍ နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်အား လာရောက်တွေ့ဆုံပါသည်။၂။    ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် GIZ အဖွဲ့တို့ တွေ့ဆုံရာတွင် ပုဂ္ဂလိက ကုမ္ပဏီများ၊ ဘဏ်များ၊ စီးပွားရေး အဖွ့ဲအစည်းများက နိုင်ငံတကာစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်း စံများကို လိုက်နာကျင့်သုံးရေး၊ စာရင်းစစ်များက နိုင်ငံတကာ စာရင်းစစ်စံများ လိုက်နာကျင့်သုံးရေးကို တွန်းအားပေးဆောင်ရွက်ရန် အတွက်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီ နှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းများအသင်းတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ  Action Plan များဖြင့် စနစ်တကျ ဆောင်ရွက်ရေး၊ အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင်များ ပိုမိုထွက်ပေါ်လာရေး၊ တိုးတက်သည့် နည်းပညာများရရှိရေး၊အရည်အချင်းပြည့်မှီသည့် စာရင်းစစ်ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်ပေးရေးနှင့် နိုင်ငံတကာ စာရင်းပညာရှင် အဖွ့ဲအစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ လေ့လာပူးပေါင်းဆောင်ရွက်ရေး၊ study visit ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။၃။    အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

လန်ဒန် အခြေစိုက် Global Witness အဖွဲ့မှ Dr.Gavin Hayman, Executive Director ဦးဆောင်သည့် အဖွဲ့မှ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်အားလာရောက်တွ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်အား လန်ဒန် အခြေစိုက် Global Witness အဖွဲ့မှ Dr.Gavin Hayman, Executive Director  ဦးဆောင်သည့် အဖွဲ့သည် ၂၀၁၄ ခုနှစ် ဧပြီလ ၃ ရက် နံနက် ၁၀း၀၀ နာရီတွင်နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ၏ တာဝန်များ၊ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ရာ Dr. Gavin Hayman နှင့် Mrs.Juman Kubba  တို့မှ တွင်းထွက်သယံဇာတ အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများ ပွင်းလင်းမြင်သာမှု ဖော်ဆောင်ရေး(EITI) နှင့်စပ်လျဉ်းပြီး Global Witness အဖွဲ့မှ ေေေေေ ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပူးပေါင်းဆောင်ရွက်ရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းခဲ့ကြပါသည်။အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယ စာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ စာရင်းစစ်ဆေးရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၁၄) ကျင်းပ

ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်များ၏ စာရင်းစစ်ဆေးရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၁၄)ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ မတ် ၂၄ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁(က)နှင့် (ခ)တို့အရ မိမိတို့သည် နိုင်ငံတော်၏ အရအသုံးစာရင်းများကို စစ်ဆေးပြီး ဘဏ္ဍာရေးနှစ်အလိုက် ပထမ (၆)လနှင့်ဒုတိယ (၆)လအတွက် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များ၊ အရေးယူဆောင်ရွက် ပြီးစီးမှု အခြေအနေများကို တစ်နှစ်လျှင် (၂) ကြိမ်၊ နိုင်ငံတော်၏ အရအသုံးနှစ်ချုပ်စာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက်များကို တစ်နှစ်လျှင် (၁) ကြိမ် ဥပဒေအရတင်ပြလျက်ရှိကြောင်း၊ မိမိ တို့သည် ဗဟိုအဖွ့ဲအစည်းများနှင့် ဝန်ကြီးဌာနများ၏ နိုင်ငံတော် ၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့စစ်ဆေးရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုဝန်ကြီးရုံးများနှင့် ဌာန/အဖွဲ့အစည်းများ၊ လုပ်ငန်းများကိုစစ်ဆေးပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့်တိုင်းဒေသကြီး/  ပြည်နယ်များတွင် ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ဌာနအဖွဲ့အစည်းများကို တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များကို တာဝန်ပေးစစ်ဆေးစေလျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ပြည်နယ်တွင် ဆောင်ရွက်သည့်လုပ်ငန်း၊ဌာန/အဖွဲ့အစည်းများကို တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်များက စစ်ဆေးရကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ (ဒေသရုံးများ အပါအဝင်)၏ စစ်ဆေးတွေ့ရှိချက်များကို ပေါင်းစပ်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြုစုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆက်လက်၍ ၎င်းက လက်ရှိအခြေအနေမှာ ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ လုပ်ငန်း၊ အဖွဲ့အစည်းများမှာလည်း နိုင်ငံရေး အပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲ၊ အုပ်ချုပ်ရေးအပြောင်းအလဲများနှင့် အညီ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေသည့် ကာလဖြစ်ကြောင်း၊ အားသာချက်များ များစွာရှိသကဲ့သို့ အားနည်းချက်များလည်းရှိနိုင်ကြောင်း၊ အားနည်းချက်များထဲက မိမိတို့စာရင်းစစ်အဖွ့ဲအစည်းနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ၊ငွေကြေးဆိုင်ရာများကို တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနေကြရခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် မတ်လအတွင်း စာရင်းစစ်အရာရှိ/ မြို့နယ် စာရင်းစစ်အရာရှိများ၏အလုပ်ရုံဆွေးနွေးပွဲများကိုလည်း  စာရင်းစစ်အရာရှိ စုစုပေါင်း ၄၀၉ ဦးဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်တွင် (၂) ကြိမ် ကျင်းပခဲ့ကြောင်း၊ ဒေသစာရင်းစစ်ရုံးများ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ အားသာချက်၊ အားနည်းချက်များကို ပိုမိုသိရှိရပြီး ထိုအပေါ်မူတည်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၁၄)ကို ကျင်းပခြင်းဖြစ်ကြောင်း၊ ဤဆွေးနွေးပွဲတွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများအပေါ် ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်ပြီး ပြည့်စုံစွာ ဆွေးနွေးကြရန်ဖြစ်ပြီး ဆွေးနွေးရာတွင် မိမိတို့စာရင်းစစ်အဖွဲ့ အသီးသီး၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ် ဘဏ္ဍာရန်ပုံငွေများ မလေလွင့်အောင်၊ မဆုံးရှုံးအောင်၊ ထိရောက်စွာ အသုံးပြုနိုင်အောင် မည်သို့ ဆောင်ရွက်နေကြသည်၊ (၆)လပတ်ကာလအတွင်း မည်ကဲ့သို့ ဆောင်ရွက်နိုင်ကြသည် ဆိုသည်ကိုဆွေးနွေးသွားကြရန်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှလည်း စစ်ဆေးတွေ့ရှိထားသည်များကို ဆွေးနွေးပြီး လာမည့် (၆) လပတ်ကာလအတွက်လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါစာရင်းစစ်ဆေးရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးအားလုံးမှ  တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများနှင့် နေပြည်တော် စာရင်းစစ်ရုံးမှ ညွှန်ကြားရေးမှူးတို့ တက်ရောက်ပြီး ဆွေးနွေးပွဲကို မတ် ၂၆ ရက်အထိ ကျင်းပမည် ဖြစ်ပါသည်။

စာရင်းစစ် အရာရှိ ၊ မြို့နယ်စာရင်းစစ်အရာရှိများ စာရင်းစစ်ဆေးရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

စာရင်းစစ်အရာရှိ ၊ မြို့နယ်စာရင်းစစ်အရာရှိများ စာရင်းစစ်ဆေးရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၂/၂၀၁၄) ပိတ်ပွဲ အခမ်းအနားကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ (၁၃-၃-၂၀၁၄)နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်က မတ် ၃ ရက်မှ ၁၃ ရက်အထိ နှစ်ကြိမ်ခွဲ၍ ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ စာရင်းစစ်အရာရှိ ၄၀၉ ဦး တက်ရောက်ခဲ့ ပြီး ပါဝင်ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲများတွင် စာရင်းစစ်အရာရှိများက မြို့နယ်အလိုက်၊ ခရိုင်အလိုက် စာရင်းစစ်ဆေးရာမှ ထူးခြားတွေ့ရှိရမှုများကို ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုအပေါ် တက် ရောက်လာသူများက အတွေ့အကြုံ၊လုပ်နည်းလုပ်ဟန်များကိုလေ့လာမှတ်သားရန် ဖြစ်ကြောင်း၊ ခေတ်စနစ်ပြောင်းလဲမှုများ အရ လုပ်ငန်းခွင်တွင် တွေ့ကြုံရမည့် အချက်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အမြဲမပြတ် လေ့လာဆည်းပူးမှတ်သားနေရန် လိုအပ်ကြောင်း၊ ဆွေးနွေးပွဲမှ ရရှိသည့် အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချရန် လိုအပ်ကြောင်း၊ မိမိတို့စစ်ဆေးတွေ့ရှိချက် True & Fair ဖြစ်ရန် လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းမှု ဖြစ်စေရန် အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ ထို့ပြင် စာရင်းစစ်ဆေးတွေ့ရှိချက်များအရ စစ်ဆေးရမည့် အဖွဲ့အစည်းများအား ပြန်လည်ပေးသွင်းစေသည့် ရန်ပုံငွေများမှာလည်း နိုင်ငံတော်က ရသင့်သည့် ငွေကြေးများ၊ မဆုံးရှုံးသင့်သည့် ငွေကြေးများဖြစ်ရန် လိုအပ်သကဲ့သို့ ပြန်လည်ပေးသွင်းရသည့် အဖွ့ဲအစည်းများအတွက်လည်း နစ်နာမှုမရှိစေရေး၊ လုပ်ငန်းခွင်တွင် ထိခိုက်မှု မရှိစေရေး သတိပြုရန်လိုအပ်ကြောင်း၊ ကိန်းဂဏန်းအချက် အလက်များ တိကျမှန်ကန်ရန် အရေးကြီးကြောင်း၊ စစ်ဆေးရမည့် အဖွ့ဲအစည်းများသည် သက်ဆိုင်ရာ ကဏ္ဍအလိုက် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသူများဖြစ်သည် ဟု ခံယူထားရန် လိုအပ်ကြောင်း၊ စာရင်းစစ်ဆေးရာမှ နိုင်ငံတကာ စာရင်းကိုင်စံ၊ စာရင်းစစ်စံများအတိုင်း စစ်ဆေး၍ တွေ့ရှိချက်များကို အပြုသဘောဆောင် ထောက်ပြပေးခြင်း၊ တည့်မတ်ပေးခြင်းတို့ကို ပြုလုပ်ပေးသကဲ့သို့ ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိပါက မရှိကြောင်း တိကျစွာဖော်ပြကြရန် ဖြစ်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ ပါအတိုင်း ရိုးသားဖြောင့်မတ်စွာဖြင့် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း မှာကြားခဲ့သည်။ အဆိုပါ စာရင်းစစ်ဆေးရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စာရင်း စစ်အရာရှိ၊ မြို့နယ်စာရင်းစစ်အရာရှိ ၂၀၇ ဦးတို့တက်ရောက်ခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆဌမအကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်အခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ဆဌမအကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်အခမ်းအနားကို   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်နှင့်ဇနီးဒေါ်မြမြဦးတို့အား အမှူးထား၍ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် ၀၉း၃၀ နာရီတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာတွင် ပျဉ်းမနားမြို့ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်တို့မှ သံဃာတော်(၁၁)ပါးအား ဆွမ်းကပ်လှူဒါန်းပြီး ကထိန်လျာ သင်္ကန်း၊ လှူဖွယ်ပစ္စည်း အစုစုနှင့် နဝကမ္မအလှူငွေ စုစုပေါင်းအလှူတန်ဖိုးကျပ် ၇,၀၉၄,၅၀၀/- ကို ရေစက်ချ လှူဒါန်းခဲ့ပါသည်။

PA Notifiaction 2013

Pages

Subscribe to Front page feed