OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ဖေဖော်ဝါရီ၂၇ ရက်မှ မတ် ၁ ရက်အထိ ကျင်းပသည့် International Standards of Supreme Audit Institution (ISSAI) Implementation Initiative 3i Management Workshop သို့ တက်ရောက်ခဲ့ပြီး မတ် ၂ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ဖနောင်ပင်မြို့ Hotel Cambodiana ၌ကျင်းပသည့် International Standards of Supreme Audit Institution(ISSAI) Implementation Initiative 3i Management Workshop အစည်းအဝေးသို့ အာရှတိုက်ဒေသကြီးရှိ နိုင်ငံပေါင်း ၂၀ မှ စာရင်းစစ်ချုပ်များ တက်ရောက်ကြပြီး 3i Management အကြောင်း အရာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံမှလည်း Myanmar Supreme Audit Implementation Initative International Standards of Supreme Audit Institution ကို ပါဝင် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် အတူ အဖွဲ့ဝင်များဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးကျော်ဝင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တ အောင်သူစိုးတို့လည်း ပြန်လည်လိုက်ပါခဲြ့ကကြောင်း သတင်းရရှိသည်။

အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၁၇) သင်တန်းဆင်းပွဲအခမ်းအနား

၁။    ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက် နံနက် ၁၀း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၂၁၇) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။၂။    အခမ်အနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/(၇၄) ဦး တက်ရောက်ကြသည်။၃။    အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ်က -       -    သင်တန်းသားများအနေဖြင့် ယခုသင်တန်းတွင် သင်ကြားပေးလိုက်သော            အကြောင်းအရာများကို အခြေခံထားပြီး ပြောင်းလဲနေသောပညာရပ်များကို            လေ့လာဆည်းပူး၍ လက်တွေ့အသုံးချရန် တိုက်တွန်းလိုကြောင်း၊      -     စာမေးပွဲစည်းကမ်းများကိုလည်းလိုက်နာပြီး ရိုးရိုးသားသားကြိုးစား၍ ဖြေဆိုကြ            ရန်နှင့် မိခင်ဌာနအတွက် အကောင်းဆုံးဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရန်             တိုက်တွန်းလိုကြောင်း လမ်းညွှန်မှာကြားပါသည်။၄။    သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀း၃၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃၈) သင်တန်းဖွင့်ပွဲ

၁။    ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက် နံနက် ၁၀ း ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ စာရင်းစစ်များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၃၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။
၂။    အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့်သင်တန်းသားစာရင်းစစ်များ တက်ရောက်ကြပါသည်။
၃။    အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က လမ်းညွှန်မှာကြားရာတွင် -      -     သင်တန်းသားများသည် နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို ဦးထိပ်            ပန်ဆင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေနှင့်            ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေများက အပ်နှင်းလိုက်သည့် စစ်ဆေး            ရေးတာဝန်များကို ကျွမ်းကျင်နိုင်နင်းစွာ ဆောင်ရွက်နိုင်ရန်အတွက်             စစ်ဆေးရေးစွမ်းရည်များ စဉ်ဆက်မပြတ်တိုးတက်နေအောင် ကြိုးပမ်း            အားထုတ်နေရမှာဖြစ်ကြောင်း၊      -     စာရင်းစစ်သင်တန်းသားများအနေဖြင့် မိမိတို့လုပ်ကိုင်ရမည့် စာရင်းစစ်            လုပ်ငန်းကို သာမန်မဟုတ်ဘဲ ပါးပါးနပ်နပ်နှင့် ကျွမ်းကျွမ်းကျင်ကျင်လုပ်            ဆောင်နိုင်ရန် သင်ကြားပေးလိုက်သော ပညာရပ်များကို လက်တွေ့အသုံး           ချရန် တိုက်တွန်းလိုကြောင်း၊     -     သင်တန်းသားစာရင်းစစ်များသည် စာရင်းကိုင်ပညာရပ်နှင့် စာရင်းစစ်           ပညာရပ်တို့ကို ကောင်းစွာတတ်ကျွမ်းရမည်၊ မိမိလုပ်ငန်းအပေါ် စေတနာ           ထား၍အပြုသဘောဆောင်ပြီးအမှန်တကယ်ကျွမ်းကျင်သည့်နိုင်ငံ့အတွက်            အားကိုးတန်ဖိုးထားရသော ဝန်ထမ်းများအဖြစ် ကြိုးစားစေလိုကြောင်း၊     -     စာရင်းစစ်သင်တန်းသားများအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ကိုဆိုင်ရာ           အဖွဲ့အစည်းများက သုံးစွဲရာတွင် စနစ်တကျသုံးစွဲအောင် လမ်းညွှန်ရေးနှင့်           နိုင်ငံတော်မှရမည့် အခွန်ရငွေများကို အပြည့်အဝရရှိအောင်စစ်ဆေးဆောင်           ရွက်ပေးနိုင်သည့် စာရင်းစစ်ဝန်ထမ်းများအဖြစ် ကျရာတာဝန်ကို ကျေပွန်စွာ           ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊    -      ပြောင်းလဲတိုးတက်လျက်ရှိသည့် အခြေအနေအရပ်ရပ်ကို အစဉ်လေ့လာ           သုံးသပ်၍ ယင်းအပြောင်းအလဲများနှင့်အညီ၊ အတွေးအခေါ် ခံယူချက်များ            ပြုပြင်ပြောင်းလဲကာ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ထူးချွန်ထက်မြက်သူ           များအဖြစ် ပြည်သူလူထုနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်စောင့်           ရှောက်ကြရန် လမ်းညွှန်မှာကြားပါသည်။
၄။    သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၁ း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

The Law amending the Auditor General of the Union Law

 
ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား  ၂၁-၁-၂၀၁၃ နေ့တွင် ပြဌာန်းလိုက်သည်။
The Law amending the Auditor General of the Union Law

စာရင်းစစ်များ ခန့်အပ်ခြင်း
စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃၇)သင်တန်းဖွင့်ပွဲ

  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃၇)သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၃)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊အစည်းအဝေးခန်းမ၊ နေပြည်တော်၌ကျင်းပရာပြည်ထောင်စုစာရင်း စစ်ချုပ်ဦးသိန်းထိုက်တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အခမ်းအနားတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်က- သင်တန်းသားစာရင်းစစ်များသည် ပြည်သူ့ဘဏ္ဍာရန်ပုံငွေများကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အကျိုးရှိရှိသုံးစွဲရန်နှင့်မမှန်မကန်သုံးစွဲမှုများမဖြစ်အောင် စစ်ဆေးပေးနေသောသူများဖြစ်ကြောင်း၊ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့်အညီထင်သာမြင်သာရှိအောင်
နိုင်ငံတော်အတွက်တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနေသူများဖြစ်ကြောင်း၊-သင်တန်းမှပို့ချချက်များနှင့်ဒေသအသီးသီးမှလာရောက်သောသင်တန်းသားများ၏အတွေ့အကြုံများပေါင်းစပ်၍မိမိတို့လုပ်ငန်းခွင်တွင်ထိထိရောက်ရောက်ပြန်လည်အသုံးချနိုင် အောင်ကြိုးစားကြရန် လိုအပ်ပါကြောင်း၊- သင်တန်းကာလအတွင်းစည်းကမ်းရှိရှိနှင့်အချင်းချင်းရင်းနှီးချစ်ကြည်မှုရအောင်၊ တစ်စိတ်တစ်ဝမ်းတည်း စိတ်ဓါတ်ရအောင်ကြိုးစားကြရန်လိုအပ်ပါကြောင်းလမ်းညွှန်မှာကြားပါသည်။အခမ်းအနားသို့တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့်သင်တန်းသား၊သင်တန်းသူ(၁၀၃) ဦးတက်ရောက်
ကြပါသည်။

စာရင်းစစ်မှူးများလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၆)သင်တန်းဆင်းပွဲ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်မှူးများလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီ တွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊အစည်းအဝေးခန်းမ၊နေပြည်တော်၌ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ်ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်က- - သင်တန်းသား စာရင်းစစ်မှူးများသည် မိမိတို့ရုံး၏ခြေလက် ၊မျက်စိ၊ နားများဖြစ်ပြီး အရေးပါသောတာဝန်များကိုထမ်းဆောင်နေသူများဖြစ်ကြောင်းနိုင်ငံတော်၏ အရအသုံး စာရင်းများကို မှန်ကန်မှုရှိမရှိ စစ်ဆေးပေးရ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခန်း ကဏ္ဍတစ်ခုမှ ပါဝင်နေသူများဖြစ်ကြောင်း - သင်တန်းမှပို့ချချက်များကိုမှတ်သား၍ လုပ်ငန်းခွင်တွင် စနစ်တကျ အသုံးချဆောင်ရွက် ကြရန်နှင့် စစ်ဆေးရေးလုပ်ငန်းများကို ဖြောင့်မတ်တည်ကြည်စွာ ဆောင်ရွက်ပြီးမိမိ တို့ရုံး၏ မူဝါဒကိုအကောင်အထည်ဖော်ပေးနိုင်သည့်ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးစားကြရန်လမ်းညွှန်မှာကြားပါသည်။ အခမ်းအနားသို့ တာဝန်ရှိသူများ၊သင်တန်းကထိကများနှင့်သင်တန်းသား၊ သင်တန်းသူ(၈၉)ဦး တက်ရောက်ကြပါသည်၊

စာရင်းစစ်ရာထူးနေရာများအတွက်အသိပေးအကြောင်းကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
အသိပေးအကြောင်းကြားခြင်း
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှင့် ဒေသစာရင်းစစ်ရုံးများတွင် လစာနှုန်းကျပ် (၅၃၀၀၀-၁၀၀၀-၅၈၀၀၀) ရရှိသော စာရင်းစစ် ရာထူးနေရာများအတွက်၂၇-၂-၂၀၁၂ရက်နေ့   မြန်မာ့ အလင်းသတင်းစာ၌လည်းကောင်း၊၂၈-၂-၂၀၁၂ရက်နေ့ ကြေးမုံသတင်းစာ၌လည်းကောင်း   ကြေငြာထည့်သွင်း လျှောက်လွှာခေါ် ယူပြီး လူတွေ့စစ်ဆေးခြင်း  ပြုလုပ်ခဲ့ပါသည်။
၂။ ထိုသို့ စစ်ဆေးထားသူများမှ ပထမအသုတ်ခန့်အပ်ခဲ့ပြီး ခန့်အပ်ရန် ကျန်ရှိသူများကို ရာထူးနေရာလစ်လပ်မှုအပေါ်မူတည်၍ အသုတ်လိုက် ဖြည့်စွက်ခန့်အပ်သွား မည် ဖြစ်ပါသည်။
၃။ မခန့်အပ်ရသေးသော လူတွေ့စစ်ဆေးထားသူများအနေဖြင့် ဤရုံးတွင် အလုပ်ဝင်ရောက်  ထမ်းဆောင်ရန်  ဆန္ဒရှိသေးပါက ၁၅-၁-၂၀၁၃ ရက်နေ့ နောက်ဆုံးထား၍ စာဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း အမြန်ဆုံးဆက် သွယ်သတင်း ပေးပို့ရန် အသိပေးအကြောင်းကြားပါသည်။
ဆက်သွယ်ရန်လိပ်စာ - ဒုတိယညွှန်ကြားရေးမှူး၊ စီမံ (ဝန်ထမ်းရေးရာ)၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ရုံးအမှတ် (၁၂)၊ နေပြည်တော် ဖုန်း ၀၆၇-၄၀၇၃၃၄၊ ၀၆၇-၄၀၇၂၂၈

အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၁၆) သင်တန်းဆင်းပွဲ

အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၁၆) သင်တန်းဆင်းပွဲ အခမ်း အနားကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသား၊ သင်တန်းသူ (၁၀၄) ဦး တက်ရောက်ကြပါသည်။
- ပြောင်းလဲလာသော နိုင်ငံတော်အုပ်ချုပ်ရေးစနစ်နှင့်အညီ ဝန်ကြီးဌာနအသီးသီးရှိ သင်တန်း သားများအနေဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်များ၊ ဦးတည်ချက်များကို လေ့လာသိရှိပြီး ရည်မှန်းချက်ပြည့်မီရေး အင်တိုက်အားတိုက် ပါဝင်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
- သင်တန်းမှပို့ချလိုက်သော ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချ ရန်နှင့် မိမိလုပ်ငန်းတာဝန်များကို လုပ်ငန်းကျွမ်းကျင်စွာဖြင့် ဆထက်ထမ်းပိုး အောင်အောင် မြင်မြင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းလမ်းညွှန်မှာကြားပါသည်။
ထို့နောက် အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၁၆) သင်တန်း ဆင်းပွဲအခမ်းအနားကို နံနက်(၁၀း၃၀)တွင် ရုပ်သိမ်းခဲ့ပါသည်။

ပြည်သူလူူထုအခြေပြုသည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင် စာရင်းစစ်ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဒဏ်သင့် သပိတ်ကျင်း၊ စဉ့်ကူးနှင့် စဉ့်ကူးမြို့နယ် စာရင်းစစ်ရုံးများသို့ နိုဝင်ဘာ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်သည် သွားရောက်ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး စာရင်းစစ်ချုုပ်ရုံးနှင့် ခရိုင်/မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အရ/အသုံးစာရင်းများကို စစ်ဆေးရာ၌ ရသင့်ရထိုက်သည်များ မှန်မှန်ကန်ကန် ရရှိခြင်း ရှိ /မရှိ၊ သတ်မှတ်ထားသည့် စာရင်းအင်းထားသိုပုံနည်းစနစ်နှင့်အညီ ကျင့်သုံးခြင်းရှိ/ ရှိနှင့် လွဲမှားမှုများ မဖြစ်ပေါ်စေရေး အပြုသဘောဖြင့် ကူညီတည့်မတ်ပေးရန်၊ ပြည်သူလူထုကို အခြေပြုသည့် ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် ပြုမူဆက်ဆံပြောဆိုမှုမှစ၍ စာရင်းစစ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြပြီး တစ်ဦးချင်း အရည်အသွေး အရည်အချင်း ပိုမိုတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိ သည်။

Pages

Subscribe to Front page feed