- ၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- (က) ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော်၏ အရအသုံးစာရင်းများ စစ်ဆေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ စစ်ဆေးခြင်းတို့ နှင့်စပ်လျဉ်း၍ တစ်နှစ်လျှင်အနည်းဆုံး တစ်ကြိမ်တင်ပြခြင်းနှင့် ထူးခြားသောအခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း၊
- (ခ) ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များအရ-
- (၁) နိုင်ငံတော်၏ အရအသုံးစာရင်းများကို စစ်ဆေးခြင်း၊
- (၂) အရအသုံးခန့်မှန်းခြေငွေစာရင်းပါ ရငွေများကိုပြည့်ဝစွာ ရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
- (၃) အရအသုံးခန့်မှန်းခြေငွေစာရင်းပါ သုံးစွဲခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာ အသုံးပြုမှု ရှိမရှိစစ်ဆေးခြင်း။
- (ဂ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအင်အားတို့သည် ထမ်းဆောင်သည့်လုပ်ငန်းတာဝန်နှင့် လျော်ကန်မျှတမှု ရှိ မရှိ စစ်ဆေးခြင်း၊
- (ဃ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ ဝန်ထမ်းများခန့်ထားဆောင်ရွက်ခြင်းသည် ခွင့်ပြုသည့်ဝန်ထမ်းအင်အားအတွင်း ရှိမရှိ စစ်ဆေးခြင်း၊
- (င) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေသည် မူလရည်ရွယ်ချက် သို့မဟုတ် ရည််မှန်းချက်ဖြစ်မြောက်စေမည့် အခြေအနေမျိုး ရှိ မရှိ စစ်ဆေးခြင်း၊
- (စ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့သည် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းအရ သတ်မှတ်ထားသည့် စာရင်းထားသိုပုံ နည်းစနစ်နှင့်အညီ ကျင့်သုံးခြင်း ရှိ မရှိ စစ်ဆေးခြင်း၊
- (ဆ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ စီမံကိန်းနှင့်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ပြည်သူတို့အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိမရှိ စစ်ဆေးခြင်း၊
- (ဇ) (၁) နိုင်ငံပိုင်ပစ္စည်း၊ သမဝါယမပိုင်ပစ္စည်းနှင့် အများပိုင်ပစ္စည်းများကို ရယူထိန်းသိမ်းအသုံးပြုရာတွင် တိကျမှန်ကန်မှု၊ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ထိရောက်စွာအသုံးပြုမှု ရှိ မရှိ စစ်ဆေးခြင်း၊
- (၂) ပိုင်ရှင်မဲ့ပစ္စည်းများ၊ ဖမ်းဆီးသိမ်းယူထားသည့်ပစ္စည်းများ၊ ပြည်သူပိုင်အဖြစ်ကြေညာ၍ သိမ်းယူထားသည့်ပစ္စည်းများ၊ ပိုင်ရှင်က တရားဝင်စွန့်လွှတ်ထားသည့်ပစ္စည်းများကို ပြည်သူပိုင်ပစ္စည်းများအဖြစ် သက်ဆိုင်ရာတို့က တရားဝင်စာရင်းသွင်းခြင်းရှိမရှိ၊ ထိန်းသိမ်းခြင်း ရှိမရှိ၊ စနစ်တကျ အသုံးပြုခြင်း ရှိမရှိ၊ လိုအပ်သည့်ကိစ္စများတွင် စနစ်တကျ ထုခွဲရောင်းချလွှဲပြောင်းပေးခြင်း ရှိမရှိ စစ်ဆေးခြင်း။
- (ဈ) ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍-
- (၁) ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပေးမှု စာရင်းများကိုစစ်ဆေးခြင်း၊
- (၂) ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ပေးမှုများ၏ အရေအတွက်နှင့် အဆင့်အတန်း စံနှုန်းများကို စစ်ဆေးခြင်း၊
- (၃) စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှု ရှိမရှိ စစ်ဆေးခြင်း၊
- (၄) ကုန်ကျစရိတ်နှင့်အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်၍စစ်ဆေးခြင်း၊
- (၅) အဖွဲ့အစည်းသို့မဟုတ် လုပ်ငန်းဖွဲ့စည်းလုပ်ကိုင်မှုတွင် ကြီးကြပ်ကွပ်ကဲမှု၊ လုပ်ငန်းပိုင်းဆိုင်ရာ ထိန်းကွပ်မှုများဖြင့်ဆောင်ရွက်မှု၊ စီးပွားရေးစွမ်းဆောင်ရည်တိုးတက်မှု၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အကျိုးသက်ရောက် မှု၊ လုပ်ငန်းစည်းစနစ်ကျမှု၊ ဝန်ထမ်းများအဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်မှု၊ ငွေကြေးနှင့်ပစ္စည်းများကို အကျိုးရှိစွာအသုံးပြုနိုင်မှုစသည်တို့ကို စစ်ဆေးခြင်း။
- (ည) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကဖြစ်စေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခုခု၊ ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုခု သို့မဟုတ် နေပြည်တော်ကောင်စီကဖြစ်စေ ယင်း၏လုပ်ငန်းတစ်ရပ်ရပ်အား စစ်ဆေးပေးရန် ညှိနှိုင်းလာပါက လိုအပ်သလိုစစ်ဆေးပြီးနောက် တွေ့ရှိချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့ပေးပို့ခြင်း၊
- (ဋ) မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းတို့အား ကြီးကြပ်ခြင်းနှင့် လိုအပ်သော လမ်းညွှန်မှုများပေးခြင်း၊
- (ဌ) လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သူတို့၏ တာဝန်၊ ကျင့်ဝတ်သိက္ခာ၊ ရပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ သတ်မှတ်ခြင်းနှင့် ကြီးကြပ်ခြင်း၊
- (ဍ) လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သူတို့က စစ်ဆေးထားသည့် ပုဂ္ဂလိကလုပ်ငန်းများ၏ စာရင်းများတွင် နိုင်ငံတော်သို့ပေးဆောင်ရမည့် အခွန်အခများနှင့် စပ်လျဉ်း၍ လိုအပ်ပါက စစ်ဆေးခြင်း၊
- (ဎ) စာရင်းစစ်ဆေးရေးလုပ်ငန်းများနှင့် စပ်လျဉ်းသောလိုအပ်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခြင်း၊
- (ဏ) မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံသို့ တင်ပြသည်နှင့်တစ်ပြိုင်တည်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း၊
- (တ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို စစ်ဆေးရန် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်လာလျှင်စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း၊
- (ထ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည့်စာရင်းများဆိုင်ရာ ရငွေနှင့်ပေးငွေစာရင်းများကို စစ်ဆေးခြင်း၊ ယင်းရငွေနှင့်ပေးငွေများကို တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်မှု၊ ထိန်းချုပ်မှု၊ ကွပ်ကဲမှု ရှိမရှိ စစ်ဆေးခြင်း၊
- (ဒ) ဥပဒေအရစစ်ဆေးခြင်းခံရမည့် အဖွဲ့အစည်းအသီးသီးတွင် ဌာနတွင်းစာရင်းစစ်အဖွဲ့များ ဖွဲ့စည်းထားမှု ရှိမရှိနှင့် ထိုအဖွဲ့များသည် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက သတ်မှတ်ပေးထားသော လုပ်ငန်းစဉ်၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်ခြင်း ရှိမရှိ စစ်ဆေးခြင်း၊
- (ဓ) ဥပဒေအရစစ်ဆေးခံရမည့် အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းများကို စစ်ဆေးရာတွင် ဥပဒေအရ အရေးယူသင့်သည်ဟု ယူဆသော ကိစ္စများကို တွေ့ရှိပါက စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးထံ ပေးပို့ရမည့်အပြင် ယင်း၏ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်နှင့်သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်ထံ ပေးပို့ခြင်း၊
- (န) အဖွဲ့အစည်းတစ်ရပ်သို့မဟုတ် လုပ်ငန်းတစ်ခုကို စစ်ဆေးရာတွင် ယင်းအဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းခွင်အလိုက် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားပြုမှုများ လောလောဆယ် ဖြစ်ပေါ် နေခြင်းကို ချက်ချင်းရပ်တန့်တားဆီးရန် လိုအပ်သည်ဟု ယူဆပါက-
- (၁) သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးထံ ချက်ချင်းအကြောင်းကြားပြီး ယင်း၏ ပြည်ထောင် စုအဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်ထံ အကြောင်းကြားခြင်း၊
- (၂) သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက အရေးယူဆောင်ရွက်မှုမရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ထံ အစီရင်ခံတင်ပြခြင်း။
- (ပ) (၁) ဥပဒေအရ စစ်ဆေးခံရမည့် အဖွဲ့အစည်းများ၊ ရုံးများ၊ လုပ်ငန်းခွင်များ၊ စက်ရုံများစသည်တို့၏ ဥပစာများ၊ အဆောက်အဦများအတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်း၊
- (၂) ဥပဒေအရ စစ်ဆေးခံရမည့်အဖွဲ့အစည်းများ၊ရုံးများ၊ လုပ်ငန်းခွင်များ၊ စက်ရုံများတွင်ရှိသော စီမံကိန်းများ၊ စီမံချက်များ၊ လုပ်ကိုင်ပုံနည်းစနစ်များ၊ စာချုပ်စာတမ်းများ၊ လူစာရင်းများ၊ ငွေစာရင်းများ၊ ပစ္စည်း စာရင်းများ၊ အစီရင်ခံစာများ၊ စာရင်းစာအုပ်များ၊ ပြေစာများနှင့် အခြားအထောက်အထား စာရွက်စာတမ်းများကို တောင်းခံစစ်ဆေးခြင်း၊
- (၃) ပုဒ်မခွဲငယ် (၂) တွင်ဖော်ပြထားသော စာရွက်စာတမ်းများကို တောင်းခံရာတွင် မူရင်းအတိုင်းဖြစ်စေ၊ မိတ္တူကူး၍ဖြစ်စေ၊ အီလက်ထရောနစ်နည်းစနစ်ဖြင့်ဖြစ်စေ သက်ဆိုင်ရာအဖွဲ့အစည်းများက ပေးပို့စေခြင်း၊
- (၄) စစ်ဆေးချက်များနှင့် ပတ်သက်၍တွေ့ရှိသည့် သက်သေခံပစ္စည်းများ၊ စာရွက်စာတမ်းများ၊ အသံဖိုင်များ၊ အီလက်ထရောနစ်ဆိုင်ရာ မှတ်တမ်းများကို သက်သေခံအဖြစ် ထိန်းသိမ်းခြင်း၊
- (၅) စစ်ဆေးရေးအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များကိုခေါ်ယူ မေးမြန်းခြင်း၊ ထွက်ဆိုချက်များ ရယူခြင်း၊
- (၆) စစ်ဆေးရေးအတွက် လိုအပ်ပါက ကျွမ်းကျင်သူဝန်ထမ်းများ၏ အကူအညီကို လုပ်ငန်းအလိုက်ဖြစ်စေ၊ ကာလအပိုင်းအခြားအားဖြင့်ဖြစ်စေ သက်ဆိုင်ရာအဖွဲ့အစည်း၏ သဘောတူခွင့်ပြုချက်ဖြင့် ရယူခြင်း။
- (ဖ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ အခြားငွေရေးကြေးရေးကိစ္စနှင့်စပ်လျဉ်းသော စာရင်းများကို လိုအပ်ပါက စစ်ဆေးခြင်း၊
- (ဗ) နိုင်ငံပိုင် ရေ၊ မြေ၊ လေ၊ သယံဇာတများကိုအသုံးပြု၍ အကျိုးခံစားခွင့်ပေးသည့် စာချုပ်ပုံစံ အမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးဖြင့် အစိုးရနှင့်ဆောင်ရွက်သည့် ဖက်စပ်လုပ်ငန်းများ၏ လုပ်ငန်းနှင့်စာရင်းများကို လိုအပ်ပါက စစ်ဆေး ခြင်း၊
- (ဘ) ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေချေးယူငွေများ၊ ပြည်တွင်းသို့ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ ထုတ်ချေးငွေများ၊ အတိုးပေးငွေ၊ အတိုးရငွေများနှင့်ပတ်သက်၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိမရှိ စစ်ဆေးခြင်း၊
- (မ) ရရန်ရှိငွေနှင့်ပစ္စည်းများ၊ ပေးရန်ရှိငွေနှင့် ပစ္စည်းများပြည့်စုံမှန်ကန်တိကျစွာဖော်ပြခြင်း ရှိ မရှိနှင့် သတ်မှတ်ချက်များနှင့်အညီ စာရင်းရှင်းလင်းဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်း၊
- (ယ) နိုင်ငံတော်သမ္မတက ဥပဒေနှင့်အညီ ပေးအပ်သည့် အခြားတာဝန်များ ထမ်းဆောင်ခြင်း၊
- (ရ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်သော အခြားတာဝန်များ ထမ်းဆောင်ခြင်း။
- ၂၊၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -
- (က) ဒုတိယစာရင်းစစ်ချုပ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ခြင်း၊
- (ခ) သက်ဆိုင်ရာ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၏ ငွေစာရင်းများနှင့် ပစ္စည်းစာရင်းများ စစ်ဆေးခြင်း၊
- (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်များအား လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အခါအားလျော်စွာ စစ်ဆေးခြင်း။
- ၃၊၊ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပုဒ်မ ၁၁ နှင့် ၁၂ တို့အရ မိမိအား အပ်နှင်းထားသောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဒုတိယစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်၊ စာရင်းစစ်ရုံးအဆင့်ဆင့်ရှိ စာရင်းစစ်အရာရှိများနှင့် မိမိကတာဝန်ပေးသော အဖွဲ့ငယ်များ၊ ဝန်ထမ်းများ၊ ပုဂ္ဂိုလ်များအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
Duties and Powers of the Auditor General of the Union
- The duties of the Auditor General of the Union are as follows :
- (a) submitting the report, submitting the report on auditing the accounts of receipt and payment of the Union as well as implementation of works at least once a year and on the unusual situation from time to time to the session of the Pyidaungsu Hluttaw, Pyithu Hluttaw or Amyotha Hluttaw;
- (b) under the provisions of contained the Union Budget Law:
- (i) auditing the accounts of the receipt and payment of the Union;
- (ii) auditing whether or not measures have been taken to obtain fully the receipts contained in the Budget Estimates;
- (iii) auditing whether or not the sanctioned money contained in the Budget Estimates are utilized effectively;
- (c) auditing whether the set-up and staff strength of relevant government departments and government organizations are appropriate enough for the responsibilities they have to perform;
- (d) auditing whether the appointment of staff of relevant government departments and government organizations are within the sanctioned staff;
- (e) auditing whether the set-up and the situation of implementation of works of relevant government departments and government organizations are likely achieve the original purpose or objective;
- (f) auditing whether the union level organizations, union ministries, government departments, government organizations and Nay Pyi Taw Council have applied the accounting system that is prescribed in accordance with the existing financial regulations;
- (g) auditing whether the projects and implementation of works of the union level organizations, union ministries, government departments, government organizations and Nay Pyi Taw Council are actually effective for the public;
- (h) (i) auditing whether there are precision, accuracy, systematic maintenance and effective utilization in taking over and using the state-owned assets, co-operative-owned assets and public-owned assets;
- (ii) auditing whether ownerless assets, confiscated assets, assets that are taken over as public owned by notification and assets legally relinquished by the owner are officially recorded in the accounts, maintained, utilized systematically and in case of necessity, systematically disposed and transferred;
- (i) in respect of manufacturing, trading and services:
- (i) auditing the accounts of manufacturing, trading and services;
- (ii) auditing the quantity and standards of products and services;
- (iii) auditing whether there are wastages, leakages, damages, losses and misappropriation in implementing projects;
- (iv) comparing and auditing the cost and effectiveness;
- (v) auditing supervision over organization or the way of the organization works, performing work under effective operational controls, improvement in economic efficiency, social and cultural impact, systematic work, performance of staff which is free from corruption and beneficial utilization of funds and properties;
- (j) presenting findings to the relevant organizations after auditing as the case may be if the President of the Union, Speaker of the Pyidaungsu Hluttaw, Speaker of the Pyithu Hluttaw or Speaker of the Amyotha Hluttaw or any union level organization, any union ministry or Nay Pyi Taw Council request to audit any of its activities;
- (k) supervising the Myanmar Accountancy Council and the Myanmar Institute of Certified Public Accountants, and providing necessary guidance;
- (l) determining and supervising the duties, ethics and rights of the Certified Public Accountant and the Practicing Accountant in accordance with the law;
- (m) auditing, if necessary, the accounts of private business that have been audited by the Certified Public Accountant and the Practicing Accountant relating to taxes to be paid to the Union;
- (n) submitting necessary bill relating to the auditing works to the Pyidaungsu Hluttaw;
- (o) reporting his performance and findings to the President of the Union and the Pyidaungsu Hluttaw simultaneously;
- (p) submitting the report to the Pyidaungsu Hluttaw if the Pyidaungsu Hluttaw assigns him to audit the implementation of works of the union level organizations, union ministries, government departments, government organizations and Nay Pyi Taw Council;
- (q) auditing the accounts of receipt and payment relating to debt, deposits, suspense which are operated in conjunction with the Union Budget at the union level organizations, union ministries, government departments, government organizations and Nay Pyi Taw Council, and checking whether the responsible persons systematically control and effectively supervise such receipts and payments;
- (r) auditing whether the internal audit teams have been formed at the organizations which will be audited according to the law, and whether such teams carry out their activities in accordance with the work programs, orders, directives and procedures determined by the relevant ministries and organizations;
- (s) in auditing the organizations or works which will be audited according to the law, sending the findings regarding the matters which are considered to require legal actions to the head of the relevant organizations and to the member of its union level organization and that of its region or state level organization;
- (t) in auditing any organization or work, if it is considered to be stopped and prevented forthwith the wastages, leakages, damages, losses and misappropriation are currently occurring in such organization or worksite;
- (i) informing immediately to the head of the relevant organizations and the member of its union level organization and that of its region or state-level organization;
- (ii) reporting to the Union Government and relevant Region or State Government, if the head of the relevant organizations does not take any action;
- (u) (i) entering and auditing premises and buildings of the organizations, offices, work-sites, factories which will be audited according to the law;
- (ii) requesting and auditing projects, plans, operation systems, contracts, list of personnel, cash accounts, asset accounts, reports, books of account, vouchers and other documents maintained in the organizations, offices, work-sites, factories which will be audited according to the law;
- (iii) in requesting the documents mentioned in sub-section (ii), causing the relevant organizations to send the original or copy of them or by the electronic system;
- (iv) maintaining the evidential properties, documents, recorded disks and electronic records that are found regarding auditing as exhibits;
- (v) interviewing the relevant persons for the purpose of auditing and obtaining statements;
- (vi) obtaining the help of skilled staff according to the work or time frame with the approval of the relevant organization for auditing if necessary;
- (v) auditing the accounts relating to the other financial matters of the government departments and government organizations if necessary;
- (w) auditing the works and accounts of joint ventures operating with the government which are granted benefits by various types of agreements and various systems utilizing state-owned water land, air and resources if necessary
- (x) auditing whether law, regulations, bye-laws and procedures are compiled with in regard to loans borrowed from this country or abroad, loans disbursed to this country or abroad, interest paid and interest received on loans;
- (y) auditing whether moneys and assets receivable, moneys and assets payable are disclosed completely and accurately and whether accounts are cleared in accordance with the prescriptions;
- (z) performing other duties assigned by the President of the Union in accordance with the law;
- (aa) performing other duties stipulated under any existing law.
- The powers of the Auditor General of the Union are as follows:
- (a) prescribing the duties and powers of the Deputy Auditor General;
- (b) auditing the accounts and the list of property of the relevant Government Departments and Government Organizations;
- (c) guiding, supervising and inspecting from time to time, the performances of the Auditor General of the Region or State;
- The Auditor General of the Union may delegate the duties and powers conferred on him under sections 11 and 12 to the Deputy Auditor General, Auditor General of the Region or State and Audit Officers of the different levels of audit offices, and small teams, staff and persons who are assigned duties by him.
၁။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ ဗြိတိသျှတို့ အုပ်စိုးစဉ်ကပင် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ စာရင်းစစ်ချုပ်ကို ခန့်ထားခဲ့ပြီး၊ ယင်း၏လက်အောက်တွင် စာရင်းစစ်ချုပ်ရုံး ၊ ငွေစာရင်းမင်းကြီးရုံး ၊ ငွေစာရင်းဝန်(ကာကွယ်ရေး) ရုံး ၊ စာတိုက်နှင့်ကြေးနန်းငွေစာရင်းဝန်ရုံး နှင့် ဒေသန္တရအဖွဲ့ ငွေစာရင်းဝန်ရုံးများကို ဖွဲ့စည်းထားခဲ့ပါသည် ၊၊ လွတ်လပ်ရေး ရရှိသည့်အခါ ၁၉၄၈ ခုနှစ် စာရင်းစစ်ချုပ် အက်ဥပဒအရ မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ကို ခန့်ထားခဲ့ပြီး ယင်းလက်အောက်တွင် အထက်ဖော်ပြပါ စာရင်းနှင့် စာရင်းစစ်ဌာနများအပြင် ၁၉၅၅ ခုနှစ်တွင် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများကို စစ်ဆေးရန် ကူးသန်းရောင်းဝယ်ရေး စာရင်းစစ်ညွှန်ကြားရေးဝန်ရုံးကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည် ။ ထို့ပြင် စာရင်းကိုင်ခြင်း ၊ စာရင်းစစ်ဆေးခြင်း ၊ ရုံးလုပ်ငန်းကိစ္စများ စီမံခန့်ခွဲဆောင်ရွက်ခြင်းကဲ့သို့သာ လုပ်ငန်းခွင်နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်လာစေရန်အတွက် ၎င်းတို့၏ လုပ်ငန်းခွင် ဗဟုသုတနှင့် စွမ်းရည်များ တိုးမြှင့်လာစေရန် အစိုးရဌာနများ ၊ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများ နှင့် စာရင်းနှင့်စာရင်းစစ်ဌာနများ၏ အငယ်တန်း ဝန်ထမ်းများထဲမှ ရွေးချယ်ထားသူများ ကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ချက်ဖြင့် ၁၉၅၈ ခုနှစ် ဧပြီလတွင် နိုင်ငံတော်အစိုးရမှ "စာရင်းနှင့်စာရင်းစစ် ပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း" ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ၎င်းသင်တန်းကျောင်းကို စာရင်းစစ်ချုပ်၏ ကြီးကြပ်ကွပ်ကဲထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့ပါသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် စာရင်းစစ်ဌာန ဖွဲ့စည်းမှုကို ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ထားရှိခဲ့ပါသည်။
၂။ ထို့နောက် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၅၅ အရ ၁၉၇၄ခုနှစ်တွင် ပြည်သူ့လွှတ်တော်က ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည် ။ ယင်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်ဖွဲ့စည်းပြီး ပြည်နယ်/တိုင်း နှင့် မြို့နယ်များတွင်လည်း သက်ဆိုင်ရာအဆင့်အလိုက် လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းခဲ့ပါသည်။ ထို့ပြင် ပြည်သူ့ လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥပဒေပုဒ်မ ၆၇ဖြင့် ၁၉၄၈ ခုနှစ် စာရင်းစစ်ချုပ် အက်ဥပဒေကို ရုပ်သိမ်းခဲ့ပါသည်။ ယခင်စာရင်းစစ်ချုပ် လက်အောက်ရှိ စာရင်းစစ်ချုပ်ရုံး၊ ငွေစာရင်းမင်းကြီးရုံး ၊ စာတိုက်နှင့် ကြေးနန်း ငွေစာရင်းဝန်ရုံး ၊ဒေသန္တရအဖွဲ့ ငွေစာရင်းဝန်ရုံး နှင့် ကူးသန်းရောင်းဝယ်ရေး စာရင်းစစ် ညွှန်ကြားရေးဝန်ရုံး နှင့် စာရင်းနှင့်စာရင်းစစ်ပညာလေ့ကျင့်ရေး သင်တန်းကျောင်းတို့ ပူးပေါင်းပြီး ၁၉၇၄ ခုနှစ် ၊ ဇန်နဝါရီလမှ စ၍ ဗဟိုစာရင်းရုံးအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည် ။ ငွေစာရင်းဝန် (ကာကွယ်ရေး)ရုံး ကို ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်သို့ ၁၉၇၂ - ၇၃ နှစ်ကုန်တွင် လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်နယ်/တိုင်းနှင့် မြို့ နယ်အဆင့်တို့တွင်လည်း စာရင်းရုံးများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသစ်ဖွင့်လှစ်ခဲ့ပါသည် ။
၃။ ၁၉၈၈ ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီး ၁၉၈၈ ခုနှစ် ၊ စက်တင်ဘာလ ၂၈ ရက်စွဲပါ အမိန့် အမှတ် ၊ ၅/၈၈ ဖြင့် စာရင်းစစ်ချုပ်ဥပဒေ ပြဋ္ဌာန်းကာ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးဥပဒေကို ရုပ်သိမ်းခဲ့ပါသည် ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်စွဲပါ အမိန့်အမှတ် ၇/၈၈ ဖြင့် စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့ကို ခန့်အပ်တာဝန်ပေးခဲ့ပါသည် ။
၄။ ၂၀၁၁ ခုနှစ် ၊ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ နိုင်ငံတော်အာဏာကို အစိုးရသစ်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၂၀၁၀ ခုနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေသစ်ဖြင့် ၁၉၈၈ ခုနှစ် စာရင်းစစ်ချုပ်ဥပဒေကို ရုပ်သိမ်းခဲ့ပါသည်။ အစိုးရသစ်လက်ထက်တွင် ဗဟိုမှ အာဏာခွဲဝေပေးသည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပြီး ၊ စာရင်းစစ်ချုပ် ဥပဒေသစ်အရ စာရင်းစစ်ရုံးများ၏ ဖွဲ့စည်းပုံသည် ယခင်နှင့် ကွဲပြားခြားနားသွားခဲ့ပါသည်။ ယခုအခါ ၂၀၁၀ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေသစ်ဖြင့် ပြည်ထောင်စုအဆင့်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့အား ခန့်အပ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်လည်း ပြည်နယ်/တိုင်းဒေသကြီး စာရင်းစစ်ချုပ် (၁၄) ဦး ခန့်အပ်ထားပါသည် ၊၊
၅။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေများကို ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ ၁၀ ရက်နှင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့ပါသည် ။
Office of the Auditor General
[ Profile of Myanmar Supreme Audit Institution ]
Background
1. The origins of government auditing in Myanmar can be traced back to the pre-independence days of the British rule when we had an Auditor General appointed by the Burma Act of 1935. To help him exercise his statutory powers and his statutory duties a group of accounts and audit offices called the " Audit Circles " comprising the offices of the Accountant General (AG), Controller of Military Accounts (C M A), Controller of Post and Telecommunications Accounts (C P T A) and Examiner of Local Funds Accounts (E L F A) was established. When Myanmar gained independence, Parliament passed the Auditor General Act of 1948, which provided for the appointment of the Auditor General. The number of existing Audit Circles mentioned above, was increased in 1955 with the establishment of the office of the Director of Commercial Audit, which was charged with the responsibility to conduct the audit of the state-owned commercial enterprises. Moreover “ The Government Institute for Training in Accounts and Audit " was set up in April 1958 by the government with the objective of conducting courses for training the selected personnel from government departments, State owned Commercial Enterprises, and the junior staffs of the offices of Accounts and Audit mentioned above to improve their working knowledge and capacity so as to become proficient in their respective fields of work such as accounting, auditing, managing the administrative affairs of office etc. Since then, this Institute was placed under the control and supervision of the Auditor General. In 1962, the Revolutionary Council took over power, and during its reign, organizational structure of the Audit Department remained unchanged.
2. Then, in 1974, Pyithuhluttaw ( People’s Congress ) constituted under the newly adopted constitution of the Socialist Republic of the Union of Myanmar passed the Council of People’s Inspectors Law under section 55 of the said constitution. Under the provisions of the above-mentioned constitution and the Council of People’s Inspectors law the Council of People’s Inspectors was constituted with elected members of Pyithuhluttaw and regional Inspectorates were also formed with People’s representatives at State / Division and Township Levels. And the Auditor - General Act of 1948 was repealed by section 67 of the Council of People’s Inspectors law. As a result, with the exception of office of the Controller of Military Accounts, all the accounts and audit offices-namely, Offices of the Auditor General, AG, CPTA, ELFA, DCA, and the Government Institute for Training in Accounts and Audit - were merged into one office known as the Central Accounts Office in January 1974. Since then this Institute had become the Training and Research Section of the Central Accounts Office. The CMA was placed under the control of the Ministry of Defence in 1972-73 ending. At the same time, in accordance with the provisions of the new Constitution and the Council of People’s Inspectors, regional Accounts Offices were newly opened at State/Division and Township Levels to assist the respective People’s Inspectorates in their inspection tasks.
3. Again, on September 18, 1988, when the State Law and Order Restoration Council took over the reigns of government, it appointed the Auditor General and the Deputy Auditor General under its order No. 7/88 dated September 27, 1988, and on September 28, 1988 under its order No.5/88 the law of Council of People’s Inspectors was repealed by the Auditor General Law of 1988.
4. In March 30, 2011 the Peace & Development Council, formally known as the State Law and Order Restoration Council handed over the state power to the new government and Auditor General and Deputy Auditor General was appointed by new Auditor General Law in line with 2008 constitution.The Auditor General Law of 1988 was repealed by the new Auditor General of the Union Law of 2010. In accordance with our new Auditor General Law, we adopted decentralized system of government and our office structure is changed from centralized system to decentralized system. Now there are 14 Regional Auditor Generals for respective region and one Union Auditor General for Union level, known as Auditor General of the Union.
5. The Law Amending the Auditor General of the Union Law enacted on January 21 in 2013, October 10 in 2014 and January 22 in 2018.
၁။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့ ညနေ ၁၆း၀၀နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူး/ခရိုင်စာရင်းစစ် အရာရှိများ မွမ်းမံသင်တန်း (၁/၂၀၁၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် (ကိုယ်စား) ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၁၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်က အောက်ပါအချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည်-
- သင်တန်းကာလ(၅)ရက်အတွင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကထိကများ သင်ကြားပို့ချခဲ့ပါကြောင်း
- သင်တန်းမှ သိသင့်သိထိုက်သည်များ ရရှိသွားပြီဟု ယူဆကြောင်း
- စာရင်းစစ် စီမံခန့်ခွဲမှုအပိုင်းက စာရင်းစစ်ရုံးတစ်ရုံးလုံးကို တာဝန်ယူရကြောင်း၊ စာရင်း စစ်စီမံခန့်ခွဲရေးပိုင်းများနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ သိရှိပြီဟု မှတ်ယူကြောင်း
- စစ်ဆေးရေးဆောင်ရွက်နေစဉ်နှင့် အစီရင်ခံစာများ ညှိနှိုင်းဆောင်ရွက်နေစဉ်တွင် စာရင်းစစ်အရာရှိများ၏ တွေးခေါ်မှု ပြောဆိုဆက်ဆံမှု အရေးကြီးကြောင်း
- မှန်ကန်မျှတသည့် တွေ့ရှိချက်အပေါ် အခြေခံပြီး သက်ဆိုင်ရာဌာနများ၏ ဖြေရှင်းချက် ကို လက်ခံပေးရန်ဖြစ်ကြောင်း
- ဌာနများ၌ ငွေလုံးငွေရင်းအသုံးစရိတ်ပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေခွဲဝေချထားပေးမှုများကြောင်းနှင့် လုပ်ငန်းအများစုသည် ကန်ထရိုက်တာနှင့် လုပ်ကိုင်မှုများပြားကြောင်း
- စစ်ဆေးတွေ့ရှိချက်နှင့်ပတ်သက်ပြီး ဌာနတာဝန်ခံ၊ ကန်ထရိုက်တာနှင့် စာရင်းစစ်များ ထိတွေ့ဆက်ဆံဆွေးနွေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် စာရင်းစစ်ဌာန အကြီးအကဲနှင့် ကန်ထရိုက်တာ၊ စာရင်းစစ်ဌာနအကြီးအကဲနှင့် စစ်ဆေးရေးဌာန အကြီးအကဲ one by one နှစ်ယောက်ထဲ ထိတွေ့ဆက်ဆံမှု မရှိစေချင်ကြောင်း
- ကန်ထရိုက်တာနှင့် စစ်ဆေးရေးအဖွဲ့များ ထိတွေ့ဆက်ဆံရာတွင် ရုံးချိန်အတွင်း လုပ်ငန်းခွင်မှာ တွေ့ဆုံအလုပ်လုပ်ရန်ဖြစ်ကြောင်း
- လူဆိုသည်မှာ မှားတတ်ကြကြောင်း၊ ရိုးရိုးသားသားမှားလျှင် ဖြေရှင်းဖို့ လွယ်ကူပါ ကြောင်း၊ ပြဿနာမရှိပါကြောင်း
- မည်သည့်ကိစ္စတွက်မဆို မိမိစာရင်းစစ်အဖွဲ့အတွက် သက်သေအထောက်အထားရှိရန် လိုကြောင်း
- လုပ်ငန်းတာဝန်များ ဆတက်ထမ်းပိုးတိုးပြီး ဆောင်ရွက်နိုင်ကြပါစေကြောင်း နိဂုံးချုပ် စကားပြောကြားခဲ့ပါသည်။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို ညနေ ၁၆း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
1. The opening ceremony of in-house proficiency training course for Assistant Directors/ District Audit Officer (1/2014) was held at the Assembly Hall of the Office of the Auditor General of the Union at 10:00 a.m on the 27th October, 2014. U Myo Myint, Deputy Auditor General attended the ceremony on behalf of the Auditor General of the Union and delivered a speech.
2. At the ceremony, Director Generals, Deputy Director Generals, Directors, Deputy Directors, Lecturers and (175) students were also present.
3. In the speech, the Deputy Auditor General instructed as:
-" the training will last for 5 days and so, as a result, you will be given about knowledge worth for 5 days;
-It is needed to dicuss what you want to know with the lecturers friendly and frankly;
-It is important to evaluate the situation that you have passed through to reach this post; to appreciate your life and to make assessment of the risks and difficulties you have experienced rather than listening only;
-Keep good communication with other Ministries relating to task activities;
-It is necessary to treat your junior colleagues in a fair and proper manner with a sympathetic attitude;
-You need to retain communicating politely with others and form your assistants and the personnels near arround you to become nobel and honest persons;
-You also need to try hard to acquire a situation that the auditee may give honour and appraisals;
-Auditors must read various kinds of books so that they can have a comprehensive knowledge;
-Listen carefully to the information given within the five-day training, moreover ask and dicuss when you don’t very clear about the topic;
-As a conclusion, I give my best wishes to be healthy, happy and united along the studies”.
4. The ceremony is successfully concluded at 10:30 a.m.
1. The opening ceremony of in-house proficiency training course for Senior Auditors No. 30 was held at the Assembly Hall of the Office of the Auditor General of the Union at 10:00 a.m on the 30th October, 2014. U Myo Myint, Deputy Auditor General attended the ceremony and delivered a speech.
2. At the ceremony, Director Generals, Deputy Director Generals, Directors, Deputy Directors, Lecturers and (91) students were also present.
3. In the speech, the Deputy Auditor General said:
- “Senior Auditors are those who play the leading role and perform the crucial activities in auditing so it’s necessary to utilize the 9-week long course effectively;
- Senior Auditors need to be able to guide their Auditors in respect of auditing because you all perform as the leader of the audit team and the post is of important;
- This post is being challenged with the aim of improving your personnel life but it’s not difficult to get a higher position if you would be skillful and hard working at current post:
- When the audit objections are issued, it is required to comply with laws, rules and regulations concerned and to confirm the facts and figures;
- In my conclusion, I wish you to be happy, healthy and united in your studies.”
4. The ceremony is successfully concluded at 10:30 a.m.
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်များ၏ စာရင်းစစ်ဆေးရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ(၂/၂၀၁၄)ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၁၅ ရက်က ကျင်းပသည်။
စာရင်းစစ်ဆေးရေး လုပ်ငန်းညှိနှိုင်းဆွးနွေးပွဲ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁(က) နှင့် (ခ) တို့အရ မိမိတို့သည် နိုင်ငံတော်၏ အရအသုံးစာရင်းများကို စစ်ဆေးပြီး၊စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များ၊ အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တစ်နှစ်လျှင် နှစ်ကြိမ်၊ နိုင်ငံတော်၏ အရအသုံးနှစ်ချုပ်စာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက်များကို တစ်နှစ်လျှင်တစ်ကြိမ် ဥပဒေအရ တင်ပြလျက်ရှိကြောင်း၊
ပြည်ထောင်စုအစိုးရက ပြည်သူဗဟိုပြု ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒချမှတ်ဆောင်ရွက်ပေးနေရာတွင် အလုပ်အကိုင်ပေါများအောင်ဆောင်ရွက်နိုင်မှုအခြေအနေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသရေရရှိရေး အစရှိသည့် ကဏ္ဍများတွင် ခွင့်ပြုရန်ပုံငွေကို မှန်ကန်စွာ သုံးစွဲပြီး ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးဖော်ပြနိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဤဆွေးနွေးပွဲတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ အပေါ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လအတွက် စစ်ဆေးတွေ့ရှိချက်များနှင့် ယခင် ပထမခြောက်လအတွက် စစ်ဆေးတွေ့ရှိချက်များမှဆက်လက်တင်ပြရန်ရှိသည်များကို ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံ့ဘဏ္ဍာငွေများကို အပြည့်အဝရရှိအောင်၊ မလေလွင့်အောင်၊ မဆုံးရှုံးအောင်၊ ထိရောက်စွာအသုံးပြုနိုင်အောင် ရည်ရွယ်ချက်များဖြင့်ခြောက်လတာကာလအတွင်း မည်သို့ ဆောင်ရွက်နိုင်ခဲ့သည်ကို ဆွေးနွေးသွားကြရန် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှလည်းစစ်ဆေးတွေ့ရှိထားသည် များကို ဆွေးနွေးပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်ကာလအတွက် စာရင်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
1. The signing ceremony of MOU between Office of the Auditor General of the Union and German International Cooperation (GIZ) was held at 9:30 a.m on October 14, 2014 at the Meeting Room of OAG. The MOU was signed by Daw Khin San Oo, Director General, Administration, Training and Research Department and Mr.Thomas Foerch, Head of Project, Financial Sector Development in Myanmar from GIZ.2. The MOU was signed by Office of the Auditor General of the Union and GIZ in order to get further co-operation between them in compliance of International Financial Reporting Standards (IFRS) and International Standards on Auditing (ISA) in the Financial and Banking Sector of Myanmar.3. In the signing ceremony, the Auditor General of the Union gave an opening speech. He said, this is a great chance to sign MOU and many thanks to GIZ for signing this MOU with the aim to support the capacity building of OAG as well as to apply International Accounting Standards/Auditing Standards on Financing and Bank Sector of Myanmar. Supporting the compliance of International Standards of Auditing/Accounting can not only help a lot to the current operations but also improve the capacity of OAG which is standing as the vital role of Government’s transactions and wish GIZ will support the technical help in future too.4. The Auditor General of the Union, Deputy Auditor General, Director Generals, Deputy Director Generals and also Directors from OAG attended at the Signing Ceremony.5. In order to promote the Capacity Building of Office of the Auditor General of the Union, GIZ is providing the International Accounting standards/ Auditing Standards workshops which are delivered by International Expert, English Language Training Course which is lectured by Native Speaker, Study tour to Malaysia for practical studying of operation of the Banking Sector and roles of the Accountants and Auditors from Malaysia, drafting the Action Plan with the help of International Expert and National Expert to apply consistently the Accounting Standards and Auditing Standards in the Banks of Myanmar.
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်/ IRD ရာထူးများအတွက် လျှောက်လွှာအား Download ရယူနိုင်ပါသည်။
Download Form
