News and Activities
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ( ၂၅ )ရက်နေ့
Office of the Auditor General of the Union held the fourteenth Waso robe-offering ceremony in accordance with the instruction of the National Level Central Committee for Prevention, Control and Treatment of COVID-19 at the Assembly Hall of this Office, Nay Pyi Taw at 10:00 AM on August 12, 2020.
အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်ရှိ စုပေါင်းခန်းမ၌ ၂၂-၇-၂၀၂၀ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အမျိုးသားစာကြည့်တိုက်မှ ညွှန်ကြားရေးမှူးနှင့် နည်းပြများ၊ သင်တန်းသူ/သင်တန်းသား များ တက်ရောက်ခဲ့ပါသည်။
Insolvency Practitioners’ Regulatory Council, which was formed on March 26, 2020 under Office of the Union Government notification 25/2020, held its meeting 1/2020 at the training school of the Office of the Auditor General of the Union in Yangon at 10:00 am on 27.6.2020.
International Public Sector Accounting Standards (IPSAS) Implementation Preparatory Committee – IIPC (1/2020) Meeting was held at the Meeting Room, the Office of the Auditor General of the Union, Nay Pyi Taw, at 10:00 AM on 23rd June, 2020.
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို Coronavirus Disease 2019 (COVID-19) ရောဂါဖြစ်ပွားနေသည့် ကာလ ဖြစ်ပါသဖြင့် Online အခမ်းအနားပုံစံဖြင့် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ Zoom Application ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦး နှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင် တို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအား နံနက် (၁၀:၀၀) နာရီ တွင် စတင်ပြီး အစီအစဉ် (၆) ခုဖြင့် ကျင်းပခဲ့ ရာ နံနက် (၁၁:၄၅) နာရီတွင် ပြီးစီးခဲ့ပါသည်။





