







































၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် စာရင်းစစ်(၃) (လစာနှုန်းကျပ် ၁၉၈၀၀၀ -၂၀၀၀ -၂၀၈၀၀၀ ) နှင့် အငယ်တန်းလက်နှိပ်စက်ရိုက် (လစာနှုန်းကျပ် ၁၈၀၀၀၀ -၂၀၀၀-၁၉၀၀၀၀ ) ရာထူးနေရာများ အတွက် ၂၁-၈-၂၀၁၉ ရက် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့၌ ကြော်ငြာထည့်သွင်း လျှောက်လွှာခေါ်ယူခဲ့ရာ လူတွေ့စစ်ဆေးခြင်းကို ၁၉ - ၉ -၂၀၁၉ ရက်နေ့ နှင့် ၂၀ - ၉ -၂၀၁၉ ရက်နေ့များတွင် ကျင်းပမည်ဖြစ်သဖြင့် ဖြေဆိုခွင့်ရှိသူ များကို အသိပေးအကြောင်းကြားပါသည်-
(က) ကျင်းပမည့်နေရာ - ရုံးအမှတ် (၁၂)၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်
(ခ) သတင်းပို့ရမည့်နေ့ရက် - ၁၈-၉-၂၀၁၉ /၁၉-၉-၂၀၁၉
(ဂ) ကျင်းပမည့်နေ့ရက်/အချိန် - ၁၉-၉-၂၀၁၉/၂၀-၉-၂၀၁၉၊ ၉ : ၀၀နာရီ
၂။ လူတွေ့စာမေးပွဲ လာရောက်ဖြေဆိုမည့်သူများသည် သတင်းပို့ရန်သတ်မှတ်ထားသည့်နေ့ရက် ရုံးချိန် (၉:၀၀ နာရီမှ ၄:၀၀ နာရီ ) အတွင်း စီမံရေးရာ၊ (ဝန်ထမ်းရေးရာ-၁)သို့ သတင်းပို့ရမည်ဖြစ်ပါသည်။
၃။ လူတွေ့စာမေးပွဲလာရောက်ဖြေဆိုမည့်သူများသည် အောက်ပါတို့ကို မိမိနှင့်တပါတည်း ယူဆောင်လာရန် ဖြစ်ပါသည်-
(က) ဘွဲ့လက်မှတ်မူရင်း/ပညာအရည်အချင်းသတ်မှတ်ချက်အတွက်အထောက်အထားမူရင်း
(ခ) အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်အောင်လက်မှတ် (သို့မဟုတ်) အခြေခံပညာအထက်တန်းအောင်လက်မှတ်မူရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း
(ဃ) အခြားကျွမ်းကျင်မှုဆိုင်ရာသင်တန်းဆင်းလက်မှတ်မူရင်း
၄။ ဤကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၄၀၇၂၈၈ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
