News and Activities
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၂-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း (Advanced Accounting and Auditing Training School) ဖွင့်ပွဲအခမ်းအနားကို ၈-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဉီးစိုင်းလုံးဆိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant–CPA) (ပထမပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၆ သင်တန်းဆင်းပွဲအခမ်းအနားကို ၂-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ၃၀-၁၁-၂၀၂၂ ရက်နေ့နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်-၂၃၄ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁-၁၂-၂၀၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ၂၉-၁၁-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စာရင်းစစ်ရုံး၌ အရှေ့ပိုင်း ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်စာရင်းစစ်ရုံးများမှဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် ၂၈-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံစာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။







